About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Google Pixel နဲ့ Pixel XL ဖုန်းများကို Bootloader / Fastboot Mode ၀င်နည်း


Google Pixel နဲ့ Pixel XL ဖုန်းများကို Bootloader / Fastboot Mode ၀င်နည်း
အလိုရှိနေကြတဲ့ ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Google Pixel နဲ့ Pixel XL ဖုန်းများဟာ
သတင်းတွေအရတော့ iPhone 9 & Plus ကို မေ့ထားပြီး ၀ယ်ယူအသုံးပြုသင့်ကြောင်း
စသည်ဖြင့် နာမည်ကြီးနေတာလည်း ဖြစ်ပါတယ်။


ဖုန်းရဲ့ ဗားရှင်းလည်း 7.0 Nougat ဖြင့် ထွက်ရှိလာတာဖြစ်ပြီး
Screen Lock အလန်းဇယားနဲ့ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ဖုန်းများဖြစ်ကြပါတယ်။

Pixel နဲ့ Pixel XL ဖုန်းများကိုလည်း Nexus Devices များကဲ့သို့ 
bootloader/fastboot mode စသည့် feature များပါဝင်နေတာကြောင့်
 ကြိုတင်လေ့လာထားခဲ့ရင်တော့ Tutorial များအတွက် အခက်မရှိနိုင်တော့ပါ။
Bootloader Mode & Fastboot Mode
=======================
ဖုန်းမှာ Bootloader Mode /Fastboot Mode တွင် oem level operations လို့ခေါ်တဲ့ 
bootloader ကို Unlock ပြုလုပ်ခြင်း system partitions များကို modify အလွယ်
ပြုလုပ်ယူနိုင်ခြင်း၊ Custom recovery များကို ထည့်သွင်းအသုံးပြုနိုင်ခြင်းများ စသည့်ဖြင့်
များစွာသော Function များကို ပြုလုပ်ရယူနိုင်ပါတယ်။

 bootloader mode/Fastboot Mode ရဲ့ အခြားသော ကဏ္ဍတွေကတော့
Unlocking ပြုလုပ်ပြီးတဲ့အခါ Super Users များအတွက် Custom ROMs, MODs များကို
ထည့်သွင်းရယူနိုင်ခြင်းများနဲ့ Root access များ အလွယ်ရယူနိုင်မှာလည်း ဖြစ်ပါတယ်။


Bootloader / Fastboot Mode ၀င်နည်း
=======================
1. ဖုန်းကို ပါဝါပိတ်လိုက်ပါ။

2. Power + Volume down များကို စက္ကန့်အနည်းငယ် နှိပ်ထားပါ။
(ဖုန်းမှာ bootloader mode သို့ရောက်သွားမှာပါ)

3. Volume Up & Down buttons များသည် အပေါ်တက် အောက်
ဆင်းနိုင်ပြီး Power ကီးကတော့ အတည်ပြုပေးတဲ့ ခလုပ်ဖြစ်ပါတယ်။


အထက်ဖေါ်ပြပါ နည်းလမ်းသည် Hardware Button များကို နှိပ်ပြီး
Google Pixel & Pixel XL ဖုန်းများကို Recovery Mode သို့ဝင်တာပဲဖြစ်ပါတယ်


တကယ်လို့ ကွန်ပျူတာဖြင့် ADB & Fastboot Setup ကိုအသုံးပြုပြီး
Bootloader / Fastboot Mode သို့ဝင်မယ်ဆိုရင်တော့ ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်လိုက်ပါ။


ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေပြီ ဆိုတာနဲ့ ADB Command Box ကို ဖွင့်လိုက်ပြီး
 adb reboot bootloader ကို ရိုက်ထည့်ပြီး Bootloader / Fastboot Mode ကိုဝင်နိုင်ပါတယ်။



ဇူးနစ်(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: