
နည်းပညာလောကမှာ ထင်ရှားတဲ့ ကုမ္ပဏီအများအပြား ရှိပါတယ်။ မိုက်ကရိုဆော့ဖ်၊ အေအိုအယ်လ်၊ အက်ပလ်၊ စသဖြင့် နာမည်ကြီး ကုမ္ပဏီတွေ အများအပြားရှိပါတယ်။ အခု သက္ကရာဇ် ၂၀၁၀ နောက်ပိုင်းမှာတော့ ထင်ထင်ရှားရှား ဖြစ်ထွန်းလာခဲ့တဲ့ အဖွဲ့အစည်း ၂ ခု ရှိပါတယ်။ အဲဒါတွေက ဖေ့စ်ဘုတ် နဲ့ ဂူးဂဲလ် ပါ။
နည်းပညာသမားတွေအပြင် တခြားလောကက လူတွေ ပါ အလုပ်လုပ်ကြဖို့ အိပ်မက်မက်ကြတဲ့ ကုမ္ပဏီ ၂ ခု ပါ။ အဲဒီ ၂ ခု က ဖေ့စ်ဘုတ် နဲ့ ဂူးဂဲလ်။ ဘယ်မှာ အလုပ်လုပ်ချင်သလဲ။

ဖေ့စ်ဘုတ်
============
ဖေ့စ်ဘုတ် ဟာ လူမှုကွန်ယက် ၀န်ဆောင်မှုတွေ ကို လုပ်ကိုင်ပါတယ်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင် ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး Facebook Inc က ပိုင်ဆိုင်ပါတယ်။ Active ဖြစ်ပြီး သုံးစွဲတဲ့ သူ ၈၄၅ သန်း ကျော် ရှိပါတယ်။ သုံးစွဲသူတွေ ဟာ မှတ်ပုံတင်စာရင်း ပြုလုပ်ပြီး ပရိုဖိုင် ကို ဖန်တီးပြီးတာနဲ့ စတင် သုံးစွဲလို့ရပါပြီ။ သူတို့ ဟာ သူငယ်ချင်းတွေ ၊ မိဘဆွေမျိးတွေအပြင် ကမ္ဘာအနှံ့နှံ့ မှာ ရှိနေတဲ့ လူတိုင်းကို လှမ်းပြီး မိတ်ဆွေဖွဲ့ လို့ ရပါတယ်။ ကိုယ့် ရဲ့ သူငယ်ချင်းအရင်း ၊ ကိုယ့်ရဲ့ ဘော့စ် ၊ ကိုယ့်ရဲ့ ချစ်သူ ကိုယ် ၀ါသနာပါရာ ၊ စိတ်ဝင်စားကြတဲ့ အဖွဲ့တွေ တည်ထောင်ပြီး အပျော်တမ်းအဆင့်ကနေ စီးပွားဖြစ် အဆင့်အထိ အလုပ်လုပ်ကိုင်နိုင်စွမ်း ရှိပါတယ်။ ကိုယ်ပိုင် ပေ့ခ်ျတွေ အပြင် လျှို့ဝှက်အုပ်စုတွေအထိ တည်ထောင်နိုင်ပြီး ကန့်သတ်ချက်တွေ အနေနဲ့ ဖေ့စ်ဘုတ် သုံးစွဲသူတွေ ဟာ အသက် ၁၃ နှစ် နှင့် အထက် ဖြစ်ရပါမယ်။ တည်ထောင်သူကတော့ Mark Zuckerberg, Dustin Moskovitz, Eduardo Saverin, Andrew McCollum, Chris Hughes ဆိုပြီး ၅ ယောက် ရှိပေမယ့် မက်ဇူကာဘတ် က တော့ အဓိက တည်ထောင်သူ နဲ့ ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်ပါတယ်။

ဂူးဂဲလ်
===========
၂၀၀၄ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဂူးဂဲလ် ကုမ္ပဏီဟာ ကာလဖိုးနီးယား ရဲ့ Mountian View မှာ ၂၀၀၆ ခုနှစ်ကတည်းက အခုအချိန်ထိ အခြေချခဲ့ပါတယ်။ စတန်းဖို့ဒ် ကျောင်းသား ၂ ယောက် ဖြစ်တဲ့ လယ်ရီပေ့ခ်ျ နဲ့ ဆာရီဘရင်းတို့ က စတင်တည်ထောင်ခဲ့ပြီး အခု နောက်ပိုင်းမှာတော့ Eric Schmidt က အကြီးတန်း အရာရှိအဖြစ် နှစ် ၂၀ စာ တာဝန်ယူထားပါတယ်။ လက်ရှိမှာ Gmail ,Google Chrome, Gtalk တို့လို Web Service တွေအပြင် Offline လုပ်ဆောင်မှုတွေ အနေနဲ့ Google Driverless Car, Google မိုဘိုင်းဖုန်း တို့လို ထုတ်ကုန်တွေ ပါ ဆက်လက်ရှိနေပြီး ထုတ်ကုန်ပေါင်း ၂၀၀ ကျော် ရှိတဲ့ ကုမ္ပဏီတစ်ခု လည်း ဖြစ်ပါတယ်။
– Facebook မှာ အလုပ်လုပ်တဲ့သူတွေ ၊ Facebook ကို ချစ်တဲ့သူတွေ နဲ့ Facebook နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အသိုင်းအ၀ိုင်းထဲက လူတွေကို Facebookers တွေ လို့ သတ်မှတ်ပြီး Google ဘက်ခြမ်းကိုတော့ Googler တွေလို့ ခေါ်ဆိုပါတယ်။

- ပျော်ရွှင်မှု
စကားတစ်ခွန်း ရှိပါတယ်။ အောင်မြင်တိုင်းလည်း ပျော်ရွှင်တာ မဟုတ်သလို ပျော်ရွှင်မှု ရတိုင်းလည်း ကိုယ့်ရဲ့ အိပ်မက်ထဲ က အလုပ် မဟုတ်ပါဘူး တဲ့။ Dream Job ရဲ့ သဘောတရားကို စိစစ်တဲ့အခါမှာ လုပ်ငန်းခွင်မှာ ဘယ်ေလာက် ပျော်ရွှင်သလဲ ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာလေ့ရှိပါတယ်။ အဲဒီအချက်အလက် အရ ဆိုရင်တော့ Facbookers တွေ ဟာ အတိုင်းထက် အလွန် ပျော်ရွှင်ကြရပြီး သူတို့ဟာ သူတို့ရဲ့ အလုပ်ကို ချစ်မြတ်နိုးကြတယ် လို့ ဆိုပါတယ်။ လုပ်ငန်းခွင်တွင်း ပျော်ရွှင်မှု နှုန်းကို စစ်ကြည့်တဲ့အခါမှာ Google ၀န်ထမ်းတွေ ဟာ ၈၄ ရာခိုင်နှုန်းလောက် က လုပ်ငန်းခွင်မှာ ပျော်ရွှင်မှု ရရှိကြပြီး ဖေ့စ်ဘုတ်ဝန်ထမ်း ၉၃ ရာခိုင်နှုန်း လောက် က လုပ်ငန်းခွင် မျာ ပျော်ရွှင်ကြတယ် လို့ ဆိုပါတယ်။ ” ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေထဲမှာ ကျွန်တော် ဟာ ကံကောင်းတဲ့ဝန်ထမ်းတစ်ယောက်ပါပဲ ..” လို့ Facebook Data Scientist တစ်ယောက် က သူရဲ့ အလုပ်မှန်မှာ ရေးသားထားခဲ့ပါတယ်။

- လွတ်လပ်မှု
လွတ်လပ်မှု နဲ့ ပျော်ရွှင်မှု ဟာ ကွဲပြားပါတယ်။ တချို့အလုပ်တွေ က လွတ်လပ်မှု ရှိပေမယ့် လစာနည်းတာတို့ ၊ တခြား အခွင့်အရေးတွေ မရှိတာတို့ကြောင့် မပျော်ရပါဘူး။ တချို့ကလည်း လစာတော့ ကောင်းပါရဲ့ ..၊ လုပ်ငန်းခွင် စည်းကမ်း တင်းကျပ်လွန်းအားကြီးတာကြောင့် မလွတ်လပ်ပြန်ပါဘူး။ Facebooker တွေကတော့ လွတ်လပ်မှုရော၊ ပျော်ရွှင်မှုရော ( ၂ ) မျိုးစလုံး ကို ခံစားရပါသတဲ့။ အဲဒါကို Facebook အကြီးတန်းအရာရှိဖြစ်တဲ့ Don Faul က ဝေါစထရိဂျာနယ် ကို ပြောခဲ့တဲ့ နေရာမှာ Google နဲ့ နှိုင်းယှဉ်ပြီး ပြောပြခဲ့ပါတယ်။ ဥပမာ အားဖြင့် ၀န်ထမ်းတွေကို မန်နေဂျာ က စီမံခန့်ခွဲပါတယ်။ ဒါပေမယ့် အဲဒီ မန်နေဂျာရာထူး ဟာ ထာဝရ မဟုတ်ပါဘူး။ ၃ လ တစ်ကြိမ်၊ ဒါမှမဟုတ် ၀န်ထမ်းတွေရဲ့ မေးခွန်တွေ နဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်ခဲ့ရင် အလှည့်ကျတာဝန်ယူရတဲ့ (မဲ စနစ်နဲ့) ရာထူးပုံစံ တည်ဆောက်ထားပါတယ်။ ဒါကြောင့် ပရောဂျက်တစ်ခုအတွင်းမှာ မန်နေဂျာ ဆိုတာ မရှိဘဲ ဘယ်သူမဆို မန်နေဂျာ ဖြစ်လာနိုင်ပါတယ်။ မန်နေဂျာအဖြစ် လက်အောက်က ၀န်ထမ်းတွေက ၀ိုင်းဝန်းရွေးခြယ်လိုက်ပြီ ဆိုတာနဲ့ သူ့ကို အပေါ်က သက်ဆိုင်ရာ အရာရှိတွေက အသိအမှတ်ပြုပြီး အမှားအယွင်းတစ်စုံတရာ မရှိမချင်း လစာ နဲ့ ခံစားခွင့်တွေ ပေးအပ်ထားပါတယ်။
- ငွေကြေး
ငွေကြေးတဲ့လား ။ လစာ ကို ပြောတာ ထင်တယ်။ အဲဒီစကား က Facebookers တွေနဲ့ Googlers တွေကို မခန့်တာပဲ။ ငွေကြေး ဟာ အရာရာကို အစားမထိုးနိုင်ဘူး ဆိုတဲ့ စကား ဟာ တကယ်တမ်းမှာ အလုံးစုံမမှန်ပါဘူး။ ငွေကြေး ဟာ အတိုင်းအတာ တစ်ခုတော့ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကိုလီဘံယာတက္ကသိုလ် နဲ့ မီချီဂန်တက္ကသိုလ် က သုတေသနပညာရှင်တွေကတော့ ငွေကြေး လို့ ဆိုတဲ့ ၀န်ထမ်းတွေရဲ့ လစာ တွေ ဟာ ၀န်ထမ်းတွေကို အမှန်တကယ် ပျော်ရွှင်ဖွယ်မှု မပေးနိုင်ဘူး လို့ ဆိုပါတယ်။ ဖေ့စ်ဘုတ် နဲ့ ဂူးဂဲလ်မှာတော့ အဲဒီ အခက်အခဲတွေ မရှိပါဘူး။ အကြမ်းဖျင်းတွက်ချက်ကြည့်ရမယ် ဆိုရင် ဂူးဂဲလ် ၀န်ထမ်းဟာ လစာ ၁၃၃၀၀၀ ရရှိပြီး ဖေ့စ်ဘုတ်ဝန်ထမ်း ကတော့ လစာ ၁၃၅၀၀၀ ရရှိပါတယ်။ အဲဒီအပြင် Facebook ၀န်ထမ်းတွေ ဟာ ဈေးကွက်ရှယ်ယာ ရဲ့ ၁၇ ရာခိုင်နှုန်းကို ဈေးကွက်ဝေစု ရရှိပြီး Google ကတော့ ၁၀ ရာခိုင်နှုန်း ရှယ်ယာဝေစု ပေးပါတယ်။ အဲဒီအတွက် ၀န်ထမ်းတိုင်း ဟာ သူတို့ရဲ့ ကုမ္ပဏီလို့ ခံယူပါတယ်။ ဒါဟာ ငါ ပိုင်တဲ့ ကုမ္ပဏီ… ဒါကြောင့် ငါ ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ်တွေဟာ ၀န်ထမ်းတိုင်းမှာ ရှိပါတယ်။
- ဖိအားနည်းပါးမှု
ဂူးဂဲလ် ကိုရော ၊ ဖေ့စ်ဘုတ်ကိုရော ၀န်ထမ်းလောကမှာ နာမည်ကြီးစေတဲ့ အချက်တစ်ချက် က ဖိအားနည်းပါးမှု ပါပဲ။ အဲဒါ ဟာ ၀န်ထမ်းတိုင်း စိတ်ဝင်စားတဲ့အချက် ၁ ချက် ပဲ ဖြစ်ပါတယ်။ ၀န်ထမ်းအများအပြား ဟာ ကြိုးစားလိုစိတ်ရှိပေမယ့် တစ်ဖက်မှာတော့ ဖိအားဒဏ်ကို မခံနိုင်ကြပါဘူး။ ဖိအားကင်းကင်း နဲ့ လွတ်လွတ်လပ်လပ် ရှင်သန်လိုတဲ့ စိတ်ခွန်အားတွေ ဟာ ၀န်ထမ်းတိုင်းမှာ ရှိပါတယ်။ Facebook မှာရော၊ Google မှာရော အဲဒီလို ၀န်ထမ်းတွေနဲ့ ပြည့်နှက်နေတာပါ။ ဆီလီကွန်တောင်ကြား က ကုမ္ပဏီတွေကိုရော၊ နည်းပညာစက်မှုလောက က စက်ရုံတွေ၊ ကုမ္ပဏီတွေ မှန်သမျှကို Survey ဆင်းပြီး အချက်အလက်တွေကို တောင်းခံပြီး အကဲဖြတ်လိုက်တဲ့အခါမှာတော့ Google/Facebook ကုမ္ပဏီ ၂ ခု စလုံးဟာ ဖိအားနည်းပါးပါတယ်။ ဖိအားဝင်လာခဲ့ရင်လည်း ဖြေဖျောက်စရာ မိတ်ဆွေအပေါင်းအသင်း တွေ ရှိနေပါတယ်။ ဖိအား ဒဏ်ကို ဆေးပညာ ရှုထောင့်ကနေ ကူညီဖြေရှင်းပေးမယ့် ဆရာဝန်တွေလည်း ရှိနေပါတယ်။ ဖိအားဒဏ်တွေ ကို ပယ်ပျောက်သွားစေမယ့် ရုပ်ဝတ္ထုပစ္စည်းတွေ မှန်သမျှကိုလည်း ကုမ္ပဏီ ၂ ခုစလုံးမှာ တည်ရှိနေပါတယ်။ Facebookers ၁၁ ရာခိုင်နှုန်း က သူတို့ ကုမ္ပဏီ ဟာ စိတ်ဖိစီးမှု မပေးဘူး လို့ ထင်ကြပြီး Googlers ၉ ရာခိုင်နှုန်း ကတော့ ဖိအားဒဏ် ကင်းတယ် လို့ ဆိုပါတယ်။

- ဘ၀ အဓိပ္ပါယ်
” ဒီအလုပ် ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနေရာ လား ” လို့ ၀န်ထမ်းတွေကို မေးမြန်းခဲ့တဲ့နေရာမှာတော့ Facebookers ၈၁ ရာခိုင်နှုန်း က “ဟုတ်ပါတယ်” လို့ မဆိုင်းမတွ ဖြေကြားခဲ့ပြီး Googlers ၆၇ ရာခိုင်နှုန်း ကတော့ “ဘ၀ကို ပိုပြီး ကျေနပ်စေတယ်” လို့ ဖြေကြားခဲ့ပါတယ်။ နည်းပညာလောက က ၀န်ထမ်းတွေကို မေးမြန်းကြည့်ခဲ့တဲ့နေရာမှာတော့ သူတို့ အလုပ်ချင်ဆုံး ကုမ္ပဏီတွေ က မိုက်ကရိုဆော့ဖ်၊ အက်ပဲလ်၊ အမေဇုံ တို့လို ကုမ္ပဏီမျိုးတွေ ဖြစ်တယ် လို့ ဖြေကြားခဲ့ပါတယ်။ အဲဒီအဖြေတွေထဲမှာ Facebook,Google ဆိုပြီး ကုမ္ပဏီ ၂ ခု က အမြဲလို ယှဉ်တွဲပါဝင်နေပါတယ်။ ဘ၀ ရဲ့ အဓိပ္ပါယ် ကို ရိုးရိုးစင်းစင်း ရှာဖွေရမယ် ဆိုရင် အဲဒီမှာ ပဲ တစ်သက်လုံး အလုပ်လုပ်သွားချင်တဲ့ သူ က ၈၆ ရာခိုင်နှုန်း ရှိပါတယ်။
- လုပ်ငန်းခွင် အခက်အခဲ
အင်တာဗျူးး က အောင်မြင်သွားခဲ့ပြီး လုပ်ငန်းခွင်ထဲကို ရောက်သွားပြီး ရက်သတ္တပတ် ခြောက်ပတ် ကြာပြီ ဆိုတာ နဲ့ ဂူးဂဲလ် မှာ ရှင်သန်ရတာ ဟာ ဖေ့စ်ဘုတ်မှာ အလုပ်လုပ်ရတာထက် ပိုပြီး ခက်ခဲလာမှာ သေချာတယ် လို့ သုတေသီတွေက ဆိုပါတယ်။ ဒါဟာ Google မှာ အရင်လုပ်ခဲ့ဖူးတဲ့ ၀န်ထမ်းဟောင်းတွေ ရဲ့ ပြောစကားတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကမ္ဘာ့အကောင်းဆုံး ကောလိပ် ၁၀ ခု က အတော်ဆုံး ကျောင်းသားတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ တချို့လူတွေက ဆိုဒ်တစ်ခု မှာ ရှိတဲ့ Button လေးတစ်ခု ရဲ့ အရောင်တွေကိုပဲ ခွဲခြားပေးရတာ ဖြစ်ပါတယ်။ နောက်တချို့ကတော့ Youtube မှာ ပါရှိတဲ့ ဗွီဒီယိုဖိုင်တွေ ကို Flag ( အဆင့် ခွဲခြားသတ်မှတ်မှု) လုပ်ပေးရတာ ပဲ ရှိပါတယ်။ ဒီနေရာမှာကတော့ Google နဲ့ Facebook ရဲ့ လုပ်ငန်းခွင် အခက်အခဲ ဟာ မျှခြေရှိပြီး လစာ နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပေါ်တွေမှာ မူတည်ပြီး အခက်အခဲတွေ ဟာ အနိမ့်၊ အမြင့် ၊ အတက်၊ အကျ ဖြစ်သွားရတယ် လို့ ဆိုပါတယ်။

- လူမှုရေး လုပ်ဆောင်နိုင်မှု
Quora ပေါ်မှာ ရေးသားခဲ့တဲ့ ဂူးဂဲလ်က ၀ါရင့်ဝန်ထမ်းတစ်ယောက် ရဲ့ အဆိုအရ ဂူးဂဲလ် ဟာ ၀န်ထမ်းပေါင်း ၅၃၀၀၀ ကျော်ရှိပြီး အဲဒီ ၀န်ထမ်းတိုင်းစီအတွက် လူမှုရေး လုပ်ဆောင်နိုင်မှုတွေကို အားပေးထောက်ပံ့ခဲ့တာ ဟာ ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်ကို မြှင့်တင်ရာလည်း ရောက်ပြီး အလုပ်ကိုလည်း မြဲစေခဲ့တယ် လို့ ဆိုပါတယ်။ ကုမ္ပဏီ ၂ ခု စလုံးဟာ ဦးနု ရဲ့ မိတ္တဗလဋီကာ ကို ဖတ်ထားပုံရတယ် လို့ ထင်မြင်ချင်စရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူမှုရေး လုပ်ငန်းတွေကို လုပ်ကိုင်ဖို့အတွက် ဆိုင်ရာ ဆိုင်ရာ အဖွဲ့ငယ်ကလေးတွေကို ဖွဲ့စည်းထားတဲ့အတွက် ကုမ္ပဏီတစ်ခုချင်းစီမှာ သာရေး၊နာရေး၊ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ ၊ ၀န်ထမ်းဟာ လူမှုရေး ညံ့ဖျင်းသူဖြစ်မလာစေဖို့ ၀ိုင်းဝန်းကူညီပေးမယ့် အဖွဲ့ငယ်ပေါင်း သောင်းချီရှိတယ် လို့ ဆိုပါတယ်။
တစ်ခါတလေမှာ လုပ်ငန်းခွင်အတွင်းမှာ အကြံညဏ်အသစ်တွေ ထွက်ပေါ်မလာတဲ့အချိန်တွေ အများအပြား ရှိတတ်ပါတယ်။ အဲဒီအတွက် ဘောလုံးသမားတွေကို အချိန်ပေးခဲ့တယ်။ သူဌေးတွေ ဆိုရင်လည်း ခရီးတွေ ထွက်ကြတယ်။ သမားရိုးကျ ၀န်ထမ်းတွေကတော့ ပိတ်လှောင်ထားခံရသလို ဖြစ်ရတယ် လို့ Business Insider က အယ်ဒီတာ ဖြစ်သူ ဒန်ရီရယ် က ဆိုပါတယ်။ Googler တွေ ဟာ ဒီနေရာမှာတော့ Facebooker တွေထက် ပိုပြီး တက်ကြွစွာ ပါဝင်လေ့ရှိပြီး Senior Googler တွေကလည်း ဒါမျီုးကို အပြစ် တစ်စုံတရာ မြင်လေ့မရှိဘူး လို့ ဆိုပါတယ်။

- အခြား အခွင့်အရေး
လုပ်ငန်းရှင်တိုင်း ဟာ ၀န်ထမ်းတိုင်း ကို other oppurtunities လို့ ပြောရင် bonus လို့ ပြေးမြင်လေ့ရှိပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ လုပ်ငန်းခွင်အတွင်း မှာ ရှိတဲ့ အခြား အခွင့်အရေး ဆိုတာ တွေ က ဒီလိုပါ။ တချို့ အလုပ်တွေ က ..ဆိုပါစို့ .. စတိုးဆိုင် ဆိုပါစို့ …။ အဲဒါမျိုး ဆိုရင် ၀န်ထမ်းတွေ က တိုလီမုတ်စ ပစ္စည်းလေးတွေကို မက်မောတတ်ကြပါတယ်။ တကယ်တမ်းပြောရရင် ဘယ်လောက်မှ မတန်ပါဘူး။ ဒါပေမယ့် သူတို့ လိုချင်ရှာတယ် လို့ ၀န်ထမ်းပေါင်း များစွာကို လေ့လာခဲ့တဲ့ စိတ်ပညာရှင်ဆရာဝန်တွေ က ပြောပါတယ်။ နောက်ဆက်တွဲအနေနဲ့ သူတို့ မှာ ရောင်းနေလျက်နဲ့ ပိုင်ဆိုင်ခွင့် မရှိကြဘူး။ တချို့ လုပ်ငန်းရှင်တွေ ကတော့ အကင်းပါးတယ်။ အောင်မြင်မှုကို ငွေနဲ့ လဲလှယ်လေ့ရှိပါတယ်။ တတ်နိုင်သလောက် ပေါ့ ။ မော်ဒယ် လည်း သိတ်မအောက်သေးဘူး ဆိုရင် အထည် ၊ အ၀တ်၊ နှုတ်ခမ်းနီ၊ စတဲ့ ပစ္စည်းတွေကို မဲဖောက်ပေးလေ့ရှိပါတယ်။
အဲဒီလိုမျိုးနည်း နဲ့ နယူးယောက် စတိုးဆိုင်တွေ ဟာ လစာနည်းပေမယ့်လည်း ၀န်ထမ်းမြဲနေကြတယ် လို့ ဆိုပါတယ်။
ဖေ့စ်ဘုတ် မှာရော ၊ ဂူးဂဲလ်မှာရော တခြား အခွင့်အရေး တွေ အများကြီးပါ။
ဗိုက်ဆာသလား။ အသီးအနှံစားချင်သလား။ အိမ်ကနေ အလုပ်ကို သက်သက်သာသာ နဲ့ လာချင်သလား ။ အလုပ်ထဲမှာ ငြီးငွေ့လို့ ရေချိုးချင်သလား ။ အဲဒီရေ ကို ဘယ်လို ချိုးသလဲ။ ရေပူ၊ ရေအေး လား။ ဒါမှမဟုတ် ရေလွှာလျှောစီးပြီး တစ်နာရီလောက် အပန်းဖြေပြီးမှ ကိုယ့်လုပ်ချင်တာ ကို ပြန်လုပ်ချင်သလား ။ ရပါတယ်။
အဲဒီလိုမျိုး ၀န်ထမ်းကို အလိုလိုက်တာ နဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ် နဲ့ ဂူးဂဲလ် ၊ ကုမ္ပဏီ ၂ ခု စလုံးက ပြိုင်နေတယ် လို့ တောင် ပြောလို့ရတယ်။
- ၀န်ထမ်းတွေ ရဲ့ ပုဂ္ဂလိက ဘ၀ ကို ပါ တာဝန်ယူတယ်။ ဥပမာ ကလေးမိခင်တွေ ဟာ တခြားသူ အနှောက်အယှက်မဖြစ်စေဘူး ဆိုရင် လုပ်ငန်းခွင်ကို ကိုယ့်ရဲ့ သားသမီးတွေကို ခေါ်ဆောင်လာခွင့်ရှိတယ်။
- သက်ဆိုင်ရာ အဖွဲ့အလိုက် ဧည့်သည်တွေ့ဆုံဖို့အတွက် နှစ်သက်ရာ ဧည့်ခန်းဆက်တီတွေ ထားပေးထားတယ်။
- ဖေ့စ်ဘုတ် က ခွင့်ကို ၄ လ အထိ ယူခွင့်ပေးထားတယ်။ ဂူးဂဲလ် က ခွင့်ကို ၁၈ ရက်အထိ ယူခွင့်ပေးထားတယ်။
- ကုမ္ပဏီတိုင်းလိုလိုမှာ စာကြည့်တိုက် လုပ်ပေးထားပေမယ့် အဲဒီ ကုမ္ပဏီတွေ အတွင်းမှာ တင်းနစ်ကုတ် ၊ ဘောလုံးကွင်း အသေးစား၊ ဒိုင်ဗင်စင် ပါတဲ့ ရေကူးကန်၊ လမ်းလျှောက်အပြေးလေ့ကျင့်ဖို့နေရာ၊ …စတဲ့ ကျန်းမာရေးအတွက် အားကစား မျိုးစုံ လုပ်နိုင်တဲ့ နေရာတွေ အများကြီး ထားပေးထားတယ်။
အခြေခံလစာ – ဒေါ်လာ ၁၀၃၀၀၀
ရှယ်ယာ ၁ နှစ်စာ စုကြေး – ဒေါ်လာ ၁၆၂၀၀
လက်မှတ်ထိုးကြေး – ဒေါ်လာ ၂၆၀၀၀ မှ ဒေါ်လာ ၅၂၀၀၀
Apple
အခြေခံလစာ – ဒေါ်လာ ၁၀၃၀၀၀
ရှယ်ယာ ၁ နှစ်စာ စုကြေး – ဒေါ်လာ ၁၂၅၀၀
လက်မှတ်ထိုးကြေး – ဒေါ်လာ ၁၀၀၀၀ မှ ဒေါ်လာ ၄၀၀၀၀
Bloomberg
အခြေခံလစာ – ဒေါ်လာ ၁၃၀၀၀၀
ရှယ်ယာ ၁ နှစ်စာ စုကြေး – N/A
လက်မှတ်ထိုးကြေး – N/A
Facebook
Microsoft
Snapchat
–
အခု လတ်တလော ခေါ်ဆိုထားတဲ့ အလုပ်အကိုင် ၂ ခု ကိုပါ နှိုင်းယှဉ်ပြလိုက်ပါတယ်။ နေရာဌာနချင်းမတူတဲ့အတွက် Comparison တော့ အပြည့် လုပ်လို့ မရနိုင်ပါဘူး။
Company : Facebook
Designation : Application Devloper, Software Developer
Salary : 58000/- To 81000/-
Qualification : B.Tech/MCA Computer
Location : Delhi/Mumbai/Chennai
Walk-in Date: 17-2-2017
————-
Company : MNCs n GOOGLE
Designation : Photographic skills Partime / Fulltime
Salary:– 41500/month|
LOCATION: Hyderabad/banglore
INBOX ME URJENT FOR DETAILS
မေးချင်တာ က
အဲဒီ ကုမ္ပဏီ ၂ ခု ထဲမှာ ဘယ် ကုမ္ပဏီမှာ အလုပ်ဝင်ချင်ပါသလဲ ။ ဘာကြောင့်ပါလဲ ??? …


Admin>>>digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: