About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Facebook Messenger မှာ Friends များ Add နည်း ၃ နည်း

 Facebook Messenger မှာ သင့်ရဲ့ Facebook သူငယ်ချင်းများ အားလုံးနဲ့ စကားပြောနိုင်ပါတယ်။ ဒါ့အပြင် Facebook မသုံးတဲ့ လူများနဲ့ပါ စကားပြောနိုင်တဲ့ စွမ်းဆောင်ချက်ကို Facebook က ထည့်သွင်းပေးထားပါတယ်။ Messenger မှာ သူငယ်ချင်းများ Add နည်း အနည်းငယ် ရှိပါတယ်။ သင့် Phone Contact မှ လူများကိုလည်း Messenger မှာ Add နိုင်သလို၊ ဖုန်းနံပါတ်ဖြင့် သူငယ်ချင်းရှာဖွေခြင်း၊ Messenger Scan Code ဖြင့် ဆက်သွယ်စကားပြောခြင်းများကိုလည်း ပြုလုပ်နိုင်ပါတယ်။

Phone Contact မှ လူများအား Add ခြင်း

Messenger ရဲ့ ညာဘက်အပေါ်ထောင့်စွန်းမှ People Tab ထဲသွားပါ။ People ထဲထပ်သွားပါ။ Sync Contacts ကို On ပေးပါ။ ဒါဆိုရင် သင့် Phone Contact မှ လူများကို Messenger က အလိုအလျှောက် Add ပေးမှာပါ။
ashampoo_snap_001_
ဖုန်းနံပါတ်ဖြင့် Add ခြင်း

Messenger ရဲ့ အပေါ်ထိပ်မှ အလျားလိုက်မျဉ်းကြောင်း Tab ထဲသွားပါ။ အောက်ခြေမှ Plus Button ကို နှိပ်ပါ။ သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးပါ။ Messenger က သင့် သူငယ်ချင်းကို ရှာတွေ့သွားရင် ရွေးချယ်ပေးပြီး  Add Contact ကို နှိပ်ပါ။
ashampoo_snap_002_
Messenger Scan Code ကို အသုံးပြုခြင်း

Messenger ရဲ့ အပေါ်ထိပ်မှ အလျားလိုက်မျဉ်းကြောင်း Tab ထဲသွားပါ။ Scan Code ကို နှိပ်ပါ။ သင့် သူငယ်ချင်းရဲ့ ဖုန်းကနေ People Tab ထဲသွားရင် Messenger Scan Code ကို တွေ့ရမှာပါ။ သင့်ဖုန်းကင်မရာဖြင့် အဲဒီကုဒ်ကို ချိန်ပါ။ အိုကေပြီ ဆိုရင် သူငယ်ချင်းနဲ့ Messenger မှာ စကားပြောနိုင်ပါပြီ။
ashampoo_snap_003_

digitaltime.com.mm

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: