About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Android 7.0 Nougat အတွက် Tips & Tricks များ

Google ရဲ့ နောက်ဆုံးထုတ် Android OS ကို Android Device များမှာ မကြာခင် အသုံးပြုနိုင်လာကြတော့မှာ ဖြစ်ပါတယ်။ Android 7.0 ကို Google Nexus နဲ့ Pixel Devices များမှာ စတင် ထည့်သွင်းပေးခဲ့တာ ဖြစ်ပြီး အဲဒီ OS ကို  LG V20 နဲ့အတူ စတင် ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဖုန်း ကုမ္ပဏီများက သူတို့ရဲ့ ဖုန်းများမှာ Android 7.0 ကို ဖြန့်ချီပေးဖို့ ပြုလုပ်နေပါပြီ။ အဲဒီအတွက် Android 7.0 နဲ့ ပတ်သက်တဲ့ Tips & Tricks များကို ဖော်ပြပေးလိုက်ပါတယ်။
2
2
1.Quick Reply
Messenger တွေကို ဖွင့်စရာ မလိုတော့ပါဘူး။ Notification Bar ကနေ စာပြန်နိုင်ပါပြီ။ လက်ရှိ သုံးနေတဲ့ App ကို ပိတ်စရာမလိုတော့တဲ့အတွက် အရမ်း အသုံးဝင်ပါတယ်။
3
.
3
2.
ဘက်ထရီ သက်တမ်း ကြာရှည်ခြင်း
Doze စွမ်းဆောင်ချက် အသစ်ဟာ မလိုအပ်ဘဲ Run နေတဲ့ Apps များကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ပိတ်ပင်တားဆီးပေးပါတယ်။ Android 6.0 မှာတော့ ဖုန်းဟာ လှုပ်ရှားမှု မရှိတဲ့ အချိန်မျိုးမှာသာ Doze က အလုပ်လုပ်ပါတယ်။ Android 7.0 မှာတော့ အိတ်ထဲထည့်ပြီး လမ်းလျှောက်နေရင်တောင် အလုပ်ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းကို ၁၀ ကနေ ၂၅ ရာခိုင်နှုန်း အထိ ပိုမို ကြာစေပါတယ်။
.4
4
3.Multitasking
Samsung Galaxy Note Series များမှာ App ၂ ခုကို ဘေးချင်းယှဉ် သုံးလို့ရတဲ့ Multitasking စွမ်းဆောင်ချက်ပါပါတယ်။ အခုတော့ Android 7.0 မှာ Multitasking ပါလာပါပြီ။ App တစ်ခုကို သုံးနေစဉ်မှာ  Navigation Bar ရဲ့ ညာဘက်မှ Overview Button ကို နှိပ်၍ ဘေးချင်းယှဉ် သုံးမယ့် App ကို ရွေးပေးလိုက်ရုံပါပဲ။
5.
5
4.Quick App Switch
Overview Button ကို နှစ်ချက်နှိပ်ရင် နောက်ဆုံး သုံးခဲ့တဲ့ App ကို ပြန်သုံးနိုင်လာပါပြီ။ အရင်တုန်းကထက် App တွေ ပြောင်းသုံးရတာ ပိုမြန်လာပါတယ်။
6.
6
5.Emoji အသစ်များ
Unicode 9 ကို အဆင့်မြှင့်လိုက်တဲ့အတွက် Emoji အသစ် ၇၂ ခု ပါလာပါတယ်။ အားလုံးပေါင်း ၁၅၀၀ ကျော်ရှိပါပြီ။
.8
8
6.Quick Settings ကို ပြင်ဆင်ခြင်း
Quick Settings မှာ သင် အသုံးအများဆုံး ၅ ခုကို စိတ်ကြိုက်ပြင်ဆင် သတ်မှတ်နိုင်ပါပြီ။ Quick Settings ရဲ့ ညာဘက်အောက်ခြေမှ Edit ခလုတ်ကို နှိပ်ပြီး အိုင်ကွန်များကို လက်ဖြင့် ဖိပြီး နေရာပြောင်းပါ။
.9
9
7.System UI Tuner
Notification Bar မှ အိုင်ကွန်များ၊ Do Not Disturb Setting နဲ့ Split-Screen Multitasking အတွက် အပေါ်သို့ ပွတ်ဆွဲတဲ့ Gesture တို့ကို ပြင်ဆင်ချင်ရင် System UI Tuner ကို သုံးနိုင်ပါတယ်။ အဲဒါကို Activate လုပ်ဖို့ Quick Settings ထိပ်မှ စက်သွား ခလုတ်ကို ၃ ကနေ ၅ စက္ကန့် အထိ ဖိထားပါ။ Main Settings ထဲသွားရင် System UI Tuner ကို တွေ့ရမှာပါ။
10.1010
10
8.Power Notification Controls
System UI Tuner ထဲမှာ Power Notification Controls လို့ ခေါ်တဲ့ Notification များကို သီးခြားစီ ထိန်းချုပ်နိုင်တဲ့ Setting ပါပါတယ်။ အဲဒီ စွမ်းဆောင်ချက်က   Notifications ရဲ့ အရေးကြီးမှုကို ခွဲခြမ်းစိတ်ဖြာပေးနိုင်တဲ့အတွက် သင်တကယ်လိုအပ်တဲ့ Notification များကိုသာ မြင်ရမှာပါ။
.9a
9a
9.Data Saver
မိုဘိုင်းဒေတာ သက်သာစေတဲ့ Data Saver စွမ်းဆောင်ချက် ပါလာပါပြီ။ Data Usage ကဏ္ဍအောက်မှာ အဲဒီ စွမ်းဆောင်ချက်ကို ဖွင့်နိုင်ပါတယ်။ သူက နောက်ကွယ်ကနေ ဒေတာများ ပေးပို့ ၊ ရယူနေတဲ့ App များကို ပိတ်ပေးပြီး လက်ရှိ သုံးနေတဲ့ App ရဲ့ ဒေတာ အသုံးပြုမှုကိုလည်း လျှော့ချပေးပါတယ်။ အချို့ Apps များကို Whitelist ထဲ ထည့်ထားနိုင်ပါတယ်။
.10a
10a
10.DPI နဲ့ ဖောင့် အရွယ်အစားကို ပြင်ပါ။
စကရင်မှ စာသားနဲ့ အိုင်ကွန်များဟာ အလွန်ကြီး သို့မဟုတ် အလွန်သေးနေရင် ချိန်ညှိနိုင်ပါတယ်။ Display Size Setting က အကြီးချဲ့ပေးပြီး Font Size Setting က ဖောင့်အရွယ်အစားကို ချိန်ညှိနိုင်ပါတယ်။
.11
11
11.Cat Collecting Game
Android 7.0 မှာ ကြောင် အစာရှာတဲ့ ဂိမ်းတစ်ခု ပါလာပါတယ်။ ပရိုဂရမ်တွေရဲ့ Easter Egg တစ်ခုပါပဲ။ အဲဒီဂိမ်းကစားဖို့ အတွက် Settings ထဲက About ကို သွားပါ။ Android Version Number ကို ၃ ကြိမ်နှိပ်ရင် N Logo ကြီးကို တွေ့ရမှာပါ။ ကြောင် Emoji ပေါ်လာတဲ့ အထိ လိုဂိုကို ဆက်တိုက် နှိပ်ပါ။
Admin @ digitaltime

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: