About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

အားလပ်ရက်တွေမှာ အရက်ဘီယာ အလွန်အကျွံ သောက်သုံးခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေ ဆက်စပ်နေ



သင့်အားလပ်ရက်တွေမှာ လူမှုရေးအရ သွားရောက်ရတဲ့ ပွဲတက်အခမ်းအနားတွေ များပြားလာတာနဲ့အမျှ သင့်ရဲ့ အရက် ဘီယာ အစရှိတဲ့ အယ်လ်ကိုဟော သောက်သုံးမှုနှုန်းဟာလည်း မြင့်တက်လာနေတယ်ဆိုတာကို သင်သတိထားမိပါရဲ့လား။ ဖြစ်နိုင်မယ်ဆိုရင်တော့ ပွဲတက်အခမ်းအနားတွေမှာ အယ်လ်ကိုဟော သောက်သုံးမှုကို အလွန်အကျွံမဖြစ်အောင် ထိန်းချုပ်ခြင်းအားဖြင့် စိတ်မတည်မငြိမ်ဖြစ်မှု အပါအ၀င် စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
 
အရက် ဘီယာ အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်မှုနှုန်းများတဲ့ အဖျော်ယမကာတွေ အလွန်အကျွံသောက်သုံးခြင်းဟာ စိတ်မတည်မငြိမ်ဖြစ်မှုကို ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အယ်လ်ကိုဟော ဟာ ဦးနှောက်ထဲရှိ ဒိုပါမင် Level ကို မြင့်တက်စေနိုင်ပြီး ဒိုပါမင် Level မြင့်တက်ခြင်းဟာ အာရုံစူးစိုက်မှုကို အားနည်းစေနိုင်ပါတယ်။
 
သင့်ရဲ့ဂရုမထားမိဘဲ အလွန်အကျွံသောက်သုံးနှုန်းမြင့်တက်လာလေလေ ဒိုပါမင် Level မြင့်တက်လာလေဖြစ်ပြီး စိတ် မတည်မငြိမ် ဖြစ်တာအပါအ၀င် စိတ်ကျရောဂါဖြစ်နှုန်းကိုပါ ပိုမို မြင့်တက်လာစေနိုင်ပါတယ်။ ဂရုမထားမိဘဲ အယ်လ်ကိုဟော သောက်သုံးခြင်းကနေ ရရှိလာတဲ့ စိတ်မတည်မငြိမ်ဖြစ်မှုကို လျော့ချပေးနိုင်မယ့် နည်းလမ်းအချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ 
 
-အားနာပါးနာနဲ့ သောက်သုံးရတယ်ဆိုတဲ့ အနေအထားကို အမြန်ဆုံး ပြောင်းလဲလိုက်ပါ။
-အားလပ်ရက်တွေမှာ အယ်လ်ကိုဟော သောက်သုံးခြင်းနဲ့ အပန်းဖြေမယ့်အစား အခြားသော နည်းလမ်းမျိုးနဲ့ အစားထိုးပြီး စိတ်အပန်းဖြေကြည့်လိုက်ပါ။
-အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတတ်သူတွေနဲ့ အတူတွဲဖက် သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်းအားဖြင့် အယ်လ်ကိုဟော သောက်သုံးမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

Admin@trend

ကိုမိုး(နည်းပညာ)


www.komoe.org

Share
Banner

ကိုမိုး

Post A Comment:

0 comments: