ဂီတက လူတွေရဲ့ စိတ်ခံစားမှုကို ဘယ်လို သက်ရောက်စေနိုင်တယ်ဆိုတာကို သင်သိနှင့်နေပြီးသားဖြစ်မှာပါ။ ဘယ်လို အသက်အရွယ်မျိုးမှာမဆို ဂီတကို နားထောင်နေဖို့ လိုအပ်လှပါတယ်။ သိပ္ပံပညာရှင်တွေကတော့ တခြားသော သီချင်းတွေထက် အသံလှိုင်းတွေရဲ့  စွမ်းအားကတဆင့် စိတ်ဖိစီးမှုကို ပိုမိုလျော့ကျစေပြီး အိပ်မောကျစေနိုင်မယ့် သီချင်းတစ်ပုဒ်ကို ထပ်မံတွေ့ရှိလိုက်ပြန်ပါပြီ။
အဲဒီသီချင်းကတော့ Marconi Union ရဲ့ Weightless ပဲဖြစ်ပါတယ်။ Weightless ဟာ စီးဆင်းနေတဲ့ ဟာမိုနီ အသံတွေ ၊ ညင်သာတဲ့ခေါင်းလောင်းသံတွေအပြင် နှလုံးခုန်သံကို အခြေပြုထားတဲ့ ရစ်သမ်တွေ ပေါင်းစပ်တီးခတ်ထားတာပဲဖြစ်ပါတယ်။ သုတေသနပညာရှင်တွေကတော့ Weightless ဟာ Coldplay နဲ့ Mozart တို့ရဲ့ သီချင်းတွေထက် စိတ်ဖိစီးမှုကို ၁၁ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့အဆိုပြုထားပါတယ်။
သင့်အတွက် အိပ်ပျော်ဖို့ အခက်အခဲရှိနေပြီး စိတ်ဖိစီးမှုတွေ များပြားနေမယ်ဆိုရင် Weightless ကို နားထောင်ကြည့်လိုက်ဖို့ အကြံပြုလိုက်ပါရစေ။ Weightless အပြင် သုတေသနပညာရှင်တွေ ထပ်မံညွှန်းဆိုထားတဲ့ သီချင်း(၁၀)ပုဒ်ကိုပါ ဖော်ပြပေးလိုက်ပါတယ်။
၁၀။ We Can Fly by Rue du Soleil (Café Del Mar)
၉။ Canzonetta by Mozart
၈။ Someone Like You by Adele
၇။ Pure Shores by All Saints
၆။ Please Don’t Go by Barcelona
၅။ Strawberry Swing by Coldplay
၎။ Watermark by Enya
၃။ Mellomaniac (Chill Out Mix) by DJ Shah
၂။ Electra by Airstream
၁။ Weightless by Marconi Union တို့ပဲဖြစ်ပါတယ်။
Admin@ Trenr .com.mm
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: