Facebook Messenger ဟာ ရိုးရှင်းတဲ့ Messaging ၀န်ဆောင်မှု တစ်ခုထက်ပိုပြီး စွမ်းဆောင်ချက်တွေ စုံလင်လှပါတယ်။ စွမ်းဆောင်ချက်တွေ များပြားတဲ့အတွက် လူတစ်ယောက်ချင်းစီအပေါ်မူတည်ပြီး နှစ်သက်တာ ရှိသလို စိတ်အနှောင့်အယှက် ဖြစ်စရာတွေလည်း ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ Facebook Messenger ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ချက်များကို အသုံးပြုနည်းနှင့်တကွ စိတ်အနှောင့်အယှက် ဖြစ်စရာတွေကို ပိတ်ပင်နိုင်မယ့် နည်းလမ်းများကို ရေးသားပေးလိုက်ပါတယ်။
Conversation တစ်ခုအတွက် Notifications များကို ပိတ်နည်း
ဈေးရောင်းသူတစ်ယောက်က Messenger မှာ Group တစ်ခုပြုလုပ်ပြီး အဲဒီ Group ထဲမှာ သင် အပါအ၀င် လူပေါင်းများစွာကို ထည့်သွင်းပြီး သူ့ရဲ့ ကုန်ပစ္စည်းကို ၀ယ်ယူဖို့ စာတွေ အဆက်မပြတ်ပေးပို့နေရင်တော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ အဲဒီ Group အတွက် Notification ကို ပိတ်ထားမှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ Conversation Tab ထဲသွားပြီး အဲဒီ Group ကို ဖိထားပါ။ Mute notifications ကို ရွေးပြီး အချိန်ကို ရွေးပေးပါ။ သင် ပြန်မဖွင့်မချင်း ပိတ်ထားချင်ရင်တော့ “ Until I turn it back on “ ကို ရွေးပေးပါ။

Conversation အားလုံးအတွက် Notification များကို ပိတ်နည်း
Conversation အားလုံးအတွက် Notification များကို ပိတ်နည်း
Messenger ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်စွန်းမှ Settings အိုင်ကွန်ကို နှိပ်ပါ။ Notifications & Sounds ထဲသွားပြီး ညာဘက်အပေါ်ထောင့်စွန်းမှ ခလုတ်ကို Off လုပ်ပါ။ နောက်အဆင့်မှာ ပိတ်ထားမယ့် အချိန်ကို ရွေးပေးပါ။ ၂၄ နာရီ အထိပဲ အများဆုံး ပိတ်ထားနိုင်ပါတယ်။

တည်နေရာကို ပေးပို့နည်းနဲ့ ကြည့်ရှုနည်း
တည်နေရာကို ပေးပို့နည်းနဲ့ ကြည့်ရှုနည်း
သင့်ရဲ့ တည်နေရာကို သူငယ်ချင်းတစ်ယောက်ထံ ပေးပို့ချင်ရင် Messenger ကိုပဲ အသုံးပြုနိုင်ပါတယ်။ Settings ထဲမှာ Location ကို Enable လုပ်ထားရင် Conversation အားလုံးမှာ သင့်ရဲ့ တည်နေရာကို သူငယ်ချင်းများက သိနိုင်ပါတယ်။

အလားတူပဲ သင့်ရဲ့ သူငယ်ချင်းက Location ကိုဖွင့်ထားရင် သင်က သူ့ရဲ့ တည်နေရာကို သိနိုင်ပါတယ်။ သူ့ရဲ့ တည်နေရာကို သိဖို့ သူပေးပို့တဲ့ Message ကို တစ်ချက်နှိပ်ရင် အောက်မှာ မြေပုံနဲ့တကွ ပြသပေးမှာ ဖြစ်ပါတယ်။
အလားတူပဲ သင့်ရဲ့ သူငယ်ချင်းက Location ကိုဖွင့်ထားရင် သင်က သူ့ရဲ့ တည်နေရာကို သိနိုင်ပါတယ်။ သူ့ရဲ့ တည်နေရာကို သိဖို့ သူပေးပို့တဲ့ Message ကို တစ်ချက်နှိပ်ရင် အောက်မှာ မြေပုံနဲ့တကွ ပြသပေးမှာ ဖြစ်ပါတယ်။
သင့်ရဲ့ တည်နေရာကို အခြားသူတွေ မသိစေချင်ရင်တော့ Settings ထဲမှာ ပိတ်ထားနိုင်ပါတယ်။
Big Thumbs Up တစ်ခု ပေးပို့နည်း
Messenger မှာ လက်မထောင်နေတဲ့ ပုံလေးကို အလွယ်တကူ ပေးပို့နိုင်ဖို့ ညာဘက်အောက်ခြေမှာ ပြသပေးထားပါတယ်။ တစ်ဖက်က သူငယ်ချင်းရဲ့ သဘောထား၊ အကြံဥာဏ် ဒါမှမဟုတ် တစ်စုံတစ်ခုကို နှစ်သက်ကြောင်း လျှင်မြန်စွာ ပြောပြနိုင်ဖို့ ပြုလုပ်ပေးထားတာပါ။ ဒါပေမယ့် အဲဒီ ထောင်နေတဲ့ လက်မလေးဟာ သေးငယ်ပါတယ်။ လက်မအကြီးကြီး ပေးပို့ချင်ရင် လက်မကို ဖိထားပြီး အကြီးဆုံး အနေအထားရောက်မှ လွှတ်လိုက်ပါ။

Admin>>>blog.myanmardigitallife.com
Admin>>>blog.myanmardigitallife.com
ကိုမိုး(နည်းပညာ
www.komoe.org
Post A Comment:
0 comments: