Computer ဆိုသည်မှာ ထည့်သွင်းပေးသော အချက်အလက်များပေါ် မူတည်၍ မှန်ကန်သော အဖြေ များအဖြစ် တွက်ထုတ်ပေးနိုင်သော Electronics ပစ္စည်း တစ်မျိုးဟု သတ်မှတ်နိုင်ပါသည်။ ၄င်းကို -
Hardware
Software
Firmware စသည်တို့ဖြင့် ဖွဲ့စည်းထားပါသည်။
Computer အမျိုးအစားများ
Computer အမျိုးအစားများကို ယေဘုယျအားဖြင့် အသုံးပြုလိုသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ အောက်ပါ အတိုင်း ခွဲခြားနိုင်ပါသည်။
(1) Super Computer
(2) Mainframe Computer
(3) Mini Computer
(4) Micro Computer (or) Personal Coumputer
(1) Super Computer
Super Computer သည် စွမ်းဆောင်ရည် အမြင့်မားဆုံးနှင့် အချက်အလက်များ သိုလှောင်ထားနိုင်မှု အများဆုံး Computer များ ဖြစ်ပါသည်။ တန်ဖိုးမြင့်မားပြီး ထုထည်အားဖြင့်လည်း ကြီးမားသောကြောင့် အထူး သုတေသနလုပ်ငန်းများတွင်သာ အသုံးပြုပါသည်။
(2) Mainframe Computer
Mainframe Computer သည် Super Computer လောက် စွမ်းဆောင်ရည်မြင့်မားမှုမရှိသော်လည်း အချက်အလက် သိမ်းဆည်းနိုင်မှု ပမာဏကြီးမားလှသည်။ အရွယ် အစားကြီးမားပြီး Computer ချင်းချိတ်ဆက်နိုင်မှု အရေအတွက် များပြားသောကြောင့် ၄င်းကို ဗဟိုတွက်ချက်မှု စနစ်ဖြင့် ထိန်းချုပ်လိုသောလုပ်ငန်းများတွင်သာ အသုံးပြုပါသည်။
(3) Mini Computer
Mini Computer သည် Mainframe Computer နှင့်ယှဉ်သော် စွမ်းဆောင်ရည်နှင့် ချိတ်ဆက်နိုင်မှု အရေအတွက် နည်းပါးသောကြောင့် အသုံးပြုမှုနည်းပါးသည်။
(4) Micro Computer (or) Personal Computer
Micro Computer သည် အရွယ်အစားသေးငယ်ပြီး သယ်ယူရလွယ်ကူသောကြောင့် ယနေ့ခေတ်တွင် ကျယ်ပြန့်စွာ အသုံးပြုကြပါသည်။ တစ်ဦးချင်းသီးသန့် အသုံးပြု နိုင်သောကြောင့်လည်း Personal Computer (PC) ဟု ခေါ်ဆိုကြပါသည်။ ၄င်းကိုတစ်ဦးချင်းသာမက Computer တစ်လုံးချင်းချိတ်ဆက်၍သော်လည်းကောင်း၊ Server တွင်ချိတ်ဆက်၍ Client အဖြစ်သော်လည်းကောင်း အသုံးပြုနိုင်သောကြောင့် လူကြိုက်အများဆုံးဖြစ်ပါသည်။
(Server ဆိုသည်မှာ ထိန်းချုပ်သော Computer ဖြစ်ပြီး၊ Client ဆိုသည်မှာ ထိန်းချုပ်ခံ Computer ဖြစ်ပါသည်။)
Computer Hardware
Hardware ဆိုသည်မှာ ကွန်ပျူတာတစ်လုံးတွင် လက်နှင့် ထိတွေ့ကိုင်တွယ်ရနိုင်သော ပစ္စည်းအစိတ် အပိုင်းများကို ဆိုလိုပါသည်။ ကွန်ပျူတာတစ်လုံးကို လေ့လာကြည့်လျှင် အောက်ပါ Hardware ပစ္စည်းများကို တွေ့ရှိရမည် ဖြစ်သည်။
(1) Monitor
(2) Keyboard
(3) Mouse
(4) System Unit
(1) Monitor
Monitor ဆိုသည်မှာ ကွန်ပျူတာ၏ လုပ်ဆောင်မှု များကို ဖော်ပြပေးသော မြင်ကွင်းပြစက်ပင် ဖြစ်သည်။ ၄င်းကို System Unit တွင် တိုက်ရိုက်ချိတ်ဆက်ထားခြင်း ဖြင့် ကွန်ပျူတာ၏ လုပ်ဆောင်ချက်များကို ပြသပေးပါ သည်။ Monitor နှစ်မျိုးရှိပြီး ၄င်းတို့မှာ CRT (Cathode Ray Tube) နှင့် LCD (Liquid Crystal Display) တို့ ဖြစ်ပါသည်။
CRT Monitor ၏ ကောင်းကျိုးမှာ အရောင် အရည်အသွေး မှန်ကန်ခြင်း၊ LCD Monitor နှင့်ယှဉ်သော် တန်ဖိုးနည်းပါးခြင်းတို့ ဖြစ်သည်။ ဆိုးကျိုးမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏ များပြားခြင်း၊ အချိန်ကြာမြင့်စွာ အသုံးပြုပါက မျက်စိကိုထိခိုက်စေခြင်းတို့ ဖြစ်ပါသည်။
LCD Monitor ၏ ကောင်းကျိုးမှာ လျှပ်စစ် ဓာတ်အားသုံးစွဲမှု နည်းပါးခြင်း၊ အချိန်ကြာမြင့်စွာ အသုံးပြု သော်လည်း မျက်စိကို မထိခိုက်နိုင်စေခြင်းတို့ ဖြစ်သည်။ ဆိုးကျိုးမှာမူ Color Seperation ပြုလုပ်ရာတွင် အရောင် မှားယွင်းစေခြင်း၊ တန်ဖိုးကြီးမားခြင်းနှင့် ပြုပြင်ရန် ခက်ခဲခြင်းတို့ ဖြစ်သည်။
(2) Keyboard
Keyboard သည် စာရိုက်ရန်နှင့် အမိန့်ပေးစေခိုင်း ရန် ခလုတ်များ ပါဝင်သော ခလုတ်ခုံတစ်ခုပင် ဖြစ်သည်။ ၄င်းကိုလည်း System Unit တွင် တိုက်ရိုက်ချိတ်ဆက် ထားပါသည်။ Keyboard တစ်ခုတွင် ယေဘုယျအားဖြင့် Alphabetic Key (A to Z), Numeric Key (0,1,..,9), Function Key (F1,F2,...,F12), Control Key, Alternative Key, Enter Key စသည်တို့ဖြင့် ဖွဲ့စည်းထားပါသည်။ အချို့သော Keyboard များတွင် Multimedia Button များပါရှိသည်ကိုတွေ့ရသည်။ ၄င်း Multimedia Button များမှတဆင့် Music Player ဖွင့်ခြင်း၊ Volume အတိုး အကျယ်လုပ်ခြင်း၊ Internet Browser ဖွင့်ခြင်း စသည်တို့ကို တိုက်ရိုက်ပြုလုပ်နိုင် ပါသည်။
(3) Mouse
Mouse ကို Pointer ဟု ခေါ်သည့် မြှားတံရွေ့လျား စေရန်နှင့် အမိန့်ပေးရန်အတွက် အသုံးပြုပါသည်။ ၄င်းတွင် Left Button နှင့် Right Button နှစ်ခုပါဝင်ပြီး Left Button ကို အမိန့်ပေးရန်အတွက် အသုံးပြုပါသည်။ Right Button ကိုမူ အမိန့်ပေးရန်အတွက် ခေါ်ယူသော Command များ ပေါ်လာစေရန် အသုံးပြုပါသည်။ နောက် ပိုင်းတွင်မူ Button နှစ်ခု၏အလယ်တွင် Roller တစ်ခုပါဝင် လာပြီး ၄င်းကို Mointor ၏မြင်ကွင်းတွင် မဆန့်တော့သော အပိုင်းများကို ဆွဲယူကြည့်ရှုရန် အသုံးပြုသည်။
Mouse တွင် Ball Mouse နှင့် Optical Mouse ဟူ၍ နှစ်မျိုးရှိသည်ကို တွေ့ရသည်။ Ball Mouse သည် အောက်ခြေတွင် ဘော
Post A Comment:
0 comments: