About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Facebook ပေါ် အရည်အသွေးမြင့် ဓာတ်ပုံတွေ upload လုပ်ချင်သလား

Upload လုပ်လိုက်တဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘုတ်ခ်ပေါ်တက်သွားရင် နဂိုအတိုင်း မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲ။ ဓာတ်ပုံအရေအတွက် သန်း ၃၅၀ မက နေ့စဉ် upload တက်နေတာပါ။ အဲ့ဒီလို ဒေတာတွေ များလွန်းတာက ဆိုဒ်ကို နှေးကွေး သို့မဟုတ် ပျက်ကျစေနိုင်ပါတယ်။ ဒေတာအချက်အလက်တွေ ပေါ့ပါးစေဖို့နဲ့ ဆိုဒ်ပေါ်လည်ပတ်လုပ်ဆောင်မှု ပိုမိုမြန်ဆန်စေဖို့အတွက် ဖေ့စ်ဘုတ်ခ်က သင့်ဓာတ်ပုံတွေကို ပုံမှန်ဓာတ်ပုံတွေအတွက် ပုံမှန်အရွယ်အစား 720px ၊ 920px ၊ 2048px နဲ့ ကာဗာဖိုတိုတွေအတွက် 851px by 315px သို့ အရွယ်အစားနဲ့ ပုံစံကို အော်တိုပြောင်းပေးပါတယ်။
ဓာတ်ပုံကို ချုံ့ပေးပြီး ပုံတွေ ကြည့်ရဆိုးတဲ့ အနေအထားအထိ ကွာလတီ လျှော့ချလိုက်ပါတယ်။ဒီတော့ မိမိဓာတ်ပုံတွေ ချုံ့လိုက်လို့ သဘောမကျ ဖြစ်နေကြသူတွေ ဒါကို အဆင်ပြေအောင် ဘယ်လုပ်မလဲ။ နောက်တခါ ပုံတွေ upload လုပ်တဲ့အခါ ဒီအချက်တွေအတိုင်း လုပ်ဆောင်ကြည့်ရုံပါပဲ။
၁။ ဖေ့စ်ဘုတ်ခ်အနေနဲ့ သင့်ဓာတ်ပုံတွေကို ပုံမှန်အရွယ်အစားအတွက် 720px ၊ 920px ၊ 2048px သို့ resize လုပ်ဖို့ အကြံပြုထားပါတယ်။ ဒါကို ပုံတွေ upload မလုပ်ခင် image edit program နဲ့လုပ်ပါ။ ဒီနည်းက ပုံအရည်အသွေး ထိန်းသိမ်းပေးနိုင်ပါတယ်။
၂။ ဓာတ်ပုံတွေ ချုံ့မခံရအောင် ဖိုင်ဆိုဒ် 100MB အောက်သာ cover photo တင်ပါ။
၃။  မိမိဓာတ်ပုံကို sRGB color profile နဲ့ JPEG နဲ့ save လုပ်ဖို့ ဖေ့စ်ဘုတ်ခ် အကြံပြုထားပါတယ်။
၎။ Photo album ကို upload လုပ်တဲ့အခါ High Quality check box နဲ့ မဖြစ်မနေ tick လုပ်ပေးပါ။ uploading window ရဲ့ ဘယ်ဘက်ခြမ်းမှာ တွေ့ပါလိမ့်မယ်။
၅။ iPhone အသုံးပြုသူတွေအနေနဲ့ Facebook Account settings > Videos and photos > Upload HD သို့ သွားနိုင်ပါတယ်။ မိမိဓာတ်ပုံတွေကို HD ကွာလတီ upload လုပ်ပေးပါလိမ့်မယ်။ အလားတူပဲ Android သုံးသူတွေဟာ App settings > Account Settings > Photos > Upload HD သို့ သွားရောက်လုပ်ဆောင်နိုင်ပါတယ်။  
Admin@trend.com.mm

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: