About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Airplane mode ဖွင့်ပြီး ဖုန်းအားသွင်းတာ အားမြန်မြန် ပိုပြည့်စေသလား


မိမိဖုန်း ဘက်ထရီအား ၂၀% ထိ လျှော့နည်းတာကို တွေ့ရတာလောက် စိတ်ပျက်စရာ မရှိပါဘူး။ ဖုန်းကို airplane mode ဖွင့် အားသွင်းမယ်ဆိုရင် အားဝင်မှုနှုန်း ၂ ဆ ပိုမြန်တယ်လို့ ကြားဖူးပါလိမ့်မယ်။
တကယ်တော့ airplane mode က အချိန်ကုန်သက်သာစေတဲ့ အံ့ဖွယ်သရဲတော့ မဟုတ်ပါဘူး။ iPhone ကို offline mode လို့လည်းသိရတဲ့၊ နောက်ပြီး ဖုန်းခေါ်ဆိုမှုနဲ့ တက်ခ်မက်ဆေ့ခ်ျ ပေးပို့မှု၊ လက်ခံရရှိမှု ဟန့်တားပေးတဲ့ airplane mode ဖွင့်ပြီး အားသွင်းတာက အားသွင်းချိန် ခန့်မှန်းခြေ ၄ မိနစ် လျှော့နည်းသက်သာစေပါတယ်။
ဒါဟာ ဖျော်ရည်တစ်ခွက်ဖျော်ဖို့ သို့မဟုတ် သွားတစ်ခါတိုက်ဖို့ လုံလောက်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ခြင်းဖြင့် မိမိဖုန်း စွမ်းဆောင်ရည်ကျဆင်းစေပါလိမ့်မယ်။ နောက် အဲဒီလို airplane mode ဖွင့်ပြီး အားသွင်းနေရတော့ အပြင်က ကိုယ့်ဖုန်းကို ဖုန်းခေါ်မရတာ သို့မဟုတ် မက်ဆေ့ခ်ျပေးပို့လို့ မရတာစတဲ့ အဆင်မပြေမှုလေးတွေလည်း ကြုံရပါလိမ့်မယ်။
ဒီလို အမြန်အားသွင်းနည်းတွေ အသုံးပြုမယ့်အစား ဖုန်းအသုံးမလိုတော့တဲ့အချိန်မှာ ပုံမှန်နည်းလမ်းအတိုင်း စိတ်ရှည်ရှည်ထား အားသွင်းတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ 

Admin @ Tend.com.mm

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: