About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Life Boat /Rescue boat Drill မှာ မတော်တဆ ဖြစ်ရခြင်းများကို ဘယ်လို လျှော့ချကြမလဲ



ငါတို့ သင်္ဘောသားတွေ သင်္ဘောမှောက်စဉ်မှာ L/boat နှင့် လွတ်မြောက်လာတဲ့ အရေအတွက်ထက် Boat drill လုပ်ရင်း ဒဏ်ရာကြီးစွာရကြ၊ သေကျေပျက်စီးကြတာက ပိုများနေတယ် လို့ငါထင်တယ်။ အဲဒီ အထဲမှာမှ Boat hook ကြောင့် သေတာက များတယ် ။
သင်္ဘောသား ဝါရင့်တွေလည်း Life Boat /Rescue boat Drill မှာ သေကြ၊ ဒါဏ်ရာရကြတာတွေ ကြားနေရ၊ ဖတ်နေရတယ်။ ဟိုး တုံး ဖြစ်ခဲ့ကြတယ်။ အခုလည်း ဖြစ်နေဆဲ၊ နောင်လည်း ဖြစ်နေဦးမှာဘဲ။

Accident Investigation တွေလုပ်ကြမယ်၊ နောက်ထပ် အလားတူမျိုး ထပ်မဖြစ်အောင် Recommendation တွေပေးကြမယ်၊ ဖြစ်သွားတဲ့ အဖြစ်တွေကို သင်ခန်းစာထုတ်ကြမယ်၊  အဲဒီ အဖြစ်တွေ၊ သုံးသပ်ချက်တွေကို မျှဝေမယ်၊ ဆွေးနွေးကြမယ်ဆိုရင် Boat drill မှာ မတော်တဆ ဖြစ်မှုတွေ ကျဆင်း သွားမှာ အမှန်ဘဲ။ အခုဆိုရင် ဖေ့ဘုတ်ကိုတွင်တွင်ကျယ်ကျယ် သုံးနေတဲ့ အတွက် ဖေ့ဘွတ်ကနေ ဆွေးနွေးကြရင် ဘယ်အပိုင်း မှာ accidecnt အဖြစ်များပြီး၊ ဘယ်အပိုင်းမှာ အသေအပျောက်များလည်း ဆိုတာ ဝိုင်းဝန်း ဆွေးနွေး သတင်း ဖလှယ်ရင်း သိလာနိုင်တယ်။

အဲဒါဆိုရင် Boat နှင့် Davit system Design  ရဲ့ အားနည်းချက်တွေပါ တွေ့လာနိုင်တယ်။ငါ လေ့လာရသလောက်ကတော့ Fall wire နှင့် release hook ကြောင့် accidecnt များသလို အသေအပျောက်လည်းများတယ်။

စကားစပ်လို့ ပြောရရင် Life boat accident ဖြစ်တဲ့ ကိစ္စတွေမှာ အတွေ့အကြုံရင့်ကျက်တဲ့ သင်္ဘောသားတွေ experienced and qualified seafarers တောင် ခံကြရတယ်လို့ ပြောကြ၊ ရေးကြတယ်။ အဲဒါ မမှန်ပါဘူး။ အတွေ့အကြုံ သိပ်မရှိကြပါဘူး။
သင်္ဘောအကြိမ်ကြိမ်လိုက်နေတိုင်း Life boat drill လုပ်တဲ့ အတွေ့အကြုံ၊ Rescue boat ရေချတဲ့ အတွေ့အကြုံ ရှိချင်မှ ရှိတာပါ။

ငါ့ ရဲ့ လက်တွေ့ကတော့ ကုန်း ၃၊ ကုန်း ၂ ဘဝမှာ Life boat drill မကြုံခဲ့ရသလောက်ပါဘဲ။
ပထမဆုံး Chemical Tanker မှာ ကိုးရီးယားတွေနှင့် ၁ နှစ်ခွဲ လိုက်ခဲ့တယ်။ ဘာ Training/Drill မှ မလုပ်ခဲ့ရဘူး။ ကိုယ်က စကားစ မိရင်တောင် သူကြီးက လက်မခံဘူး။ ဒို့ လုပ်တယ်လေကွာ။ စာအုပ်ပေါ်မှာတဲ့။
ဒုတိယ အခေါက် ၁၁ လ စီးခဲ့တယ်။ Mixed Crew ပါ။ ဘာ Training/Drill မှ မလုပ်ခဲ့ရဘူး။
တတိယ အခေါက် ၁ နှစ်ခွဲ တိတိ OT မှာ လိုက်ခဲ့တယ်။ On Paper ရေးဘို့ ရက်စွဲကိုတောင် မနည်း ညှိယူရတယ်။ Life boat ရေချဘို့ ဆိုတာ ဝေးရော။ သူတို့ အခေါ် ဒင်းဒေါင် ဆွဲနေရလို့။

စတုတ္ထအကြိမ်မှာလည်း OT ပါဘဲ။ တစ်နှစ်လုံးလုံး Esso နှင့် ချန်ဂီ လေဆိပ်က Jetty ကို Berth to Berth မနားတမ်း ဆွဲ နေခဲ့ရလို့ on paper မှာ bull shit အနေနှင့် ချပြဘို့ ရက်စွဲ ရှာမရဘူး။

ပဉ္စမ-ဆဌမ…… အိုး.. အခေါက်ရေတွေသာများလာတယ်။ Real boat drill မကြုံခဲ့ရ။ ကိုယ့် သူငယ်ချင်းတွေ မေးကြည့်တော့လည်း အများစုကကိုယ့်လိုဘဲ။ တကယ်လက်တွေ့ Life boat မချခဲ့ကြရဘူး။
ဂျူနီယာ အရာရှိဘဝမှာ ကိုယ်လုပ်ချင်တာပဲ ရှိတယ်။ လုပ်ခွင့်မရပါ။

ဒီတော့ သင်္ဘောသား လုပ်သက်ရင့်ကြီးတွေမှာ Life boat ချတဲ့ အတွေ့အကြုံများနိုင်တယ်လို့ ယျေဘူယ သုံးသပ်ရင် မှားပါလိမ့်မယ်။

ရှားရှားပါးပါး Petroship Company တုံးက Petro Ranger မှာ Starboard Lifeboat ရေချတယ်။ ငါက Libe boat နှင့် အတူဆင်းတယ်။ ရှေ့ကလူတွေ Life boat အပေါက်တစ်ခု လူမသိအောင် တိပ်နှင့် ပိတ်ဆေးသုတ်ထားတာတွေ့လို့ ခွာထုတ်ပြီး ငါကိုယ်တိုင်  ပြန်ဖါထားရတဲ့  Lifeboat ပါ။ fall wire တွေ၊ Release hook တွေ၊ Davit winch တွေ ကို ငါကိုယ်တိုင် သေသေချာချာ မှန်မှန်စစ်ဆေးထားတာ။ Safety ဖြစ်တယ်ဆိုတာ သိလို့ ငါလိုက်ပါဆင်းသွားတာ။ ငါတစ်ယောက်ထည်းပါ။ နောက်မှ ကုန်းချုပ်က embarkation ladder က ဆင်းလာတာ။

အဲဒီသ​ဘေ​င်္ာမှာဘဲ Port side life ​ရေချတယ်​။ Boat နှင့်​ အတူတူ လိုက်​ဘို့မ​ပြောနှင့်​ embarkation ladder နှင့်​​တောင်​ မဆင်းဘူး။ အင်​ဂျင်​နှိုးရင်​ အင်​ဂျင်​တုန်​ခါမှု​ကြောင့်​ ပြဿနာာ တက်​နိုင်​တယ်​ဆိုတာ သိ​နေလို့ဘဲ။ ကိုယ်​ကိုင်​တဲံ Life boat အ​ကြောင်း ကိုယ်​ သိပ်​သိသ​ပေါ့။

နောက်ပိုင်းမှာတော့ Management Level ဘဝ ရောက်လာလို့ ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်လာတယ်။ ငါလိုက်ခဲ့တဲ့ သင်္ဘော တော်တော်များများမှာ Real Lifeboat drill လုပ်တယ်။ Boat ကိုလည်း ရေချတယ်။
Wire rope တွေကို great care လုပ်တယ်။ ဘယ်လောက် ကောင်းတဲ့ ကြိုးဖြစ်ပါစေ Certificate မရှိရင်  သတ်မှတ်ထားတဲ့ SWL ကို မသိနိုင်ဘူး။ အသစ်မှာတယ်။

Wire rope ကို ပျက်စီးသွားစေမဲ့ အက်ဆစ်၊ အယ်ကာလီ၊ ဆားငံရည်၊ မိုးရေတွေနှင့် တိုက်ရိုက် မထိတွေ့အောင် အချိန်မှန်မှန် စစ်ဆေး Grease ထိုးပေးတယ်။ grease အဟောင်းတွေဟာ မီးခိုးမှုန်၊ ဖုံတွေနှင့် ထိတွေ့ စေးကပ် ခြောက်သွေ့ပြီး ထူလပြစ်ဖြစ်နေရင် အဲဒါတွေ အရင်ပြောင်အောင် ရှင်းပစ်တယ်။
သို့မဟုတ်ရင် အဲဒီ Grease အဟောင်း ထူလဗျစ်မှာ ရေတွေ ခိုကပ်နေပြီး Wire rope ကို သံချေး လိုက်စားစေတယ်။



freefall lifeboat ကို Secondary mean နှင့် ချဘို့လုပ်ထားတဲ့ ကြိုးအချို့ဟာ ပလတ်စတစ် အုပ်ပြီးလာတယ်။ အဲဒါဆိုရင် အဲဒီကြိုးတစ်ခုလုံးကို ဘယ်နေရာမှာ ပလတ်စတစ် ပေါက်ပြဲနေလည်း၊ ပြတ်ရှရာ ရှိနေလား သေသေချာချာ စစ်တယ်။ အဲဒီပြတ်ရှတဲ့နေရာဟာ ဘယ်လောက်ဘဲ သေးငယ်ပါစေ ရေလေ ဝင်အောင်းပြီး အတွင်းက Steel wire မှာ သံချေးကိုက်နေတတ်တယ်။

ငါ ကုန်းချုပ်တုံးက အဲဒါမျိုးတွေ တွေ့အောင်ရှာတယ်။ တွေ့တာပါဘဲ။ ငါမသုံးဘူး။ အသစ်မှာတယ်။ လဲ ပြီးမှ သုံးတယ်။

တွန့်ခေါက်သွားတဲ့ ဝါယာကို လုံးဝ မသုံးနဲ့။ အသစ်လဲပြီးမှ သုံးပါ။

brake မိမမိ စစ်ပါ။
Life boat ကိုယ်ထည်ရဲ့ bobbin ဟာ Boat ချတဲ့ အချိန်မှာ Lashing ဖမ်းထားတဲ့ gripe wire eye နှင့် စွပ်မိ ပြီး Life boat ဇောက်ထိုး မိုးမျော် ဖြစ်တတ်တယ်။ အဲလိုဖြစ်နေချိန် Life boat ထဲ လူဝင်ထားရင် သေဘို့များပါတယ်။

ဒါကြောင့် boat ချတိုင်း သူကို သိုင်းထားတဲ့ lashing wire clear ဖြစ်အောင် သေသေချာချာ စောင့်ကြည့်ရတယ်။ Lashing ကြိုးကွင်းက Boat ရှေ့နှင့် နောက်မှာရှိနေတဲ့ ငြိစရာ တွေကို လာလာစွပ်တတ်တယ်။ အဲဒါကို သတိမမူဘဲ ဇွတ်ချလိုက်ရင် life boat ရေထဲကို ဂျွမ်းထိုး မှောက်ခုံကျမှာ အသေအချာဘဲ။

Limit switch ကောင်းမကောင်း မကြာမကြာစစ်ပါ။ တကယ် မစစ်ဆေးဘဲ ဘယ်တော့မှ check နှင့် tick မလုပ်ပါနဲ့။

Release hook တွေ အလွယ်တကူ ဖြုတ်နိုင်လား မဖြုတ်နိုင်လား Drill လုပ်တိုင်း စစ်ပါ။

Davit system ကို operation လုပ်တာ၊ Maintenance လုပ်တာတွေ အားလုံး ကို ထုတ်လုပ်တဲ့ ကုမ္ပဏီက ပြောထားတဲ့ အတိုင်း Instruction manual အတိုင်း လုပ်ပါ။

Maintenance လည်း မှန်မှန်မလုပ်။ တစ်ခါမှလည်း Life boat ရေမချခဲ့ဘဲ၊အနှစ်နှစ်အလလ  ပေလျာကံ ပစ်ထားတဲ့ Life boat/rescue boat တွေကို စစ်ဆေးရေးလာမှ ဘုမသိ၊ဘမသိဘဲ ရေချရတာဟာ သေရွာကို သွားနေရသလိုပါဘဲ။

အချိန်အကြာကြီး stowage အခြေအနေမှာထားတဲ့ ပစ္စည်းတွေဟာ အဲဒီအခြေအနေကနေ ရွေ့ပေးရတော့မယ်ဆိုရင် ပြဿနာ အမြဲပေးတတ်တာကို သတိထားပါ။

အဲဒီ အထဲမှာမှ Life boat/rescue boat ရေချတဲ့ အတွေ့အကြုံကလည်း မရှိရင်၊ ချတဲ့ သူကိုယ်တိုင် မိမိကိုယ်ကို မိမိ Confidence ရှိမှာ မဟုတ်ဘူး။

ငါအကြံပေးချင်တာကတော့……
လည်နေရမဲ့ ပူလီတွေ လည်နေအောင်လုပ်ထားရမယ်။ Limit switch ကလည်း Overload ကို ဖြတ်ပေးနေစေရမယ်။ Wire fall တွေ ပျော့ပြောင်းနေအောင် Grease သုတ်၊ မကြာမကြာ လည်ပတ်ပေးနေရမယ်။ Crew တွေကိုလည်း အခြေအနေ ပေးတိုင်း အမှန်တကယ် Drill လုပ်​ပေးနေရင် မလိုလားတဲ့ Accident တွေ လျော့ကျ သွားမှာ ဖြစ်တယ်။

Capt. Bo Hnin
Master of Angel No.3
31-Aug-2016
Yellow Sea
အပြေပါစေ။www.komoe.org




Share
Banner

ကိုမိုး

Post A Comment:

0 comments: