About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

သင်မသိသေးတဲ့ စမတ်ဖုန်းဖြင့် ပြုလုပ်နိုင်တဲ့အရာများ

စမတ်ဖုန်းကို စမတ်ဖုန်းလို့ ခေါ်တာ အကြောင်းရှိပါတယ်။ အဲဒီအကြောင်းက ၂၀၁၆ မှာ ရှင်းလင်းပြတ်သားလာခဲ့ပါတယ်။ ဒီပစ္စည်းကိရိယာတွေက များစွာ လုပ်နိုင်ပါတယ်။ ဒါပေမယ့် မိမိဆရာဝန်နဲ့ ရက်ချိန်းတွေ သတိပေးခြင်း၊ ကိုယ်ကာယလေ့ကျင့်မှု အထောက်အကူပြုခြင်းနဲ့ ဂိမ်းတွေကစားနိုင်တဲ့အပြင် သင့်စမတ်ဖုန်း လုပ်ဆောင်နိုင်တဲ့ အရာမျိုးစုံ ရှိပါတယ်။ Android သုံးစွဲသူ၊ iPhone သုံးစွဲသူ ဒါမှမဟုတ် Window ဖုန်း ကိုင်ဆောင်သူ ဘယ်သူမဆို မိမိစမတ်ဖုန်းကို အကျိုးရှိရှိအသုံးပြုဖို့ ပညာရှင်တွေ အမျိုးမျိုးတည်ထွင်ကြံဆဖန်တီးလျက်ရှိပါတယ်။ 
 
ဖုန်းကတဆင့် print တန်းထုတ်နိုင်
Printeroid လို့ခေါ်တဲ့ iOS printer ဟာ ဖုန်းကနေ print တန်းထုတ်ပေးနိုင်ပါတယ်။ ဖိုင်တွေကို ကွန်ပျူတာသို့ အရင်ပြောင်းရွေ့ပြီး ကွန်ပျူတာကနေမှ print ထုတ်ရတဲ့ဒုက္ခ မရှိတော့ဘူးပေါ့။ 
 
နှလုံးခုန်နှုန်း စမ်းသပ်စစ်ဆေးခြင်း 
iOS နဲ့ Android မှာ ဒေါင်းလုဒ်ရယူနိုင်တဲ့ Instant Heart Rate လို app တွေဟာ ဖုန်းကင်မရာရှေ့မှာ လက်ချောင်းလေးထားလိုက်ရုံနဲ့ သွေးခုန်နှုန်းကို သိနိုင်ပါတယ်။ 
 
မျက်နှာပြင်ညီမညီ ညှိပေးတဲ့ ကိရိယာအဖြစ်သုံးနိုင် 
ဓာတ်ပုံချိတ်ရာမှာပဲဖြစ်ဖြစ်၊ စင်တွေ အလိုင်းမင့်ချိန်ရာမှာပဲ ဖြစ်ဖြစ် အထောက်အကူဖြစ်စေနိုင်တဲ့ free bubble level apps တွေ iOS မှာကော Android မှာပါ များစွာ ရှိပါတယ်။ 
Ref: trend.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: