
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့
Myanmar Young Entrepreneurs Group( MYEA ) ရဲ့ Summit ကို နိုဝင်ဘာလ ၁ ရက်နေ့မှ
ကျင်းပမယ်လို့ သိရပါတယ်။
Myanmar Young Entrepreneurs Group (MYEA) Summit
လို့ အမည်ပေးထားတဲ့ ဒီအခမ်းအနားကို နေပြည်တော်မှာကျင်းပသွားမှာဖြစ်ပြီး
စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် ပထမဦးဆုံးအကြိမ်
ကျင်းပပြုလုပ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။
လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို
လုပ်ဆောင်ရာမှာ အခက်အခဲ မရှိစေရေးအတွက် အစိုးရနဲ့အခြားသော အဖွဲ့အစည်းများအနေဖြင့်
ပံ့ပိုးပေးနိုင်ရန်နဲ့ သုတေသနပြုထားတဲ့ စာတမ်းတွေကို ဆွေးနွေးသွားမယ်လို့
သိရပါတယ်။ ဒီအခမ်းအနားနဲ့ ပတ်သက်လို့ မြန်မာလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း
ဖုန်း ၀၁ ၂၃၀၁၅၇၃ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
Post A Comment:
0 comments: