မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီး ဂျပန်နိုင်ငံ ကျူရှူးကျွန်းမကြီးရဲ့ ဂိုတို အနောက်တောင်ဘက် ကမ်းလွန်မှာ နစ်မြုပ်သွားခဲ့ကြောင်း သိရပါတယ်။ ဆန်များတင်ဆောင်လာတဲ့ မြောက်ကိုရီးယား ကုန်တင်သင်္ဘောဟာ သင်္ဘောကိုယ်ထည်ပေါက်ပြီး ရေစိမ့်ဝင်မှုကြောင့် ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၁ ရက်) နှောင်ပိုင်းမှစပြီး တဖြည်းဖြည်းချင်း နစ်မြုပ်လာခဲ့တာဖြစ်ပြီး ယနေ့ မနက်အစောပိုင်းမှာ လုံးဝနစ်မြုပ်သွားခဲ့ပါတယ်။
မြောက်ကိုရီးယား ကုန်တင်သင်္ဘောမှ အမှုထမ်း ၂၆ ဦးလုံးကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ သင်္ဘောအမှုထမ်း အားလုံးကို ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ဘဲ သင်္ဘောပေါ်မှ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ သင်္ဘောအမှုထမ်းတွေကို မြောက်ကိုရီးယားသို့ မည်သို့ပြန်ပို့ရမည်ကို မဆုံးဖြတ်ရသေးကြောင်း ဂျပန်အာဏာပိုင်တွေက ဆိုပါတယ်။
ဂျပန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးမှာ ကာလရှည်ကြာ တင်းမာမှုတွေ ရှိနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယား သူလျှိုတွေက ပြန်ပေးဆွဲခဲ့မှုနဲ့ ပြုံးယမ်းက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့တာ ဖြစ်ပါတယ်။
ယခုဖြစ်ရပ်ဟာ သာမန် သင်္ဘောနစ်မြုပ်မှုသာဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ လက္ခဏာများ မတွေ့ရကြောင်း ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။ ကုန်တင်သင်္ဘောဟာ တန်ချိန် ၅,၇၂၀ ရှိ ဆန်များကို မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းမြို့ နမ်ပိုမှ အရှေ့ဘက်ကမ်းရိုးရှိ ဝန်ဆန်မြို့ကို သယ်ယူပို့ဆောင်စဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ဂျပန်ကမ်းရိုးတန်းတွေမှာ တစ္ဆေသင်္ဘောများလို့ ပြောဆိုကြတဲ့ သင်္ဘောအဟောင်းများ မျောပါ သောင်တင်မှုတွေ ရှိခဲ့ဖူးပါတယ်။ သင်္ဘောများပေါ်မှာ လူသေအလောင်းများ ပါလာခဲ့မှုတွေလည်း တွေ့ခဲ့ရကာ အဆိုပါ သင်္ဘောမျာမှာ မြောက်ကိုရီးယားမှဖြစ်ကြောင်း ယူဆထားပေမဲ့ မြောက်ကိုရီးယားကတော့ ထိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခဲ့ခြင်း မရှိကြောင်း သိရပါတယ်။
Source & Photo: BBC, Reuters, CNN
Source & Photo: BBC, Reuters, CNN
Admin>>>DUWUN
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: