About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

“ သိတယ် ထင်တယ် ”


  ▬▬🐱 🐈▬▬
ကြောင်မကြီးမှာ
နှုတ်သီးကနေ အမြှီးဖျားအထိ
မေတ္တာရှိတယ်လို့ သားထင်တယ်
.
အမေပဲ စဉ်းစားကြည့်လေ
သူ့သွားတွေက လှံလိုချွန်ပေမယ့်
ကလေးချီတဲ့အခါ
ကတ္တီပါ လက်ဖ၀ါး ဖြစ်သွားတယ်လေ
ကြောင်ပေါက်လေးတွေ
ဇိမ်ကျကျ လိုက်သွားရ
ဒါက မေတ္တာမဟုတ်လို့ ဘာလဲ
.
ကြောင်ပေါက်လေးတွေ ဒိုင်ဗင်ထိုးဖမ်းဖို့
ကြောင်မကြီး အမြှီးတယမ်းယမ်းကလည်း
လှုပ်ပဲ လှုပ်နိုင်လွန်းပါ့
ဒါက မေတ္တာမဟုတ်လို့ ဘာလဲ
.
သားသမီးတို့ ကမ္ဘာဟာ
အမေဆီကနေ သူငယ်ချင်းတွေဆီ ရွေ့ရမြဲ
အမေကတော့
သူငယ်ချင်းတွေနဲ့စားဖို့
မုန့်လုပ်ပေးခဲ့တာပဲ
ရည်းစားရတဲ့နေ့ကစ အမေ့ကိုလိမ်တတ်ကြ
အမေကတော့ မသိချင်ယောင်ဆောင်
နားထောင်ပေးနေကျ
.
လူတွေက ပုရစ်ကလေးတွေ
အာခေါင်ပြဲ အော်တယ်ထင်နေကြ
တကယ်က
သူတို့အဖေ တယောကြီးကို
ချစ်သူအိမ်ရှေ့ ခိုးယူလာ
မထိုးတတ် ထိုးတတ်
ညလုံးပေါက် ဇာတ်နာနေတာ
သားသိတာပေါ့
.
အမေ မှတ်မိလား
မခွာညိုက သူဘယ်တော့မှ သတို့သမီးမလုပ်ရတာ
ပြောပြလို့  သားကသနား
အမေက
“ ဟဲ့..ပြာသိုမှာ မင်္ဂလာမဆောင်ရတာ ရှေးထုံးကွဲ့”လို့
ရှင်းပြခဲ့တာလေ
ဘာပဲဖြစ်ဖြစ် သနားပါတယ် အမေရာ
.
လူရွှင်တော် ပြက်လုံးကို
လူတွေရယ်မဆုံးလို့ပတ်မကြီးနဲ့ တုတ်ထိန်းသတဲ့
ပတ်တုတ်ထိန်းသတဲ့
သားက ပတ်မကြီးပါ လိုက်ရယ်တယ်ထင်ပြီး
သဘောကျနေတာ
ဟူး....တခါတခါတော့လည်း
ကိုယ့်ဟာကိုယ် ထင်နေတာ အကောင်းသားအမေရာ
.
သိတာကောင်းတယ်လို့ သားသိတယ်
ထင်နေတာလည်း ကောင်းတာရှိတယ်လို့
သားထင်တယ်
.
အမေ မဆူနဲ့ဦး
သားထင်တာ ပြောတာလေ
သားသိတာလို့ ဆိုပါဘူး  ။            ။
.
- #မင်းကိုနိုင်
{ ၂၈/စက်တင်ဘာ/၂၀၁၆ )
                                     
Share
Banner

ကိုမိုး

Post A Comment:

0 comments: