About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

iPhone 7 နှင့် iPhone 7 Plus တို့၏ Camera ပိုင်းအချက်အလက်အသေးစိတ်ထွက်ပေါ်လာ


iPhone 7 ၊ iPhone 7 Plus တို့ နှင့်ပတ်သတ်လို့ သတင်းအမျိုးမျိုး ထွက်လာကြပြီး ယခုဆိုရင် ဒီဖုန်းနှစ်မျိုးစလုံးဟာ တိုးတက်ကောင်းမွန်လာသည့် ကင်မရာအရည်အသွေးပိုင်းအတွက် ပိုမိုကြီးမားတဲ့ ကင်မရာ sensor တစ်ခုနဲ့ လာတော့မယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့်လည်း ဒီဖုန်းတွေမှာ တပ်ဆင်လာမယ့် ကင်မရာအသစ်ရဲ့ နောက်ဆုံးအသေးစိတ် specs တွေကတော့ ယခုအချိန်အထိ မသိရသေးပါဘူး။
တရုတ်နိုင်ငံမှ ယုံကြည်လောက်သည့် သတင်းပေးတစ်ယောက်ကတော့ ဒီဇာတ်လမ်းကို အဆုံးသတ်ထားပြီး iPhone 7 နှင့် iPhone 7 Plus မှာ ပါတဲ့ ကင်မရာရဲ့ အဓိက အသေးစိတ်အချက်အလက် တစ်ချို့ ကို ထုတ်ပြန်ထားပါတယ်။သတင်းတစ်ရပ်အရ iPhone 7 ဟာ 1/ 2.6’’ ကင်မရာ sensor တစ်ခုနဲ့ လာပြီး iPhone 6s မှာတော့ 1/3’’ sensor နဲ့ လာပါတယ်။ ရုပ်ထွက် resolution ကတော့ 12 MP နဲ့ အတူတူ လာပြီး ဒီ ဖုန်းမှာတော့ 1.3 um pixel အကြီးနဲ့  အလင်းဝင်နှုန်း ပိုကျယ်တဲ့ f/ 1.9 အပါချာပါရှိပါတယ်။( iPhone 6s မှာတော့ f/2.2 အပါချာနဲ့ လာပါတယ်)။ ပိုမိုကြီးမားတယ် sensor နဲ့ ပိုကျယ်ပြန့် တဲ့ အပါချာကြောင့် iPhone 7 ဟာ အလင်းကို ပိုပြီး ဆွဲယူနိုင်လို့  အလင်းအားနည်းချိန်မှာ ပုံရိပ်ဖမ်းယူမှုကို တိုးတက်ကောင်းမွန်စေမှာပါ။

iPhone 7 Plus ကတော့ 12 MP နဲ့ ရိုက်ကူးနိုင်တဲ့ ကင်မရာ နှစ်လုံးနဲ့ လာပြီး အပါချာကတော့ f/ 1.9 နဲ့ လာပါတယ်။ ဒါပေမယ့်လည်း iPhone 7 နဲ့ မတူတာက sensor နှစ်ခုစလုံးဟာ 1/3” ကြီးပြီး iPhone 6s နဲ့ အတူတူဖြစ်ကာ iPhone 7 မှာ တွေ့ ရတဲ့ sensor ထက် ပိုပြီး ငယ်ပါတယ်။
သတင်းပေးသူကတော့ iPhone 7 ဟာ 2 GB LPDDR4 RAM နဲ့ လာပြီး iPhone 7 Plus ကတော့ 3GB LPDDR4 RAM နဲ့ လာတယ်လို့ ဆိုထားပါတယ်။ ဒီဖုန်းနှစ်ခုစလုံးကို 16 nm FinFETနည်းစနစ်နဲ့ ထုတ်လုပ်မှုပေါ် အခြေခံထားတဲ့ Apple ရဲ့ A10 chipsets များကို သုံးထားပါတယ်။ ဒီဖုန်းတွေဟာ ရေအနက် ၁မီတာမှာ မိနစ် ၃၀ တိုင်အောင် ရေဒဏ်ခံနိုငအောင် ပြုလုပ်ထားပြီး IPX7 အဆင့် ရှိထားပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ ကြီးမားတဲ့ ဘက်ထရီနဲ့ လာပါတယ်။ iPhone 7 မှာ 1960 mAh နဲ့ iPhone 7 Plus မှာတော့ 2910 mAh သုံးထားပြီး ဘက်ထရီသက်တမ်းကို တိုးအောင် အထောက်အကူဖြစ်စေမှာပါ။
iPhone 7 နှင့် iPhone 7 Plus တို့ ရဲ့ အဆင့်မြှင့်ထားတဲ့ ကင်မရာ အရည်အသွေး specs ဟာ အထင်ကြီး လောက်ပြီး Apple အနေနဲ့  နောက်ထပ် ဓါတ်ပုံ အရည်အသွေးပိုင်း တိုးတက်အောင်လို့  ပိုကြီးတဲ့ iPhone 7 Plus မှာ dual sensor တပ်ဆင်သွားတဲ့ပုံလေးက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အလားတူပဲ iPhone 7 ရဲ့ ကင်မရာပိုင်း specs တွေကလည်း Samsung ရဲ့ Galaxy S7 နဲ့ Note 7 မှာ တွေ့ရတဲ့ 12 MP sensor ထက် အနည်းငယ်ပဲနိမ့်တာဖြစ်လို့ ဒီဖုန်းနှစ်လုံးရဲ့ရုပ်ထွက် အရည်အသွေး အနေအထားကို ဘယ်လို စီစဉ်ထားသလဲဆို တာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Wai Lin Aung (Myanmar Mobile App)
Share
Banner

ကိုမိုး

Post A Comment:

0 comments: