About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

iPhone 7 screen အဝါရောင်သန်းနေတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ?

ဒါကတော့ Apple ရဲ့ brand အသစ်ဖြစ်တဲ့ iPhone 7 screen အဝါရောင်သန်းနေတဲ့ ပြဿနာကို အလွယ်တကူဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။
တကယ်လို့ iPhone 7 ဒါမှမဟုတ် iPhone 7 Plus ကိုဝယ်ပြီးတဲ့အခါ သင့်ရဲ့ iPhone 6s ဒါမှမဟုတ် အရင်ဖုန်းတွေနဲ့ ယှဉ်လိုက်လို့ screen မှာ ရောင်စဉ်တွေ များနေတယ်ဆိုရင် screen နဲ့ပတ်သတ်ပြီး ချို့ယွင်းချက်ရှိနေတာဖြစ်ပါတယ်။ ဒီတိုင်းကြည့်လိုက်ရင် လူအများစုက သတိမထားမိပေမယ့် ဘေးတိုက် ယှဉ်ကြည့်လိုက်ရင်တော့ iPhone 7 ရဲ့ မျက်နှာပြင်ပေါ်မှာ အဝါရောင်ခပ်ပြေးပြေးလေး ဖြစ်နေတာကို တွေ့ရမှာပါ။ ကံကောင်းတာကတော့ သူ့ကို iOS ရဲ့ Accessibility setting မှာဝင်ပြင်ပေးလို့ရပါတယ်။
fix-yellow-tint-iphone-7
ဒီပြဿနာက iPhone 7 တချို့ကို တကယ်ပဲ display အဝါရောင်နဲ့ ထုတ်ထားသလားလို့တောင် အထင်မှားစေပါတယ်။ ဒါပေမယ့် တကယ်တမ်းကတော့ ထုတ်လုပ်မှုပိုင်းမှာ နည်းနည်းလိုသွားတဲ့အတွက် မျှော်လင့်ထားသလို တစ်ထပ်တည်းကျမလာတာပါ။ အရင် iPhone တွေမှာလည်း ဒီလိုဖြစ်တာရှိပါတယ်။
ရက်အနည်းငယ်စောင့်ခဲ့ပေမယ့်လည်း iPhone 7 ရဲ့ display တွေက အရင်လိုဝါကျင့်ကျင့်အရောင်ဖြစ်နေတယ် ထင်ရတုန်းပါပဲ။ ဒါကိုလည်း iOS 10 မှာ Accessibility setting ကိုအလွယ်တကူဝင်ပြင်နိုင်ပါတယ်။
အဆင့်(၁) ပထမဆုံး iPhone 7/ 7 Plus ရဲ့ Setting ကိုဖွင့်ပါ။
အဆင့်(၂) ပြီးရင် General ကနေ “Accessibility” ကိုသွားပါ။
အဆင့်(၃) Accessibility menu ရဲ့ ‘Display Accommodation’ ကနေ “Color Filters” ကိုနှိပ်ပါ။
display-accomodations
အဆင့်(၄) Color Filters ကို On ပေးပြီး “Color Tint” ကိုရွေးပေးပါ။
color-filters
အဆင့်(၅) အခု ကိုယ်ရဲ့မျက်လုံးနဲ့ ကြည့်လို့အဆင်ပြေမယ့် display ရဲ့အရောင်ကို ချိန်ညှိပေးနိုင်ပါပြီ။ ကိုယ်ကြိုက်တဲ့ အနေအထားထိရောက်အောင် အရောင် bar လေးကိုရွှေ့ပြီးညှိရုံပါပဲ။
ဒီလိုလုပ်လို့မှအဆင်မပြေသေးဘူးဆိုရင်တော့ “Intensity” slider လေးကိုရွှေ့ပြီး ကိုယ့်မျက်လုံးနဲ့အဆင်ပြေနိုင်မယ့် အရောင်ဖြစ်တဲ့အထိညှိကြည့်ပါ။
iphone-7-yellow-tint-vs-iphone-6s
ပြီးပြီးချင်း ဘေးတိုက်စောင်းကြည့်လိုက်ရင် မပြင်ခင်ကနဲ့ပြင်ပြီး တော်တော်ကွာသွားတာကိုတွေ့ရမှာပါ။ ခုနကဖုန်းနဲ့ ပြန်ယှဉ်ကြည့်လိုက်ခြင်းအားဖြင့် Setting ကို ပြင်လိုက်ရုံနဲ့ ဘယ်လောက်တောင်ကွာခြားသွားစေလဲဆိုတာ မြင်ရမှာဖြစ်ပါတယ်။
Admin>>>Myanmarmoblie app

                                                    ကိုမိုး(နည်းပညာ)

                                                   www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: