About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

သစ်​ပင်​ စိုက်​ပျိုးနည်း

ဒီနေ့တင်ပေးမှာကတော့
အဖိုးတန် သစ်သီးပင်မျိုးစုံကို အမြောက်အမြား ကိုင်းဖြတ်မျိုးပွားနည်းပါ

လိုအပ်တာကတော့
ကျန်းမာသန်စွမ်းတဲ့ မျိုးရင်းပင်
မြစ်ပွားဆေး လက်လုပ်
အလှဆင်ပန်းထိုးရာတွင်သုံးတဲ့ရေမြုတ်တုံး
လေလုံအလင်းပေါက် ပျိုးကန်

၁ ကျန်မာသန်စွမ်းတဲ့ မူရင်းပင်မှ အညွန့်ရင့်များကို သုံးလက်မခန့်ဖြတ်ပါ
   အညွန့်နှင့် အရွက်များကို ပုံပါအတိုင်းဖြတ်ထားပါ
   အကိုင်းကိုလည်းတိတိပပဖြတ်ထားရန်လိုပါတယ်

၂  ဖြတ်ထားတဲ့အညွန်ကိုင်းများကို ရေသန့်ဖြင့်စိမ်ပြီးဆေးပေးပါ
    
၃  မြစ်ပွားဆေး ကို ကိုယ်တိုင်လုပ်ပါမယ်  မျှင်ငပိ အကောင်းစားတစ်ဇွန်း
    အားဖြည့်အချိုအရည် တစ်လုံး
    M150 တံဆိပ်ပိုကောင်းသည်  ဆေးတစ်စုံကိုရေ ၅ လီတာနှုန်းရောပြီး
    ဖြတ်ညွန့် များ ရေမြုတ်တုံးလေးများကို နာရီဝက်ခန့်စိမ်ပါ

၎  ၁ လက်မခွဲ ပတ်လည်ဖြတ်ထားသော ရေမြုတ်တုံးအမာများတွင်
     ဖြတ်ညွန့်များကို ထိုးစိုက်ပါ   ပြီးလျင် ပျိုးကန်အတွင်းစီထည့်ပြီး
    ရေမွှာဖြန်းပြီး လေလုံအလင်းရသော ပစ္စည်းများဖြင့်ဖုံးအုပ်ပါ
    ပျိုးကန်ကို အေးမြ ပြီအလင်းရောင်ရသောနေရာတွင်ထားပါ
    ပျိုးကန်ကို ကွန်ကရစ်ကန် သို့ ပလပ်စတစ်ကန်များကိုသုံးနိုင်သည်

၅  အပင် များကိုရေထပ်လောင်းရန်မလိုပါ ၄၅ ရက်မှ ၆၀ အတွင်းအမြစ်ကျပါသည်
    အမြစ်ကျလျှင် အလိုရှိရာ ပျိုးအိတ် အိုးများအတွင်းပြောင်းနိုင်ပါသည်
  အခုနည်းမှာ အပင်ပုအောင်လုပ်သောနည်းလည်းဖြစ်ပါသည်

ဒူးရင်းမင်းဂွတ် မရမ်း စသည့်အပင်ကြီးမျိုးများပုပုနှင့်မြန်မြန်သီးအောင်
လုပ်သည့်နည်းလည်းဖြစ်ပါသည်
အသီးသီးပြီးသားအပင်မှမျိုးကိုင်းယူရန် လိုပါတယ်
ထိုင်း ဘာသာမှပြန်ဆို စမ်းသပ်ထားသော နည်းများဖြစ်ပါတယ်
လွတ်လပ်စွာ ရှယ်နိုင်ပါတယ်
Share
Thant Thant

Share
Banner

ကိုမိုး

Post A Comment:

0 comments: