About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ဒီ၇ယောက်ကိုအားမနာတမ်း အလုပ်ကဖြုတ်ပစ်လိုက်ပါ

ဒီ၇ယောက်ကိုအားမနာတမ်း အလုပ်ကဖြုတ်ပစ်လိုက်ပါ
****************************************

သိပ်မကြာခင်ကလေးကပဲ ငOS software chief Scott Forstall နဲ့ Windows president Steven Sinofsky တို့အလုပ်ကနုတ်ထွက်သွားခဲ့ကြရပါတယ်။ နှစ်ယောက်စလုံးဟာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သက်ဆိုင်ရာ အလုပ်တွေကနေ ထွက်သွားကြရတာဖြစ်ပါတယ်။ ထွက်သွားကြရတဲ့အကြောင်းရင်းကလည်း ခပ်ဆင်ဆင်ပါပဲ။ နှစ်ယောက်စလုံးဟာ အင်မတန်တော်တဲ့ပါရမီရှင်တွေဖြစ်ကြပြီး ထိန်းကွပ်ရတာလည်း ခက်ပါတယ်။ သူတို့ဟာ အမြဲတမ်းလိုလိုခက်ထန်နေတတ်ပြီး သူတို့လုပ်ပေးနိုင်တာထက်ပိုပြီး ပြဿနာ ရှာတတ်ကြသူတွေ လည်းဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ သူတို့ဘက်ကအမြင်ကတော့ တစ်မျိုးဖြစ်မှာပေါ့။ အရာအားလုံးက ထဲထဲဝင်ဝင်သိဖို့မဖြစ်နိုင်ပေမဲ့ သေချာတာတစ်ခုတော့ရှိပါတယ်။ သူတို့ကို အနားပေးလိုက်ဖို့ဆိုတာ သူတို့ရဲ့ CEO တွေအတွက်တော့ အင်မတန်ကိုမှခက်ခက်ခဲခဲချလိုက်ရတဲ့ဆုံးဖြတ်ချက်ဖြစ်မှာပါ။ အဲဒီလိုမျိုးလူတွေဟာ လုပ်ငန်းခွင်မှာ ဆက်လက်ရှင်သန်အောင်မြင်ဖို့ မလွယ်တဲ့လူတွေဖြစ်လာပါတယ်။ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါဟာလုပ်ကိုလုပ်ရမယ့် အလုပ်တစ်ခုပဲ။သူတို့ထွက်ကို ထွက်သွားကြရပါပြီ။ကုမ္ပဏီတစ်ခုကို အောင်မြင်ဖို့ အားလုံးသောသူတွေဝိုင်းပြီးကြိုးစားကြရတာမှန်ပေမဲ့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလို တစ်ဦးတစ်ယောက်တည်း ကြောင့်လည်း အဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည် ကျဆင်းပျက်စီးသွားစေနိုင်တာက တော့အမှန်ပဲပေါ့။ ကုမ္ပဏီတွေအနေနဲ့အဲဒီလိုလူမျိုးတွေကို ကုမ္ပဏီမှာဆက်ပြီးထိန်းထားဖို့က မဖြစ်နိုင်ပါဘူး။ ကြာကြာထားလေလေ၊ များများပျက်စီးလေလေဖြစ်မှာမို့လို့ပါ။ ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ထဲမှာလည်းအဲဒီလိုမျိုး အခုဒါမှမဟုတ်တောင်အချိန်ကာလတစ်ခုကြာတဲ့အခါမှာ အလုပ်ထဲကထုတ်ပစ်ရမယ့်လူတွေရှိပါတယ်။ အဲဒီလူတွေကဘယ်သူတွေလဲကြည့်ကြရအောင်။

(၁) ပြဿနာငနဲတွေပါ

လုပ်ငန်းခွင်ထဲမှာ အဆင်မပြေမှုတွေရှိနေခဲ့တယ် ဆိုရင်တောင် ဘယ်လိုများ ကျွန်တော်တို့အလုပ်တွေ ပြီးအောင်ဆောင်ရွက်နေကြလည်း အံ့သြစရာကောင်းပါတယ်။ အခုထက်ထိတော့ ကျွန်တော်တို့အကောင်းဆုံး စွမ်းဆောင်ခဲ့ကြတယ်မဟုတ်လား။ တကယ်လို့သာ ၀န်ထမ်းတွေဟာ ကုမ္ပဏီအတွက် သူတို့လုပ်ပေးနိုင်တာ ထက်ပိုပြီး ပြဿနာတွေရှာလာတဲ့အခါ၊ သူတို့ဖန်တီးပေးခဲ့တာထက် ပိုပြီးဖျက်ဆီးကြတဲ့အခါ သူတို့ကိုထုတ်ပစ်လိုက်တာအကောင်းဆုံးပါ။

(၂) လုပ်နိုင်တာထက် ပိုပြောသူတွေ

တချို့လူတွေက သူတို့ကိုယ်ကို သူတို့ရှိတဲ့အရည်အချင်းထက်ပိုပြီးအထင်ကြီးနေတတ်ပြီး သူတို့သာလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ် ထင်တဲ့လူတွေရှိပါတယ်။ တကယ်တာဝန်ပေးတဲ့အခါကျတော့ သူတို့လေကြီးခဲ့သလောက် မဟုတ်ကြပါဘူး။ဒါတကယ့် ပြဿနာတစ်ခုပါ။

(၃) ဖောက်သည်တွေကို ဂရုမစိုက်တဲ့သူတွေ

ခင်ဗျားဘာသာခင်ဗျား ကိုယ်ပိုင် လုပ်ငန်းပဲလုပ်လုပ်၊ fortune 500 ထဲကကုမ္ပဏီမှာပဲ လုပ်လုပ်အရေးမကြီးပါဘူး။ အရေးကြီးတာက ဖောက်သည်ဆိုတာရဖို့ခက်ခဲပြီး တခဏအတွင်းပြန်လည် ဆုံးရှုံးသွားနိုင်တယ်ဆိုတာကို အမြဲတမ်း ခေါင်းထဲထည့်ထားရမှာပါ။ ဖောက်သည်တွေနဲ့အမြဲထိတွေ့နေရပြီး စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ ဖောက်သည်တွေရဖို့နဲ့ ထိန်းထားနိုင်ဖို့ဆိုတာကို နားမလည်ကြတဲ့ လူတွေကိုမထားသင့်ပါဘူး။လူကြောင့်မဟုတ်ဘဲသူတို့ရဲ့ Attitudeကြောင့် ပြောရတာဖြစ်ပါတယ်။

(၄) အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်နိုင်တဲ့ သူတွေ

တကယ်တော့ ကျွန်တော်တို့ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတာ အလုပ်လုပ်ဖို့မဟုတ်ပါလား။ ကျွန်တော်တို့ရဲ့တာဝန်ကသူတို့ကို တိကျပြတ်သားတဲ့ တာဝန်တွေပေးမယ်။ နောက်ပြီးလိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေပြုလုပ်ပေးပြီး လိုအပ်တဲ့Resources တွေပံ့ပိုးပေးဖို့ပဲမဟုတ်လား။ သူတို့အလုပ်က အလုပ်ကို ပြီးမြောက်အောင်လုပ်ဖို့ပဲပေါ့။ သူတို့ကို အခွင့်အရေးတွေအများကြီးပေးပြီး အလုပ်ကိုအလုပ်နဲ့ တူအောင်လုပ်မပြနိုင်ဘူးဆိုရင်တော့ -------------------။

(၅) ငပျင်းများ

တချို့လူတွေက ပါးစပ်ကသာပြောနေတယ်။ တကယ်အလုပ်လုပ်မယ်လည်းဆိုရော ဘယ်ရောက်နေလဲ မသိတဲ့သူတွေအများကြီးရှိပါတယ်။ တစ်ခါတလေရုံးတောင်မှန်မှန်မတက်ကြဘူး။ ဘာပဲဖြစ် ဖြစ်ပါ။ သူတို့လိုလူမျိုးတွေကို ဘယ်လိုမှယုံကြည်စိတ်ချထားလို့မရတာတော့ အသေအချာပေါ့။ ဒီလိုလူတွေနဲ့တွဲပြီး အလုပ်လုပ်ဖို့အချိန်မလုံလောက်ပါဘူး။

(၆) ရသင့် ရထိုက်တာထက် ပိုပြီး အခွင့်အရေးယူသူတွေ

တချို့ဝန်ထမ်းတွေက ဆတ်ဆတ်ထိမခံနေတတ်ကြပြီး သူတို့တကယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပိုရနေတတ်ကြပါတယ်။ သူတို့ဟာ စိတ်တစ်ဝက်ဟာ အလုပ်ထဲမှာရှိနေပြီး ကျန်တဲ့တစ်ဝက်ကကျတော့ တခြားလူကို ပြဿနာရှာဖို့ ချောင်းနေတတ်ကြပါတယ်။ သူတို့ကိုလည်း --------။ ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

(၇) စည်းကမ်းမရှိသူများ

ကုမ္ပဏီမှာသတ်မှတ်ထားတဲ့ စည်းမျဉ်း/စည်းကမ်း၊ လုပ်ထုံး လုပ်နည်းဆိုတာတွေဟာ ခိုင်ခိုင်မာမာ ရှိနေဖို့လိုအပ်ပါတယ်။ နောက်ပြီးမျှတမှုရှိဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့သာ ၀န်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ကြီးကြပ်သူရဲ့တရားသဖြင့် ပေးအပ်တဲ့တာဝန်ကို မနာခံဘူး ဒါမှမဟုတ် သူ့ရဲ့ကိုယ်ရေးရာဇဝင်မှာ မဟုတ်မမှန်တဲ့အချက်အလက်တွေကို တမင်တကာရည်ရွယ်ချက်နဲ့ ဖော်ပြထားမယ်၊ မရရှိထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ဖော်ပြထားမယ်ဆိုရင် ဒါဟာချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း လုပ်ထုံး လုပ်နည်းတွေကို ချိုးဖောက်တာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ လုပ်စရာက တစ်လမ်းပဲရှိပါတယ်။ ၀န်ထမ်းတော်တော်များများကတော့ သူတို့ရဲ့ အလုပ်တွေ ဘယ်လောက်များကြောင်း၊ ဘယ်လောက် ပင်ပန်းကြောင်း အမြဲတမ်းညည်းတွားနေတတ်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ တကယ်တော့ ဘယ်သူမှကိုယ်လုပ်နိုင်တာထက် ပိုပြီးမလုပ်နိုင်ကြပါဘူး။ ကိုယ့်အစွမ်းအစရှိသလောက် တောင်အပြည့်အဝ မလုပ်တဲ့သူတွေက ပိုများပါတယ်။ ဒါကြောင့်မို့ ပြောခဲ့တဲ့လူမျိုးတွေကို ကိုယ့်ရဲ့ကုမ္ပဏီထဲမှာ သေချာရှာဖွေပြီး လုပ်သင့် လုပ်ထိုက်တဲ့အတိုင်းအရေးယူဆောင်ရွက်မှုတွေပြုလုပ်ခဲ့မယ်ဆိုရင်တော့ ညဘက် အိပ်လို့ပျော်နိုင်ပြီပေါ့

Credit to မင်းခေါင် EMPA 8
7HR Journal

Share
Banner

ကိုမိုး

Post A Comment:

0 comments: