Facebook Messenger သည် end-to-end encryption နှင့် Snapchat ကဲ့သို့သော feature များ ထောက်ပံ့ပါဝင်သည့် “secret conversations” လုပ်ဆောင်ချက်ကို messaging app သုံးစွဲသူ သန်း ၉၀၀ ထံ ဖြန့်ချိပေးလိုက်သည်။
Facebook သည် ဇူလိုင်လက အရေးကြီးသည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးရာတွင် အကောင်းဆုံး အထောက်အပံ့ဖြစ်စေမည့် end-to-end encryption ကို ရွေးချယ်ထားသည့် သုံးစွဲသူအချို့ထံတွင် စမ်းသပ်နေကြောင်း ကြေညာခဲ့သည်။ ယခုအခါတွင် အဆိုပါ Secret Conversations ကို လူတိုင်းအသုံးပြုနိုင်ပြီ ဖြစ်သည်။
Secret Conversations လုပ်ဆောင်ချက်သည် ကာယကံရှင်နှင့် အခြားသူတစ်ဦးအကြား အပြန်အလှန် message ပေးပို့ခြင်းဖြစ်ပြီး လက်ခံသူနှင့် ပေးပို့သူနှစ်ဦးစလုံးတွင် message ကို မြင်တွေ့နိုင်မည့် အချိန်တစ်ခုအား သတ်မှတ်ထားနိုင်ကြောင်း သိရသည်။
Secret Conversations သည် ဖျားနာခြင်း သို့မဟုတ် ကျန်းမာရေးကိစ္စကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ယုံကြည်ရသည့် သူငယ်ချင်းများ၊ မိဘဆွေမျိုးများနှင့် ဆွေးနွေးပြောဆိုခြင်း၊ ဘဏ္ဍာရေးအချက်အလက်များ ပေးပို့ခြင်း စသည့်ကိစ္စရပ်များအတွက် အထူးသင့်လျော်ကြောင်း Facebook မှ ပြောကြားခဲ့သည်။
iOS သုံးစွဲသူများသည် Facebook Messenger ညာဘက်အောက်ရှိ “Me” tab ကို နှိပ်ကာ scroll လုပ်ပြီး Secret Conversations တွင် On ကို ပြောင်းလဲကာအသုံးပြုနိုင်သည်။ Android တွင်မူ ညာဘက်ထိပ်ရှိ chat head icon ကိုနှိပ်ကာ Secret Conversations ကို scroll လုပ်ပြီး On ကို ပြောင်းလဲရမည်ဖြစ်သည်။ ထို့နောက် New Message ခလုတ်ကိုနှိပ်ကာ ညာဘက်ထိပ်ရှိ “Secret” ခလုတ်ကိုနှိပ်ပြီး စတင်အသုံးပြုနိုင်သည်။
Secret Converations ကို အသုံးပြုသည့်အခါ profile ဓာတ်ပုံဘေးရှိ အပြာနှင့်အဖြူရောင် Messenger icon နေရာ၌ အဖြူအမည်း သော့ခလောက် icon ဖြင့် ပြသပေးမည်ဖြစ်သည်။
Post A Comment:
0 comments: