About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ဖုန်းအားသွင်းပြီးတိုင်း ပလပ်ကြိုးဖြုတ်ထားသင့်တဲ့ အကြောင်းအရင်း

ဖုန်းအားသွင်းကြိုးတွေ သုံးစွဲပြီးတဲ့အခါ ပြန်ဖြုတ်ဖို့ တစ်ကြိမ်မဟုတ် နောက်တစ်ကြိမ် ကျွန်ုပ်တို့အများစု သတိပေးခံခဲ့ဖူးကြပါတယ်။ ဒါပေမယ့် ဘယ်သူတွေ တကယ် လိုက်နာကြပါသလဲ။ အားသွင်းကြိုးတွေကို ပလပ်မဖြုတ်ဘဲ ထားတာ ဘယ်လောက် ဆိုးကျိုးဖြစ်စေလဲ တကယ်သဘောပေါက်ပါက သင် ပြောင်းလဲလာပါလိမ့်မယ်။
ဖြစ်နိုင်ခြေကို မှန်းဆပြောဆိုမှုတချို့မှာ ဖုန်းအားသွင်းကြိုးမဖြုတ်ဘဲ ထားတာက မီးအားအများကြီး သုံးဖြုန်းပစ်တယ်လို့ ဆိုကြပါတယ်။ အသုံးမပြုတဲ့အချိန်မှာတောင် အားသွင်းကြိုးကနေတဆင့် စီးနေတဲ့ လျှပ်စီးပမာဏအနည်းငယ်ဟာ ကြီးမားတဲ့အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်ခဲပါတယ်။
အားသွင်းကြိုး ပလပ်ခေါင်းထိုးထားပြီး ပါးစပ်တွင်းထည့်ပြီးနောက် ကလေးငယ်တွေ အရေပြားအပေါ်ဆုံးလွှာ မီးလောင်ပျက်စီးမှု ဖြစ်တဲ့ ထူးခြားဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါ ကလေးတွေ အိမ်တွင်းမှာ လုပ်နေတဲ့ အရာတစ်ခုဖြစ်ပေမယ့် အသိပေးထားခြင်း မရှိပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို သတိရှိဖို့ လိုပါတယ်။ 
admin>>>trend.com.mm
ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: