About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

China ROMs နှင့် Global ROMs ရဲ့ကွာခြားပုံ


Xiaomi ဖုန်းအသုံးပြုတဲ့သူတွေဟာ မကြာခဏဆိုသလိုပဲ သူတို့ရဲ့ Devices မှာထည့်ထားတဲ့ MIUI China Build version နဲ့ Devices Hardware နဲ့ Software တွေဟာ ကိုက်ညီမှုရှိရဲ့လား၊ လုံခြုံမှုရှိရဲ့လားဆိုတာကို စိတ်ရှုတ်ထွေးနေကြတာတွေရှိကြပါတယ်။
တကယ်တော့ ဒါဟာ စိုးရိမ်စရာကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ China Build MIUI တွေဟာ Global Build MIUI တွေလိုပဲ သင့်ရဲ့ Devices ကို ကောင်းမွန်တင့်တယ်စေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ China MIUI နဲ့ Global MIUI တို့ရဲ့ ကွဲပြားပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
*******************************************
#China Build MIUI ဆိုတာ ???
China Build MIUI တွေမှာဆိုရင် Google Apps တွေ Google Services (GApps) တွေ မပါရှိပါဘူး။ Language အနေနဲ့ Chinese Language နှစ်ခုနဲ့ English Language ဆိုပြီး (၃) ခုပါဝင်ပါတယ်။ ဒါ့အပြင် China Build MIUI တွေမှာ Chinese Apps တွေနဲ့ Chinese Services တွေ ပါဝင်တဲ့အတွက် Storage Space ကို သက်သက်နေရာပိုစေတာတွေ့ရပါတယ်။ များသောအားဖြင့် Chinese Apps တွေက Chinese လူမျိုးတွေအတွက်တော့ အလွန်အသုံးတည့်တဲ့ Apps တွေဖြစ်ပြီး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သုံးဖို့အဆင်မပြေတဲ့ Apps တွေများပါတယ်။ China Build MIUI ROMs တွေမှာ Google Apps မပါဘူးဆိုပေမယ့် Google Service Frameworks, Google Account Manager, Google Play Services နဲ့ အခြားသော မိမိအတွက်လိုအပ်သည့် Google Apps တွေကို ထည့်သွင်းအသုံးပြုလို့ရပါတယ်။
*******************************************
#Globle Build MIUI ဆိုတာ ???
Global Build MIUI တွေကတော့ MIUI Users အများစု ကြိုက်နှစ်သက်တဲ့ ROMs ပဲဖြစ်ပါတယ်။ ဘာလို့ဆိုတော့ သူက Chinese Apps တွေမပါရှိပဲ Google Apps တွေ တစ်ခါတည်းပါပြီးသားဖြစ်ပါတယ်။ တစ်ခုရှိတာက Global Build ROMs တွေဟာ China Build ROMs တွေ Update ထွက်ပြီးမှသာ Global Build ROMs တွေထုတ်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် Global Build ROMs တွေဟာ ပုံမှန်အားဖြင့် English Language နဲ့လာတဲ့အပြင် အခြားသော Languages တွေလည်း Multilanguages အနေနဲ့ ပါဝင်ပြီးသားဖြစ်ပါတယ်။ Global Build ROMs တွေဟာ Xiaomi MIUI ရဲ့ Online Music တို့ Xunlei Download Accelerator ကဲ့သို့လိုမျိုး အချို့ Features တွေမပါဝင်ပါဘူး။ ဒီအတွက်လည်း Storage ကို အနည်းနဲ့အများ သက်သာစေတာတွေ့ရပါတယ်။ အရင်ကတော့ Global Build ROMs တွေဟာ Stable ROMs တစ်မျိုးတည်းအတွက်သာ ထုတ်လုပ်ပေးတာဖြစ်ပြီး Redmi 1S ကနေစပြီးတော့ Global Build Developer ROMs တွေကို ထုတ်လုပ်ပေးထားပြီဖြစ်ပါတယ်။
#Stable ROMs ဆိုတာ ???
Stable ROMs တွေကို MIUI Official Developers များက ပြုလုပ်ထားပါတယ်။ ပုံမှန်အားဖြင့် တစ်လတစ်ကြိမ် (သို့မဟုတ်) နှစ်လတစ်ကြိမ် (သို့မဟုတ်) အချိန်အတော်ကြာမှတစ်ကြိမ် (Bugs မရှိပါက) Update version ထုတ်လုပ်ပေးပါတယ်။
ဒါ့အပြင် Stable ROMs အများစုဟာ Bugs (Errors) အနည်းဆုံးသော ROMs တွေဖြစ်ကြပါတယ်။ အသုံးပြုသူ သင့်အနေနဲ့ Errors (Bugs) ကင်းတဲ့ Stable ဖြစ်တဲ့ ROMs ကိုသဘောကျသည်ဖြစ်စေ၊ New Features တွေကို ထွက်ထွက်ချင်း အသုံးမပြု (မစမ်းချင်သူ) လိုသည်ဖြစ်စေ Stable ROMs ကို အသုံးပြုနိုင်ပါတယ်။
Stable ROMs တွေရဲ့ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - MIUI 7 stable version is V7.X.X.0 XXXXXXX ဆိုကြပါစို့။ v7 ကတော့ MIUI ရဲ့ Main version ကိုဆိုလိုပါတယ်။ ဒုတိယမြောက် X.X ကတော့ MIUI version number ကိုဆိုလိုပါတယ်။ နောက်ဆုံးက XXXXXXX တွေကတော့ ROMs ရဲ့ Country code နဲ့ Android Version ကို ဆိုလိုခြင်းဖြစ်ပါတယ်။
*******************************************
#Developer ROMs ဆိုတာ ???
Developer ROMs တွေကို MIUI Official Developers များကပဲ ပြုလုပ်ထားပါတယ်။ ထို့အတူ Developer ROMs တွေမှာတော့ ပုံမှန် တစ်ပတ်လျှင်တစ်ကြိမ် Update version ထုတ်ပေးပါတယ်။
ပုံမှန်ထုတ်ပေးနေတဲ့ Update version တွေရဲ့ changelogs တွေ၊ changelog preview တွေကိုလည်း MIUI Official Forum မှာ တွေ့နိုင်/ ဖတ်နိုင်ပါတယ်။ Developer ROMs တွေမှာ အပတ်စဉ် တစ်ပတ်တစ်ကြိမ် Update ထုတ်ပေးတာနဲ့အတူ New features တွေ ပါဝင်လာပေမယ့် Errors (Bugs) တွေကတော့ ရှိပါလိမ့်မယ်။ ၄င်း Bugs တွေကို ပြန်လည်ပြင်ဆင်ပြီးမှသာ Stable ROMs တွေမှာ ၄င်း New features တွေကို ထည့်ပါတယ်။ အလွယ်ပြောရရင် Developer ROMs ဆိုတာ အသစ်အသစ်သော Features တွေကို သိလိုသူ၊ ကလိချင်သူ၊ စမ်းသပ်ချင်သူတွေအတွက်သာဖြစ်ပါတယ်။ ဒါပေမယ့် Error (Bugs) တွေကိုတော့ မလွဲဧကန်ကြုံတွေ့ရမှာပါပဲ။ ဒါကြောင့် Xiaomi ဖုန်းတစ်လုံးတည်းသာ အသုံးပြုသူများအတွက် (Normal User Level) များအတွက် Developer ROMs အသုံးပြုဖို့အတွက် အကြံမပြုလိုပါဘူး။
Developer တွေရဲ့ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - Redmi Note 3 Pro/ kenzo_images_6.4.9 ဆိုပါစို့ ဒါကို kenzo_images_x.y.z လို့သတ်မှတ်ကြည့်ရအောင်၊ X ဆိုတာ ၄င်း ROMs ထုတ်လုပ်တဲ့ ခုနှစ်သက္ကရာဇ်ကို ဖော်ပြတာပါ၊ 6 ဆိုတော့ 2016 ကို ရည်ညွှန်းပါတယ်။ y ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့ လ ကိုပြောချင်တာပါ၊ 4 ဆိုတော့ April လကို ရည်ညွှန်းပါတယ်။ z ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့နေ့ရက်ကို ဆိုလိုတာပါ၊ 9 ဆိုတော့ 9 ရက်နေ့ကို ရည်ညွှန်းပါတယ်။ Developer ROMs တွေမှာဆိုရင် Update version တွေအတွက် Full ROMs တစ်ခုလုံးကို Download လုပ်နိုင်သလို၊ Incremental ROMs pack ဆိုပြီး လိုအပ်တဲ့ ROMs version သီးသန့်အတွက် (update pack) သက်သက် Download လုပ်ပြီး တင်နိုင်ပါတယ်။
*******************************************
#Ported ROMs ဆိုတာ ???
Ported ROMs တွေကို UnOfficial Developers တွေနဲ့ Third-party Developers တွေကနေ ပြုလုပ်ကြပါတယ်။ များသောအားဖြင့် Ported ROMs တွေဟာ MIUI Developer ROMs တွေအပေါ်မှာ အခြေခံပြီး ပြုလုပ်ကြပါတယ်။ MIUI Ported ROMs တွေမှာလည်းပဲ Developer ROMs တွေကဲ့သို့လိုပဲ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - Samsung Galaxy Note 3/ n9005_4.9.26 ဆိုပါစို့ ဒါကို n9005_x.y.z လို့သတ်မှတ်ကြည့်ရအောင်၊ X ဆိုတာ ၄င်း ROMs ထုတ်လုပ်တဲ့ ခုနှစ်သက္ကရာဇ်ကို ဖော်ပြတာပါ၊ 4 ဆိုတော့ 2014 ကို ရည်ညွှန်းပါတယ်။ y ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့ လ ကိုပြောချင်တာပါ၊ 9 ဆိုတော့ September လကို ရည်ညွှန်းပါတယ်။ z ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့နေ့ရက်ကို ဆိုလိုတာပါ၊ 26 ဆိုတော့ 26 ရက်နေ့ကို ရည်ညွှန်းပါတယ်။ များသောအားဖြင့် Ported ROMs တွေဟာ MIUI Developer ROMs တွေပေါ်မှာ အခြေခံထားတာဖြစ်ပြီး ၄င်း Developer ROMs ဟာ Ported ROMs ထုတ်ပေးတဲ့ ဖုန်းအတွက် ထုတ်လုပ်ပေးထားတာမဟုတ်တဲ့အတွက် Developer ROMs တွေထက် Error (Bugs) တွေ ပိုမိုများပြားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ Ported ROMs အတွက် Bugs Solved ပြုလုပ်ဖို့အတွက် Ported ROMs ထုတ်လုပ်ပေးတဲ့ Porter ကို ဆက်သွယ်မှသာရပါလိမ့်မယ်။
အချို့သော Ported ROMs တွေမှာ MIUI Developer ROMs တွေလိုမျိုးပဲ Update version တွေအလိုက် Incremental ROMs pack (update pack) လေးတွေထုတ်ပေးတာတွေ့ရပါတယ်။
China ROMs နှင့် Global ROMs ရဲ့ကွာခြားပုံ
================================
Xiaomi ဖုန်းအသုံးပြုတဲ့သူတွေဟာ မကြာခဏဆိုသလိုပဲ သူတို့ရဲ့ Devices မှာထည့်ထားတဲ့ MIUI China Build version နဲ့ Devices Hardware နဲ့ Software တွေဟာ ကိုက်ညီမှုရှိရဲ့လား၊ လုံခြုံမှုရှိရဲ့လားဆိုတာကို စိတ်ရှုတ်ထွေးနေကြတာတွေရှိကြပါတယ်။
တကယ်တော့ ဒါဟာ စိုးရိမ်စရာကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ China Build MIUI တွေဟာ Global Build MIUI တွေလိုပဲ သင့်ရဲ့ Devices ကို ကောင်းမွန်တင့်တယ်စေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ China MIUI နဲ့ Global MIUI တို့ရဲ့ ကွဲပြားပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
*******************************************
#China Build MIUI ဆိုတာ ???
China Build MIUI တွေမှာဆိုရင် Google Apps တွေ Google Services (GApps) တွေ မပါရှိပါဘူး။ Language အနေနဲ့ Chinese Language နှစ်ခုနဲ့ English Language ဆိုပြီး (၃) ခုပါဝင်ပါတယ်။ ဒါ့အပြင် China Build MIUI တွေမှာ Chinese Apps တွေနဲ့ Chinese Services တွေ ပါဝင်တဲ့အတွက် Storage Space ကို သက်သက်နေရာပိုစေတာတွေ့ရပါတယ်။ များသောအားဖြင့် Chinese Apps တွေက Chinese လူမျိုးတွေအတွက်တော့ အလွန်အသုံးတည့်တဲ့ Apps တွေဖြစ်ပြီး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သုံးဖို့အဆင်မပြေတဲ့ Apps တွေများပါတယ်။ China Build MIUI ROMs တွေမှာ Google Apps မပါဘူးဆိုပေမယ့် Google Service Frameworks, Google Account Manager, Google Play Services နဲ့ အခြားသော မိမိအတွက်လိုအပ်သည့် Google Apps တွေကို ထည့်သွင်းအသုံးပြုလို့ရပါတယ်။
******************************************



Credit Nyan Min Htet
Share
Banner

ကိုမိုး

Post A Comment:

0 comments: