About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Hard Disk Patition ကို Format ချနည်း

Hard Disk Patition ကို Format ချနည်း
ဒီနည်းလေးကို Cbox မှာ တောင်းထားတာနဲ့ တခြား မသိသေးတဲ့ သူများ
အတွက်ပါ ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ မိမိတို့ရဲ့ ကွန်ပျူတာထဲက Patition လို့ ခေါ်တဲ့ Hard Disk ကို အပိုင်းတွေခွဲပြီး ဝင်းဒိုးနှစ်ခု၊ သုံးခု
တင်လို့ ရသလို တခြား မိမိတို့ သိမ်းထားချင်တဲ့ ဖိုင်တွေ၊ ဆော့ဝဲလ်တွေ၊
ရုပ်ရှင်တွေ၊ ဓါတ်ပုံ သီချင်း အားလုံးကို ၄င်း Patition တွေထဲမှာ သိမ်းထား
လို့ ရပါတယ်။
အကြောင်းတခု ခုကြောင့် ဝင်းဒိုး ကျသွားတဲ့ အခါ မိမိတို့ သိမ်းထားတဲ့
ဟာတွေအားလုံး ပျက်မသွားပါဘူး..။ ပြန်ယူလို့ရပါတယ်။ အခုဒီနည်း
ကတော့ အဲဒီ Patition တွေကို ဖျက်မှာဖြစ်တဲ့ အတွက် အရင်ဆုံး မိမိတို့
လိုချင်တာလေးတွေကို တနေရာရာကို ပြောင်းပြီး
သိမ်းထားဖို့ မမေ့ပါနဲ့..။ မလိုတာတွေဆိုရင်တော့ တခါထဲ ဖျက်တဲ့အ
ထဲမှာထည့်ဖျက်လိုက်လို့ ရပါပြီ..။
Windows7 အတွက်ဖြစ်ပါတယ်..။
နောက်ပိုင်းပို့စ်တွေမှာတော့ Hard Disk ကို Patition ခွဲနည်းနဲ့
ဝင်းဒိုးတင်နည်းတွေပါဖေါ်ပြပေးသွားပါမယ်..။ ဒီနေ့တော့ ဒါလေးစ
လိုက်ကြရအောင်...။
အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ အပိုင်းကို ဖျက်ပြသွားပါမယ်...။
အရင်ဆုံး Computer ကနေ manage ကိုသွားလိုက်ပါ။
ပုံမှာပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ။
အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာတွေကတော့ ပြောင်းလဲပေးရမယ့်
နေရာတွေနဲ့ ကလစ်ပေးရမယ့် နေရာတွေပါ။
အပေါ်ပုံတွေအတိုင်း အဆင့်ဆင့်ပြီးသွားရင်တော့ အောက်ပုံကအတိုင်း
၎င်း Patition ထဲမှာData တွေမရှိတော့တာကို တွေ့မြင်ရပါပြီ..။
အဲဒီပါတေးရှင်းကို ထပ်ဖျက်ချင်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်း
လုပ်ပေးလိုက်ပါ
ဒါဆိုရင်တော့ ဖျက်ပြီးသွားပါပြီ.. ဒါပေမယ့် နောက်တဆင့် ကျန်ပါသေးတယ်..။
မိမိတို့ဖျက်လိုက်တဲ့ ပါတေးရှင်းဟာ ဒီတိုင်းကြီး ပိုနေပါတယ်..။
သူ့ကိုခွဲထုတ်လာတုန်းက မူရင်းအပိုင်းနဲ့ သွားပြန်ပေါင်းပေးရပါမယ်..။
ဒါမှ မူရင်းအပိုင်းထဲမှာ Data တွေများများထည့်
သုံးနိုင်မှာပါ.. အေက်ကပုံလေးတွေ အတိုင်းဆက်လုပ်ပေးလိုက်ပါဗျာ။
Finish ကိုနှိပ်ပြီးရင်တော့ အောက်ပုံကအတိုင်း ပါတေးရှင်း အပိုင်းတပိုင်း
ပျောက်သွားပါပြီ..။
ပြီးရင်တော့ My Computer မှာ Double Click နှစ်ချက်တော့ပြီး
ဖွင့်ကြည့်လိုက်ပါ..။
အောက်ပုံအတိုင်း မိမိတို့ဖျက်လိုက်တဲ့ ပါတေးရှင်း အပိုင်း မရှိတော့တာကို တွေ့မြင်ရပါလိမ့်မယ်။
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ။
Posted by အိုင်တီလူဆိုးလေး
လေးစားစွာဖြင့်
Naylinhtet (အိုင်တီလမ်းညွှန်)
www.facebook.com/nlhitguide
www.facebook.com/groups/itguidenlh
Share
Banner

ကိုမိုး

Post A Comment:

0 comments: