About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ကွမ်တမ်နည်းပညာသုံးစွဲထားတဲ့ Curved မော်နီတာ ကို ဆမ်ဆောင်းပြသမည်

နောက်ဆုံးရ သတင်းတွေအရ လာမည့် ၂ရက်၊ ၃ ရက်အတွင်းမှာ ကျင်းပမည့် CES 2017 ပွဲမှာ ပြသမည့် နည်းပညာထုတ်ကုန်တွေကို ကုမ္ပဏီတွေက Concept ၊ Launch သတင်းတွေအနေနဲ့ ပုံမှန်ဖော်ပြလေ့ရှိရာ အခုတစ်ခေါက် ထုတ်ဖော်ပေးလိုက်တာကတော့ ဂိမ်းဆော့ကစားလေ့ရှိတဲ့ ဂိမ်းသမားတွေအတွက် Curved Monitor အမျိုးအစားပဲ ဖြစ်ပါတယ်။
.
ဆမ်ဆောင်းရဲ့ မော်နီတာ ဟာ မော်ဒယ် CH711 ဖြစ်တယ် လို့ သိရပါတယ်။ ၂၇ လက်မ နှင့် ၃၁.၅ လက်မ အမျိုးအစား ၂ ခု ဖြန့်ချိမယ် လို့ သိရပါတယ်။ အဲဒီအမျိုးအစားတိုင်းမှာ resolution 2560×1440 ရှိမှာ ဖြစ်ပါတယ်။ မော်နီတာ အများစု ဟာ ရှေ့တူရှုတည့်တည့်က ကြည့်မှသာ အဆင်ပြေမှာ ဖြစ်ပြီး အနည်းငယ်စောင်းသွားရင် ပုံရိပ်ယောင်တွေ နဲ့ ဖြစ်တတ်ခြင်း၊ ပုံရိပ်တွေ ပုံထွက်ကျဆင်းသွားပြီး အမည်းရောင်အရိပ်တွေ ပေါ်ထွက်လာခြင်းတွေ ဖြစ်တတ်လေ့ရှိပေမယ့် အခု ထုတ်ဖော်လိုက်တဲ့ မော်နီတာကတော့ ပုံမှန်ထက် ၄၅ ဒီဂရီနီးပါး ကွေးညွတ်ထားတဲ့အတွက် အဲဒီ ပြသာနာတွေ ကင်းပသွားပြီ လို့ သိရပါတယ်။
ces2017_ch711_curvedmonitor_attachment_8
.
ဒါဟာ အရိပ်အမြွက်ပြောကြားထားတဲ့ Monitor Sepcs ပဲ ဖြစ်ခဲ့ပြီး မော်နီတာ ဟာ OLED လား ၊ ကာလာ Refresh Rate နဲ့ တခြားလိုအပ်တဲ့ Specs အတိအကျအပြည့်အစုံကိုတော့ ဆမ်ဆောင်းက ပြောကြားခြင်း မရှိသေးပေမယ့် မော်နီတာကို ကွမ်တမ်သီအိုရီ နဲ့ အလင်းပြန်နှုန်းမြန်ဆန်မှုတွေအပေါ်မှာ အဓိကထား တွက်ချက်ပြီး ဒီဇိုင်းထုတ်ထားလို့ ဆိုပါတယ်။

Admin@digitaltime

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: