ဒီနေ့ Facebook ရဲ့ Settings ထဲက Where you are logged in ကို ၀င်ကြည့်တော့ "50" လို့ ပြနေပါတယ်။
ဒါနဲ့ ရှိသမျှ Sessions တွေကို လိုက်ဖျက် လိုက်တော့ အရင်လို ပဲ ပြန်မြန်သွားတာ တွေ့ရပါတယ်။
•••
Sessions တွေ အကုန် ဖျက်လိုက်မယ် ဆိုရင်တော့ "Login" ပြန်ဝင်ရမှာ ဖြစ်ပါတယ်။
မ၀င်ချင်ရင်တော့ အဲဒီ "Sessions" တွေထဲက ကိုယ်လက်ရှိသုံးနေတဲ့ Device ကို ချန်ထားခဲ့နိုင်ပါတယ်။
< Facebook ရဲ့ Password မမှတ်မိသူများ မိမိ အမြဲ သုံးနေတဲ့ Device ကို ချန်ပြီး ဖျက်စေ ချင်ပါတယ်။ >
Facebook ကို အလုပ် နဲ့ အိမ်၊ ဖုန်း နဲ့ ကွန်ပျူတာ စသည်ဖြင့် နေရာစုံက Device မျိုးစုံနဲ့ အဆင်ပြေ သလို ၀င်ထားတတ်ကြပါတယ်။
Facebook က ၀င်သမျှ Devices တိုင်းရဲ့ Sessions ( လုပ်သမျှ မှတ်ထားပေးတဲ့ အရာ ) တွေ ကို မှတ်ထား ပေးပါတယ်။
အဲဒီတော့ ကြာလာတဲ့ အခါ နှေးလာတတ်ပါတယ်။
ဒါကြောင့် ဒီလို နည်းလမ်းအတိုင်း ဖြေရှင်းကြည့်ရင် သိသိသာသာ ပြန် မြန်လာတတ်တာ တွေ့ရမှာ ဖြစ်ပါတယ်။
၁။ More ကို နှိပ်ပါ။
၂။ Settings ကို ရွေးပါ။
၃။ Account Setting
၎။ Security
၅။ Where you are logged in
၆။ "x" လေးတွေ နှိပ်ပြီး Remove All လုပ်ပါ။
ပြီးရင် Facebook ကို Log Out ခဏ လုပ်ပြီး Log In ပြန်ဝင်ပါ။
တတ်နိုင်ရင် တစ်ပတ် တစ်ခါတော့ လုပ်ပေးပါ။
ဒါကတော့ မိမိ ဖုန်း က တဆင့် Sessions တွေ ဖျက် တဲ့ နည်းပါ။
Q: Share ထားတာတွေ ပျက်နိုင်လား ?
A: မပျက်ပါဘူး ခင်ဗျာ။
•••
Recent Posts [ Page ပေါ်မှ တင်ထားခဲ့ပြီးသော ပို့စ်များ ]
https://goo.gl/zSmchL
•
Post A Comment:
0 comments: