About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

MTK စမတ်ဖုန်းများမှာပါဝင်တဲ့ mt6166 IC နံပါတ်နဲ့ပတ်သတ်ပြီး သိထားသင့်တာလေးများ

MTK ဖုန်း​တော်​​တော်​များများမှာပါတဲ့ network ပိုင်းမှာ​ရော စက်​နိုးခြင်းအပိုင်းမှာ​ရော ပါတဲ့ MT6166 . MT6167 RF ဟုလည်း ​ခေါ်ကြသည်​ ( power ic အမျိုး​အစား​ပေါ်မူတည်​၍ ကွဲပြားနိုင်​ပါသည်​ MT6166 MT6167 ဘာညာသာတကာ ဟုဆိုကာ )
အဲ့​ကောင်​​လေး​တွေကို network အပိုင်းမှာ ​ရော စက်​နိုးခြင်းအပိုင်းမှာ ​ရော ထည့်​သုံးကြပါတယ်​ အဲ့ IC ပျက်​​နေရင်​​သော်​လည်း​ကောင်း ဖြုတ်​ထားရင်​ ​သော်​လည်း​ကောင်း စက်​မနိုးနိုင်​ပါဘူး .
ကျ​နော်​ တို့ ခနခနကြုံဘူးကြမှာပါ 730-U00 လိုmoldel မျိုးမှာ LCD  ​ဆော့ကပ်​လဲတာ ပါဝါ မလာ​တော့ဘူးဆိုတဲ့ ဟာမျိုး …..ဘာလို့လဲ ဆို​တော့ အဲ့ LCD ဆော့ကပ်​ရဲ့ ​အောက်​မှာ အဲ့ MT 6166 IC  ​လေး ခဲလွတ်​သွားလို့ပါ ….

သူရဲ့ လုပ်​ဆောင်​ချက်​က ဘယ်​လိုလဲ ဆို​တော့ ….
Power IC က​နေ့ပီး​တော့ အဲ့ IC  ​လေးကို လှမ်း​မေးပါတယ်​ မင်းရှိလားးးး အဲ့အချိန်​မှာ အဲ့ IC ​ကောင်းတယ်​ ဆိုရင်​ သူက power IC ကို ပြန်​​ပြောပါတယ်​ ​အေး…ငါ ရှိတယ်​ …….
အဲ့အချိန်​မှာ power IC က သူ့ရဲ့ အ​ကြောင်းပြန်​တာကို
CPU ကို လှမ်း​ပြောလိုက်​ပါတယ်
ဟေ့​ကောင်​ CPU ကြီး ဟို​ကောင်​ 6166 ဆိုတဲ့ ငတိ  ​တော့ ရှိတယ်​ ဟ
ဟို​ကောင်​ ငါ့ပြန်​​ပြောတယ်​ ဆိုပီး …….
အဲ့အချိန်​မှာ CPU က power IC  က​နေ ​ပြောတဲ့ 6166 ရှိတယ်​ ဆိုတဲ့ စကားနဲ့ စက်​နိုးခြင်းစတင်​ပါတယ်​ …….

အဲ့အချိန်​မှာ ဘယ်​လို Volt အား​ပေးသွင်းလဲ ဆို​တော့…
ပုံ ( 1 ) မှာ ပြထားပါတယ်​ ပုံ  ( 1 ) က Vdd 1.8 နဲ့ VTCHO 2.8 ဆိုပီး 1.8 တလိုင်းနဲ့ 2.8 နှစ်​လိုင်း ကို power IC က​နေ MT6166 ဆိုတဲ့ IC ​လေးကို Volt အား​ပေးသွင်းပါတယ်
အဲ့ volt က အဲ့ MT6166 IC ​လေးကို နိုးထဖို့​ပေးသွင်းတဲ့ volt ပါ IC တပ်​မထားလဲ သူ့ကို​ပေးတဲ့ power IC ​ကောင်းရင်​ ​ရောက်​​နေမှာပါ ….

ပုံ ( 2 ) မှာ​တော့ အဲ့ MT6166 IC ​ကောင်းမှ ပြန်​ထွက်​မဲ့ VOLT ပါ
အဲ့ IC မ​ကောင်းရင်​ အဝါ ​ရောင်​ နဲ့ ထိုးပြထားတဲ့ 1.8 VOLT ​တေ မထွက်​ပါဘူး IC ဖြုတ်​ထားရင်​ လဲ မထွက်​ပါဘူး

အဲ့​တော့ MT6166 ဆိုတဲ့ IC ထဲကို power IC က​ပေးတဲ့ အဝင်​volt သာရှိပီး ic မ​ကောင်းရင်​  အဝါ​ရောင်​ နဲ့ ပြထားတဲ့ 1.8 volt ​လေး​တေ မထွက်​နိုင်​ပါဘူး……

အဲ့​တော့ Power ic ကိုပြန်​အ​ကြောင်းမကြားနဲ့အတွက်
power ic က က cpu ကိုလှမ်းမ​ပြော​တော့ပါဘူး

အဲ့အ​ခြေအ​နေမှာ ဖုန်းကို စက်​ပလိုင်းနဲ့ ချိတ်​ရင်​ 0.1 ​လောက်​ တက်​ပီး လွတ်​ရင်​ ပြန်​ကျသွားပါတယ်

eMMC  မ​ကောင်းရင်​လဲ အဲ့ error မျိုးပြပါတယ်​ သူက​တော့ 0.2 ​လောက်​ထိ တက်​ပါတယ်​ လွတ်​ရင်​ ပြန်​ကျပါတယ်
6166 မ​ကောင်းရင်​​တော့ 0.1 ​လောက်​ပဲတက်​ပါတယ်​ လွတ်​ရင်​ ပြန်​ကျပါတယ်

အ​တော့ တပြင့်​အပိုင်း​တေ မ​ကောင်းတာလား
mt6166 ic​လေးမ​ကောင်းတာလား ဆိုတာကို သူ့ရဲ့ အဝင်​ volt အထွက်​ volt နဲ့ စစ်​နိုင်​ပါတယ်
ပုံ ( 1 ) နဲ့ ပုံ ( 2 ) ကိုကြည့်​ပီး ​တော့

ကျ​နော်​ နမူနာ ပြထားတာ 730-U00 ပါ
poweric 6323 ဆိုရင်​ MT6166 ပါ

610U00 ဆိုရင်​ power ic 6320 ဖြစ်​ပီး MT 6167 လို့
pw ic ​ပေါ်မူတည်​၍ ​ပြောင်းလဲ နိုင်​ပါတယ်

refer – Good Good


Warmly Welcome
KoHtoo ( MMAS )

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: