Instagram ဟာ Snapchatရဲ့ feature နဲ့ ဆင်တူတဲ့ Stories ထဲမှာ ၂၄ နာရီ ခံတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို share နိုင်မယ့် ကြော်ငြာများ ထည့်သွင်းမိတ်ဆက်လာပါတယ်။
ကုမ္ပဏီဟာ Airbnd ၊ Nike ၊ Netflix နဲ့ ASOS အပါအဝင် နာမည်ကြီး လုပ်ငန်းများရဲ့ ဗွီဒီယိုကြော်ငြာများကို Stories ထဲမှာ စမ်းသပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ကြော်ငြာဗွီဒီယိုတွေမှာ sponsored လို့ စာကပ်ထားမှာ ဖြစ်ပြီး အများဆုံး ၁၅ စက္ကန့် ကြာမြင့်မှာ ဖြစ်ပါတယ်။
Instagram မှာ Stories သုံးစွဲသူဦးရေဟာ တစ်နေ့ လျှင် သန်း ၁၅၀ အထိ ရှိပြီး အောက်တိုဘာလထဲမှာ Stories ကို ပုံမှန်သုံးစွဲသူ ဦးရေဟာ နေ့ စဉ် သန်း ၁၀၀ အထိ ရှိခဲ့ပါတယ်။ဒါ့အပြင် Instagram ကို သုံးစွဲသူ ၇၀% ဟာ စီးပွားရေးလုပ်ငန်းတစ်ခုခုကို follow လုပ်ထားပြီး Stories ကို ကြည့်ရှုကြသူတွေရဲ့ သုံးပုံတစ်ပုံဟာ စီးပွားရေးကဏ္ဍများကို ဝင်ရောက် ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။
ဒီကြော်ငြာပုံစံဟာ Snapchat နဲ့ ဆင်တူနေတယ်ဆိုပေမယ့် ဈေးကွက်အနေအထား သိရှိနားလည်စေခြင်းနှင့် ဒီ Stories ads မှာ ကြော်ငြာသူများ အနေနဲ့ တစ်ခြား Instagram ကြော်ငြာအတွက် သုံးတဲ့ ကိုယ်ပိုင် tools လေးတွေကို ဝယ်ယူနိုင်ခြင်းတွေ ပေါင်းစပ်ထားတာကြောင့် Snapchat မှာ ထက် အများကြီး သာမယ်လို့ ဆိုပါတယ်။
ကြော်ငြာများကိုတော့ အွန်လိုင်း လေလံစနစ်နဲ့ သွားဖို့ ရှိပြီး အ မြင့်ဆုံးကြေးပေးနိုင်သူကို ကြော်ငြာခွင့်ပေးသွားမှာပါ။ ပထမအဆင့် အနေနဲ့ Instagram ဟာ ကြော်ငြာအတွက် သီးသန့် ပစ်မှတ်ထားတဲ့ ပရိတ်သတ်ဆီကို Stories ads များ ပို့ ပေးသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ဝက်ဘ်ဆိုဒ်ထဲ ဝင်ကြည့်သူ ၊ အက်ပ်ကို ဒေါင်းလုပ်ဆွဲသူ စသည်ဖြင့် အမျိုးအစားသက်သက်ခွဲပြီး ပေးပို့ သွားမှာ ဖြစ်ပါတယ်။ Stories ads နဲ့ ပတ်သတ်သည့် ကြော်ငြာရောက်ရှိသူ ဦးရေ ၊ နှစ်သက်သူ ပမာဏနဲ့ ပြန်စာ စသည့် သုတေသနစစ်တမ်းများကို ဖော်ပြသွားမည့် Business Tools ဒတ်ရှ်ဘုတ်တစ်ခုလည်း ပါဝင်မှာပါ။ လောလောဆယ်မှာတော့ ဒီစစ်တမ်းတွေကို Instagram ကိုယ်တိုင်က ထုတ်သွားမယ်လို့ သိရပါတယ်။
Instagram ကို Facebook မှ ၂၀၁၂ ခုနှစ်ထဲမှာ ဒေါ်လာ ၁ ဘီလျံဝန်းကျင်နဲ့ ဝယ်ယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ကြော်ငြာခ ဒေါ်လာ ၁.၈၅ ဘီလျံကျော် ရရှိခဲ့ပါတယ်။
Admin>>>duwun
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: