Facebook ဟာ ‘Secret Conversation’ လို့ အမည်ပေးထားတဲ့ လှို့ဝှက်ကုဒ်ခံ၊ အလိုလိုပျောက်သွားတဲ့မက်ဆေ့တွေကိုလွန်ခဲ့တဲ့ ဂျူလိုင်လက စတင်စမ်းသပ်ခဲ့ပါတယ်။
ထို့နောက် မကြာမီမှာ တစ်ချို့ user တွေဆီ စတင်ထုတ်ပေးခဲ့ပြီး၊ ယခုအခါမှာတော့ ဒီလုပ်ဆောင်ချက်အသစ်ကို သန်း ၉၀၀ ကျော်ရှိတဲ့ Messenger အသုံးပြုသူအားလုံး အသုံးပြုနိုင်ပြီဖြစ်ကြောင်း ယနေ့ပဲ ကြေငြာလိုက်ပါပြီ။
‘Secret Conversation’ ဆိုတာ end-to-end encryption (E2EE) လို့ ခေါ်တဲ့ ပို့သူနဲ့ ကြည့်သူနှစ်ဦးသာ မြင်တွေ့နိုင်မယ့် လှို့ဝှက်ကုဒ်ခံမက်ဆေ့တွေပဲဖြစ်ပြီး၊ မက်ဆေ့ကုဒ်တွေကို စက်တစ်ခုချင်းစီအလိုက် သီးသန့်ထုတ်ပေးထားတာဖြစ်တာကြောင့် ကိုယ့်အကောင့်ကို တခြားလူတစ်ယောက်ကိုပေးထားလို့ (ချစ်သူဖြစ်ဖြစ်) တပြိင်တည်းသုံးနေမယ်ဆိုရင်တောင် ကိုယ်ပို့နေတဲ့မက်ဆေ့တွေကို သူမြင်ရမှာမဟုတ်ပါဘူး။ ကုန်ကုန်ဆိုရရင် Facebook ကတောင် ဒီမက်ဆေ့တွေကို ကြားဖြတ်ယူနိုင်မှာမဟုတ်ပါဘူး။
ဒီ့အပြင် auto-destruction လည်းပါဝင်တာကြောင့် မက်ဆေ့တွေကို ပို့ပြီးတာနဲ့ အချိန်တစ်ခုအတွင်းမှာ အလိုလိုပျောက်သွားအောင်လည်း လုပ်နိုင်ပါတယ်။ လုံခြုံရေးပိုင်းအရရော ၊ လှို့ဝှက်စကားပြောချင်တဲ့လူတွေအတွက် တော်တော်အသုံးဝင်တဲ့ feature သစ်တစ်ခုပါ။
ဒါဆို Messenger ရဲ့ ‘Secret Conversations’ ကို ဘယ်လိုသုံးမလဲ ?
ပထမဆုံး သင့် Messenger အက်ပ်ကို update လုပ်ပေးဖို့ လိုပါမယ်။
Update လုပ်ပြီးလို့ ‘Secret Conversations’ ပေါ်လာပြီဆိုရင် ဘယ်လိုသုံးရမလဲ လေ့လာကြည့်ရအောင်။
- ‘Secret Conversation’ ကို လက်ရှိပြောနေတဲ့ မက်ဆေ့ဘောက်စ်ကနေတင် ပြောလို့ရမှာမဟုတ်ဘဲ၊ သီးသန့်ဘောက်စ်တစ်ခုကနေ သုံးရမှာပါ။ သာမန်မက်ဆေ့ဘောက်စ်နဲ့ ကွဲအောင်လို့ ‘Secret Conversations’ ဘောက်စ်ကို အနက်ရောင်ခြယ်ထားပါတယ်။
- ပထမဦးဆုံး ကိုယ်ပြောချင်တဲ့လူဆီ သာမန်မက်ဆေ့ဘောက်စ်ကနေပဲ ဝင်လိုက်ပါ။
- ပြီးရင် ထိပ်ဆုံးက ညာဘက်ထောင့်က “i” ပုံစံလေးကို နှိပ်လိုက်ပါ။
- နောက်ထပ်ပေါ်လာတဲ့ Details စာရင်းမှာ သော့ခလောက်ပုံစံ ‘Secret Conversation’ ဆိုတာကို ထပ်နှိပ်လိုက်ပါ။
- ယခုအခါ သီးသန့်မက်ဆေ့ဘောက်စ်တစ်ခုပေါ်လာမှာဖြစ်ပြီး၊ သာမန် conversation ဆို အပြာရောင်၊ ‘secret conversation’ ဆို အနက်ရောင်နဲ့ ပြပါလိမ့်မယ်။
- ယခု ‘Secret Conversation’ ဘောက်စ်ကနေ သင်ပြောချင်ရာကို နှစ်ကိုယ်ကြား သီိးသန့်ပြောနိုင်ပြီး၊ လုံခြုံမှုက လုံးဝစိတ်ချရပါတယ်။ သင့်အကောင့်ကို တခြားဖုန်းတစ်ဖုန်းမှာ ဝင်ကြည့်ရင်တောင် ဒီ ‘Secret Conversation’ တွေကို မြင်ရမှာမဟုတ်ပါဘူး။
အလိုလိုပျောက်သွားတဲ့မက်ဆေ့တွေ ပို့ချင်တယ်ဆိုရင်တော့
- ‘Like’ icon အပေါ်က နာရီပုံလေးမှာ မက်ဆေ့အလိုလိုပျောက်သွားမယ့်အချိန်ရွေးပေးပါ။ 1 day တစ်ရက်အထိ ရွေးပေးနိုင်ပါတယ်။
- ဟိုဖက်က ဖတ်ပြီးမြန်မြန်ပျောက်သွားစေချင်တယ်ဆိုရင် တစ်မိနစ်၊ စက္ကန့်ခြောက်ဆယ်လောက်ဆို အနေတော်ပါပဲ။
- ပြီးရင် Send နှိပ်လိုက်ပါ။ ဒီအခါ သင်ပို့လိုက်တဲ့မက်ဆေ့မှာ အချိန်ရေတွက်နေတာလေး တွေ့ရမှာဖြစ်ပြီး၊ အချိန်ပြည့်တာနဲ့ အလိုလိုပျက်သွား၊ပျောက်သွားမှာပါ။
သတိပြုရမှာတစ်ခုက ‘Secret Conversation’ ကို သုံးချင်တဲ့ ဖုန်းနှစ်လုံးစလုံးမှာ ရပြီးသားဖြစ်ရမှာပါ။ မရသေးဘူးဆိုရင်တော့ တစ်ဖက်လူကိုလည်း Messenger update လုပ်ဖို့ ပြောလိုက်ပါ။
Credit>digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: