About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation


သင့် iPhone မှာ iOS 10 တင်ထားပြီးပြီဆိုရင်၊ Lock Screen အသစ်ရဲ့ စွမ်းဆောင်ရည်တစ်ချို့ကို သတိထားမိပြီးဖြစ်မှာပါ။
ယခု iOS 10 မှာ ဖုန်းထဲဝင်လာတဲ့ မက်ဆေ့တွေကို Lock Screen မှာတင် 3D Touch နဲ့ တိုက်ရိုက် reply ပြန်နိုင်ပြီဖြစ်ပြီး၊ အရင်ကထက် အချိန်ကုန်သက်သာ၊ ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက်ကတော့ Security နဲ့ Privacy အပိုင်းဖြစ်ပြီး၊ Passcode မလိုတော့တာကြောင့် တခြားလူတစ်ယောက်ယောက်ကလည်း ကိုယ်ဖုန်းနားမရှိတဲ့အချိန်မှာ ကောက်ယူဖတ်နိုင်၊ Reply ပြန်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် iOS 10 မှာ ဒီပြဿနာကို လွယ်လွယ်ဖြေရှင်းပေးနိုင်ပါတယ်။
  • ပထမဆုံး Settings ထဲဝင်ပါ။
  • ‘Touch ID & Passcode’ ကို နှိပ်လိုက်ပါ။
  • ဒီနေရာမှာ သင့် passcode ကို ရိုက်နှိပ်ပေးရမှာဖြစ်ပြီး၊ ဝင်သွားပြီဆိုရင် အောက်ထိဆွဲချလိုက်ပါ။
  • ‘Reply with Message’ နေရာရောက်ရင်၊ enable လုပ်ထားတာလေးကို ပိတ်ပေးလိုက်ပါ။
  • အခုအချိန်ကစပြီး Lock ပိတ်ထားရင် မက်ဆေ့ app ကို ဘယ်သူမှ သုံးလို့ရတော့မှာမဟုတ်ပါဘူး။

တစ်ချိန်တည်းမှာ iOS 10 ရဲ့ တခြား Notification ထိန်းချုပ်မှုတွေပါ တပါတည်းစမ်းကြည့်ရအောင်။
iOS 10 ရဲ့ Lock Screen notification မှာ ကိုယ် noti ပြစေချင်တဲ့ app တွေကိုပဲ ဖွင့်ထားပြီး၊ noti မဝင်စေချင်တဲ့ တခြား apps တွေကို ပိတ်ထားနိုင်ပါတယ်။
အကယ်၍ တစ်ချို့ apps တွေက စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် Noti တွေ ပို့လွန်းလို့ စိတ်ညစ်နေတယ်ဆို့ရင်
  • Settings ထဲက ‘Notifications’ menu ထဲဝင်
  • Noti ပြစေချင်တဲ့ apps ကို ဖွင့်ထားပြီး၊ မပြစေချင်တဲ့ apps တွေကို ရွေးပိတ်ထားနိုင်ပါတယ်။
Ref: DigitalTime                          ကိုမိုး(နည်းပညာ)
                                                   www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: