
သင် Facebook မှာ Public အနေနဲ့ တင်တဲ့ ပို့စ်များကို သင့်သူငယ်ချင်း မဟုတ်တဲ့ လူများက ကွန်းမန့် ရေးသားနိုင်ပါတယ်။ အဲဒီအတွက် သင့်ကို ဝေဖန်တိုက်ခိုက်တဲ့ ကွန်းမန့်များကိုလည်း ရရှိနိုင်ပါတယ်။ ဒီလို ဝေဖန်တိုက်ခိုက်တဲ့ ကွန်းမန့်များကို မရရှိချင်ရင်တော့ သင့်ရဲ့ Public Post များမှာ သူငယ်ချင်း မဟုတ်သူများက ကွန်းမန့် မရေးနိုင်အောင် ကာကွယ်ထားနိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်ကို Android Version 104.0.0.17.71 နဲ့ iOS Version 72.0 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။
Facebook App ကို ဖွင့်ပြီး Account Settings ထဲသွားပါ။
Public Posts ကို နှိပ်ပါ။

Public Post Comments အောက်မှာ Friends ကို ရွေးချယ်ပေးပါ။

ဒါဆိုရင်တော့ သင့်ရဲ့ Public Posts များအောက်မှာ သူငယ်ချင်း မဟုတ်သူများက ကွန်းမန့်များ ရေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒတ်စတော့မှာတော့ Settings ထဲသွားပြီး ဘယ်ဘက်အခြမ်းမှ Public Post ထဲမှာ သတ်မှတ်နိုင်ပါတယ်
Admin>>>digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: