About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

မဖြစ်မနေ ရှိထားသင့်တဲ့ အမိုက်စား Android Keyboard App (၇) ခု ᠌᠌᠌ ᠌᠌᠌

မဖြစ်မနေ ရှိထားသင့်တဲ့ အမိုက်စား Android Keyboard App (၇) ခု ᠌᠌᠌ ᠌᠌᠌
စမတ်ဖုန်းကဲ့သို့ touch အဓိကသုံး စက်ပစ္စည်းတွေနဲ့ ပတ်သက်ရင် ကီးဘုတ်က အခြေခံအချက်အလက်ဖြည့်သွင်းစနစ်ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ စကားလုံးရိုက်နှိပ်မှု အဆင်ပြေ အရာရောက်ဖို့အတွက် ကောင်းမွန်တဲ့ ကီးဘုတ် app တစ်ခုတော့  မရှိမဖြစ် လိုအပ်ပါတယ်။ Android မှ ထွက်ရှိသမျှထဲမှာ Google Play Store ထဲ ရနိုင်တဲ့ ကီးဘုတ် app ကောင်းကောင်းလေးတွေ များစွာရှိပါတယ်။ စကားလုံး စာရိုက်နှိပ်မှုအဆင်ပြေချောမွေ့စေပြီး အလိုအလျောက်ပြင်ဆင်ခြင်းနဲ့ လက်ဟန်ဖြင့် စကားလုံးရိုက်ထည့်မှုစနစ် gesture typing တို့လို feature တွေ ပါဝင်ပါတယ်။ Android စမတ်ဖုန်းပေါ် စာရိုက်မှု ကျေနပ်အားရစေမယ့် အကောင်းဆုံး android keyboard app (၇) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ #GoogleKeyboard
အကောင်းဆုံး android keyboard app တွေအကြောင်း ပြောတဲ့အခါ Google Keyboard ကို ချန်ထားလို့ မရနိုင်ပါ။ အခမဲ့ဖြစ်တဲ့ ဒီ app ဟာ စကားလုံး ရိုက်ထည့်ရတာ အဆင်ပြေစေပြီး ကြိုမှန်းနိုင်တဲ့ အသံသတ်ပုံခေါ်စနစ် ပါဝင်ပါတယ်။ သူ့မှာ အလိုအလျောက် အမှားပြင်ဆင်ပေးတဲ့ စနစ်ပါရှိတာကြောင့် အမှားကင်းစေနိုင်ပါတယ်။ လက်ဟန်ဖြင့် စာလုံးရိုက်ထည့်တဲ့ စနစ်ကြောင့် စာလုံးတွေ လျင်မြန်စွာ ရိုက်နိုင်ပါတယ်။
Download Google Keyboard APK
https://apkpure.com/p/com.google.android.inputmethod.latin

၂။  #Sywpe
Sywpe ဟာ လုပ်ဆောင်ချက်များစွာ ပါဝင်တဲ့ keyboard app လေးတစ်ခု ဖြစ်ပါတယ်။ စာလုံးတွေ နားရှင်းအောင် ပြောစေနိုင်ပြီး အက္ခရာတွေပေါ် စာလုံးပုံဖော်စနစ်ဖြင့် စာကြောင်းတွေ တည်ဆောက်စေနိုင်ပါတယ်။ တစ်ချိန်တည်းမှာ ဘာသာစကားနှစ်မျိုး ရိုက်ထည့်နိုင်တယ်။ အမြင်အာရုံချို့ယွင်းသူများအတွက် အကူအညီရစေရန် features တွေ ထည့်သွင်းပေးထားပါတယ်။ စကားလုံးမှန်းဆမှုပိုမိုကောင်းမွန်တဲ့ ကိုယ်ပိုင်အဘိဓာန်တစ်ခု ပါရှိပါတယ်။
Download Swype Keyboard Trial APK
https://apkpure.com/p/com.nuance.swype.trial

၃။ #Swiftkey
"Fluency engine" လို့သိရတဲ့ သူ့ရဲ့ စကားလုံးအတိအကျမှန်းဆနိုင်မှုက လူကြိုက်များတဲ့ အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ Theme မျိုးစုံရနိုင်အောင်လည်း လုပ်ပေးထားပါသေးတယ်။
Download SwiftKey Keyboard APK
https://apkpure.com/p/com.touchtype.swiftkey

၎။ #Flesky
Fleksy က ဒီဇိုင်းကိုတတ်နိုင်သလောက် အရိုးရှင်းဆုံးဖြစ်အောင် ဖန်တီးထားတဲ့ keyboard app လေးဖြစ်ပါတယ်။ သူ့မှာ လက်ဆောင်ပစ္စည်းတွေ ပေးပို့နိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်ပြီး အမှတ်သင်္ကေတနဲ့ ဆုချီးမြင့်မှုစနစ်လို features လေးတွေလည်း ပါဝင်ပါတယ်။
Download Fleksy + GIF Keyboard
https://apkpure.com/p/com.syntellia.fleksy.keyboard

၅။ #GoKeyboard
စိတ်ဝင်စားဖွယ် လုပ်ဆောက်ချက်တွေ အပြည့်ပါတဲ့ keyboard app တစ်ခုလို့ ဆိုရပါမယ်။ Theme လို feature လေးတွေ ရနိုင်တဲ့ပြင် emoji လေးတွေလည်း ထည့်သွင်းပေးထားပါတယ်။ ဒီ့ပြင် လက်ဟန်အမူအရာသုံးစကားလုံးရိုက်နှိပ်မှု စနစ်နဲ့ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ font လေးတွေ ပါဝင်ပါတယ်။
Download GO Keyboard - Emoji, Sticker
https://apkpure.com/p/com.jb.emoji.gokeyboard

၆။ #Multiling_O_Keyboard
နာမည်နဲ့လိုက်အောင် Multiling O Keyboard app မှာ ဘာသာစကားမျိုးစုံရအောင်  စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဘာသာစကားပေါင်း ၂၀၀ ခန့်ရရှိတဲ့ ဒီ app ဟာ gesture typing လုပ်ဆောင်ချက် ပါရှိပါတယ်။ တခြား feature တွေထဲမှာ အရွယ်အစားပြောင်းလဲနိုင်ခြင်းနဲ့ keyboard, themes, emojis နဲ့ တခြားဆောင်ရွက်စရာတွေ နေရာပြောင်းလဲထားနိုင်ခြင်းတို့ ပါဝင်ပါတယ်။
Download Multiling O Keyboard + emoji
https://apkpure.com/p/kl.ime.oh

၇။ #SmartKeyboard
Smart Keyboard က ဘာသာစားမျိုးစုံရရှိနိုင်ခြင်း၊ အသံထည့်သွင်းခြင်း၊ အဘိဓာန်နဲ့ စကားလုံးကြိုမှန်းပေးခြင်းစတဲ့ feature တွေ ရရှိနိုင်ပါတယ်။
Download Smart Keyboard
https://apkpure.com/p/com.jb.gokeyboard.theme.gotmesmartkeyboard

Ref: TOI
#Credit_TrendMyanmar

Share
Banner

ကိုမိုး

Post A Comment:

0 comments: