About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ထပ်မံထွက်ရှိတဲ့ iOS 10.1 public beta မှာ iPhone 7 Plus အတွက် Feature အသစ်ပါဝင်လာ


Apple အနေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က iOS 10 ရဲ့ beta version အသစ်အဖြစ် iOS 10.1 public beta 2 ကို ထုတ်ခဲ့ပြီး  bug တွေအမြောက်အများကို ပြင်ဆင်ထားရုံမက iPhone 7 Plus အတွက် Feature အသစ်လည်းထပ်မံပါဝင်လာတယ်လို့သိရပါတယ် ။
peggle-800x450

iOS 10.1 public beta ပေါ်မှာ 64 bit App တွေ ကိုပဲ ကောင်းမွန်စွာ အသုံးပြုလို့ရနိုင်တော့မှာဖြစ်ပြီး 32 bit App တွေကို Download ပြုလုပ် တဲ့အခါ ဖုန်းကို လေးလံသွားစေနိုင်ကြောင်း Alert Message နဲ့ သတိပေးမှာဖြစ်ပါတယ် ။ Apple ဟာ (၂၀၁၃) ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ iPhone 5s မှာကတည်းက 64 bit OS ကိုစတင်အသုံးပြုခဲ့တာဖြစ်ပြီး App Developer တွေကိုလည်း 64 bit App တွေကိုသာ ဖန်တီးဖို့ တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ် ။

Apple အနေနဲ့ App Store ပေါ်မှာ အသုံးဝင်မယ့် Update ဖြစ်တဲ့ App တွေကို ပဲထားချင်တော့တဲ့ အတွက် Update မဖြစ်တော့တဲ့ App တွေကိုဖယ်ရှားဖို့ နဲ့ Update ပြုလုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းက သတိပေး ချက်ထုတ်ပြန်ခဲ့ပါတယ် ။ ဖယ်ရှားချိန်ကို ရက်(၃၀) သတ်မှတ်ပေးထားပြီး သတ်မှတ်ရက်ပြည့်တဲ့အထိ Update မဖြစ်တဲ့ App တွေကို App Store ကနေဖယ်ရှားပစ်မှာ ဖြစ်တယ် လို့သိရပါတယ်

 admin>>>digitaltime

                                                       ကိုမိုး(နည်းပညာ)

                               www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: