📖Business Plan ရေးသားနည်း နှင့် စွန့်ဦးတီထွင်မှုအခွင့်အလမ်း📖
စီးပွားရေးအစီအစဉ်ရေးဆွဲခြင်း၏ အဓိကအချက်များဖြစ်တဲ့…
(R&D) ဈေးကွက်အား သုသေသနလေ့လာမှုပြုလုပ်ခြင်း
Vision & Mission လုပ်ငန်း ရည်ရွယ်ချက်များရေးဆွဲခြင်း
Business Model စီးပွားရေးပုံစံငယ် သတ်မှတ်ရေးဆွဲခြင်း
Marketing & Sale ဈေးကွက်ထိုးဖောက်ခြင်းနှင့် ရောင်းချခြင်း
Financial & Loan ငွေကြေးနှင့် ချေးငွေအစီအစဉ်များ
Management Team လုပ်ငန်းတွင်ပါဝင်မည့် အဖွဲ့ဝင်များ
Milestone & Exit Plan ရေရှည်စီမံကိန်းနှင့် Exit အစီအစဉ်
များအား ကြိုတင်ရေးဆွဲထားပြီး၊ နိုင်ငံတကာ လုပ်ငန်းချိတ်ဆက်မှု အခွင့်အရေးများရရှိလာတဲ့အခါဖြစ်စေ၊ အစုစပ်လုပ်ငန်းများဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသည့်အခါဖြစ်စေ၊ အစိုးရလုပ်ငန်းစဉ်များ ဘဏ်များသို့ တင်ပြပြီး ချေးငွေဆောင်ရွက်လိုသည့်အခါဖြစ်စေ အပြေးပြိုင်ပွဲမှာ အနိုင်ရသလို၊ စာမေးပွဲမှာ အောင်မြင်စွာဖြေဆိုနိုင်သလို မလုပ်ခင် ပြင်ဆင်မှုရဲ့ အကျိုးရလဒ်ဖြစ်စေလို့ (Business Plan) ဟာ အရေးကြီးလှတဲ့ လုပ်ဆောင်မှုတခုပင်ဖြစ်ပါတယ်။
စွန့်ဦးတီထွင်မှုများ တိုးတက်လာခြင်းဖြင့် ဈေးကွက်သစ်များဖြစ်ပေါ်လာမှု၊ အလုပ်အကိုင်များပေးနိုင်မှု၊ ပြည်တွင်းစိးပွားရေးတိုးတက်လာမှု၊ လူမှုပတ်ဝန်ကျင်၏ လိုအပ်ချက်များအား ပိုမိုဝန်ဆောင်မှုပေးနိုင်ဖြင့် မြန်မာ့စိးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်မှာဖြစ်လို့ ယခုကဲ့သို့ အစီအစဉ်များအား များစွာဆောင်ရွက်ပေးရန်လိုအပ်ပါတယ်။
ယခုအစီအစဉ်တွင် Business Plan လက်တွေ့ရေးဆွဲမှုများအား MESI Institute – CEO Training (Batch 9) မှ သင်တန်းအဖွဲ့ဝင် (၄-ဦး) မှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး…
ပါဝင်တက်ရောက်လာသူများမှ Start-up အခက်အခဲများဆိုင်ရာ Q&A အစီအစဉ်တွင်
လက်ရှိရင်ဆိုင်ကြုံတွေ့နေရာသော ရင်းနှီးမြုပ်နှံမှု ငွေကြေးအခက်အခဲများအား မည်သို့ ရှာဖွေနိုင်ပုံအား မေးမြန်းမှုတွင်…
(နည်းလမ်း - ၁) ငွေကြေးအရင်းအနှီးစိုက်ထုတ်နိုင်သူနဲ့ပေါင်းပြီး လုပ်ငန်းစတင်နိုင်ခြင်း။
(နည်းလမ်း - ၂) မိမိရှိတဲ့ငွေနဲ့ပဲ MVP ကိုပဲ ဦးစားပေးပြီး လုပ်ငန်းအသေးကိုစတင်လုပ်နိုင်ခြင်း။
(နည်းလမ်း - ၃) ဘဏ်၊ မိသားစု၊ မိတ်ဆွေများထံမှ ချေးယူပြီးလုပ်ငန်းစတင်နိုင်ခြင်း။
(နည်းလမ်း - ၄) မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ပေါင်းပြီး ဖက်စပ်ပုံစံနဲ့လည်းစတင်နိုင်ခြင်း။
(နည်းလမ်း - ၅) နိုင်ငံခြားရင်းနှီးမြုပ်နှံသူ Investor တွေကိုချိတ်ဆက်ပြီးလည်းစတင်နိုင်ခြင်း။
စတဲ့ နည်းလမ်းများမှ ငွေကြေးအရင်းအနှီးများရှာဖွေနိုင်ပြီး လက်ရှိအနေအထားတွင်လည်း SMEs ချေးငွေများအား SMIDB ဘဏ်၊ AYA ဘဏ်၊ KBZ ဘဏ် စသည့်ဘဏ်များမှ (၈.၅) အတိုးဖြင့် ချေးငွေအစီအစဉ် အခွင့်အလမ်းများအတွက် SMEs မှတ်ပုံတင်မှုအဆင့်များ၊ ချိတ်ဆက်ရမည့် နည်းလမ်းများနှင့် Business Plan တွင် ပါဝင်သင့်သည့် အချက်များအား Judge များမှ လမ်းညွှန်ဆွေးနွေးပေးခဲ့သည်။
Business Plan ယှဉ်ပြိုင်မှုတွင်
- ဒေါက်တာနေမျိုး မှ (Million Bonanaza Group) လုပ်ငန်းသစ် စတင်မည့်အစီအစဉ်
- ဒေါက်တာစိုင်းလရောင် မှ (Model Madness Clothing) လုပ်ငန်းသစ် စတင်မည့်အစီအစဉ်
- ကိုမျိုးကျော်သူ မှ (Pusi Garden & Bakery) လုပ်ငန်းသစ် စတင်မည့်အစီအစဉ်
- မစိုးစန္ဒီနိုင် (Super Nova Service) လုပ်ငန်းသစ် စတင်မည့်အစီအစဉ် များဖြင့်
ပါဝင်ယှဉ်ပြိုင်ကြသော CEO Training Batch (9) မှ သင်တန်းအဖွဲ့ဝင်များမှ ကိုယ်တိုင်ရေးဆွဲပြင်ဆင်ထားသော Business Plan ပါဝင်ယှဉ်ပြိုင်ကြပြီး MESI သင်တန်းကျောင်းမှ ဆရာများမှ Judge အဖြစ်8 ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းသစ်စတင်လိုသူများ (၄၀-ဦး) ခန့်မှ တဦးနှင့်တဦး စီးပွားရေးချိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ Business Plan များအား ပါဝင်လေ့လာရင်း ပါဝင်တက်ရောက်ခဲ့ကြသည်။
Business Plan Award (ငွေသားဆု - ၂၀၀.၀၀၀ သိန်း) အား ကိုမျိုးကျော်သူ (Pusi Garden & Bakery) အား ချီးမြင့်ပေးခဲ့ပြီး၊ Business Plan Award (အကြံပေးဆု - ၃ သိန်းဖိုး) အား မစိုးစန္ဒီနိုင် (Super Nova Service) တိုးအား ချီးမြင့်ပေးခဲ့သည်။
ယခုအစီအစဉ်အား MESI သင်တန်းကျောင်းမှ (အခမဲ့) စီစဉ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။
မြန်မာ့စွန့်ဦးတီထွင် ပိုမိုဖွံ့ဖြိုးတိုးတက်မှုအတွက် ကြုံတွေ့နေရသော အခက်အခဲများဖြစ်တဲ့ လိုအပ်သော သတင်းအချက်အလက်၊ လုပ်ငန်းစဉ်အတွင်း လိုအပ်သော စာရွက်စာတမ်းများ၊ ချိတ်ဆက်ဆောင်ရွက်ရမည့် ဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းစတင်ရန်အတွက် လိုအပ်သော အကြံပေးဆောင်ရွက်မှုများအား MESI စီးပွားရေးသင်တန်းကျောင်းမှ ၀န်ဆောင်မှုပေးနေပြီး၊ လုပ်ငန်းရှင်တန်းခွဲများ၊ ကုမ္ပဏီလုပ်ငန်းလိုအပ်တဲ့ စာရွက်စာတမ်းများ လက်တွေ့ပံ့ပိုးကူညီပေးလျှက် …
မြန်မာနိုင်ငံအနှံ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရန်အတွက်
(1) ပညာရှင်များစွာ၏ ဆောင်းပါးအမျိုးအစား (၂၀၀) ကျော် နှင့်
(2) လုပ်ငန်းရှင်ပေါင်း (၄၀၀) ခန့်၏ ဆက်သွယ်ရန် လိပ်စာကဒ်များ၊
(3) ပညာရှင်များ၏ နာမည်ကြီးသော ဟောပြောမှု ဗီဒီယိုများ၊
(4) Job Opportunity အလုပ်အကိုင်အခွင့်အလမ်းများ၊
(5) ပညာရှင်များ၏ Presentation (အခမဲ့) Download များ
(6) စီးပွားရေးလုပ်ငန်းခွင်အတွက် အမေးအဖြေ Q&A များ
(7) မြန်မာ့စီးပွားရေး အချက်အလက်များကို တနေရာတည်းတွင် (အခမဲ့) စုစည်းတင်ဆက်ပေးထားပါတယ်။
အားလုံးအတွက် ပိုမိုအကျိုးရှိစေဖို့ မိတ်ဆွေသူငယ်ချင်းများအား Like & Share >>> ပြန်လည်မျှဝေပေးခြင်းဖြင့် လူမှုအကျိုးပြု ပြန်လည်ကူညီပေးနိုင်ပါတယ်။ Thanks you! ကျေးဇူးတင်ပါတယ် :)
စွန့်ဦးတီထွင် စီးပွားရေးစီမံခန့်ခွဲမှု (အခမဲ့) ၀ဘ်ဆိုဒ်
www.EntrepreneurSME.com (eSMEmm.com)
................................................................
မြန်မာ့စွန့်ဦးတီထွင် စီးပွားရေးသင်တန်းကျောင်း
Myanmar Entrepreneur SME Institute (MESI)
ဒီမှာနှိပ်ပါ
Post A Comment:
0 comments: