အရင်ဦးဆုံး မိမိရဲ့ဖုန်းကို adb သိအောင် Settings >> Additional Settings >>Developer Options >> enable USB Debugging ကို on ပေးထားရပါမည်။ ပြီးရင် အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။
http://d-h.st/ptno ဒေါင်းပြီးရင် zip ဖြည့်ပြီး cmd.exe ဖိုင်လေးကို ဖွင့်လိုက်ပါ။ adb devices လို့ ရိုက်ပါ။ device သိသွားရင် adb reboot edl လို့ ရိုက်လိုက်ပါ။ မိမိရဲ့ဖုန်းက reboot ကျသွားပြီး black screen ဖြစ်သွားပါလိမ့်မည်။
Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။
မှတ်ချက် ။ ။ ဒီနည်းသည် ရတဲ့အလုံး ရသလို မရတဲ့အလုံး မရပါဘူး။

fastboot mode မှ command နဲ့ edl mode ၀င်နည်း
——————————-
ပထမဦးဆုံး မိမိရဲ့ ဖုန်းကို fastboot mode ၀င်လိုက်ပါ။ fastboot mode ၀င်နည်း အစားစား ရှိပါသည်။ အသုံးအများဆုံးကတော့ မိမိရဲ့ဖုန်းကို ပါဝါပိတ်ပြီး vol down + power ဖြစ်ပါသည်။ vol down + power ကို တွဲနှိပ်လိုက်တာနဲ့ MI စက်ရုပ်လေး ပေါ်လာရင် fastboot mode ၀င်သွားပါပြီ။
ပြီးရင် အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။
http://d-h.st/ptno ဒေါင်းပြီးရင် zip ဖြည့်ပြီး cmd.exe ဖိုင်လေးကို ဖွင့်လိုက်ပါ။ ပြီးသွားရင် fastboot devices လို့ရိုက်ကြည့်ပါ။ device သိသွားရင်
fastboot oem edl လို့ရိုက်ပြီး enter ခေါက်လိုက်တာနဲ့ MI စက်ရုပ်လေး ပျောက်သွားပြီး black screen ဖြစ်သွားပါလိမ့်မည်။ ဒါဆိုရင်လည်း edl mode ၀င်သွားပါပြီ။ Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။

fastboot mode မှ bat file နဲ့ edl mode ၀င်နည်း
—————————————-
ပထမဦးဆုံး မိမိရဲ့ ဖုန်းကို fastboot mode ၀င်လိုက်ပါ။ fastboot mode ၀င်နည်း အစားစား ရှိပါသည်။ အသုံးအများဆုံးကတော့ မိမိရဲ့ဖုန်းကို ပါဝါပိတ်ပြီး vol down + power ဖြစ်ပါသည်။ vol down + power ကို တွဲနှိပ်လိုက်တာနဲ့ MI စက်ရုပ်လေး ပေါ်လာရင် fastboot mode ၀င်သွားပါပြီ။
ပြီးရင် အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။ http://d-h.st/f9SB ဒေါင်းပြီးရင် zip ဖြည့်လိုက်ပါ။ ပြီးရင် ကြိုးထိုးပြီး zip ဖြည့်ထားတဲ့ ဖိုင်လေးထဲက Reboot ကို နှိပ်လိုက်တာနဲ့ မိမိရဲ့ဖုန်းက black screen ဖြစ်သွားရင် edl mode ၀င်သွားပါသည်။ ဒီနည်းကတော့ fastboot.exe ဖိုင်လေးကို edit လုပ်ပြီး fastboot ကနေ ၀င်လို့ရအောင် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
Reboot ကို မနှိပ်ချင်ရင်လည်း command box လေး ခေါ်ပြီး
fastboot reboot-edl လို့ရိုက်ပြီး enter ခေါက်လိုက်တာနဲ့ edl mode ၀င်သွားပါမည်။ Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။

Vol Key များနှင့် edl mode ၀င်နည်း
—————————————-
နံပတ် ၁
မိမိရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် vol up + vol down ကို နှိပ်ပြီး ကြိုးထိုးလိုက်တာနဲ့ မိမိရဲ့ ဖုန်းဟာ Vibrate တစ်ချက်တုန်သွားပါလိမ့်မည်။ Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။
ဒါဆိုရင်လည်း edl mode ၀င်သွားပါပြီ။

နံပတ် ၂
မိမိရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် vol up + vol down ကို ဖိထားပြီး power ကို တစ်ချက်ဖိလိုက်ပါ။ Vibrate တစ်ချက် တုန်သွားပါလိမ့်မည်။ပြီးရင် ဖိထားသော လက်များကို အားလုံး လွှတ်ပေးလိုက်ပါ။ Vibration တုန်တာနဲ့ တန်းလွှတ်ရမည် ဖြစ်ပါသည်။ Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။ ဒါဆိုရင်လည်း edl mode ၀င်သွားပါပြီ။

နံပတ် ၃
မိမိရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် vol dwn + power ကို ဖိထားပါ။ mi logo တက်လာပါလိမ့်မည်။ 3second လောက် ထပ်ဖိထားပါ။
ပြီးရင် ဖိထားသော လက်များကို လွှတ်ပေးလိုက်ပါ။
PCBA Test , MMI Test , Audio Test , Sensor Test , Hardware Info , fastboot , recovery , download , English , Power off function တွေ တက်လာပါလိမ့်မည်။
အဲ့ဒီအထဲကမှ download ကို ရွေးပေးလိုက်ပါ။ black screen ဖြစ်သွားပါလိမ့်မည်။ ဒါဆိုရင်လည်း edl mode ၀င်သွားပါပြီ။
Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။ ဒါဆိုရင်လည်း edl mode ၀င်သွားပါပြီ။

Xiaomi Jig
————–
နောက်ဆုံး ဒီနည်းတွေထဲကမှ တစ်ခုမဟုတ် တစ်ခုမရရင်တော့ Xiaomi Jig နဲ့ ဘဲ edl mode ၀င်လို့ရပါမည်။ Xiaomi Jig ကိုတော့ နီးစပ်ရာ Spareparts အရောင်းဆိုင်တွေမှာ တစ်ခုကို ၄ထောင် ဒါမှမဟုတ် ၅ထောင်နဲ့ ၀ယ်လို့ရပါသည်။

credit – Ko Aung Min Han
အဆင်ပြေပါစေ။
Warmly Welcome
Post A Comment:
0 comments: