About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

မတ်လ ၂၉ ရက်မှာ Samsung S8 ထွက်မည် ဟု သတင်းထွက်ပေါ် & ဆမ်ဆောင်း Galaxy S8 ရဲ့ ထူးခြားချက် (၈) ချက်

သတင်းရင်းမြစ် ၄ ခုလောက် က ဧပြီလအတွင်းမှာ နဲ့ ဧပြီလဆန်းမှာ ဆမ်ဆောင်း S8 ကို ထုတ်လုပ်ရောင်းချမယ် လို့ သတင်းထွက်ပေါ်ခဲ့ပြီး Mashable နဲ့ Geeky ကတော့ မတ်လ ၂၉ ရက်နေ့ မှာ s8 ကို စတင်ရောင်းချမယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
အံ့သြစရာကောင်းတဲ့အချက်တစ်ခု က အခု လကုန်ပိုင်းမှာ ကျင်းပပြုလုပ်မယ့် Mobile World Congress မှာ S8 ကို ၀င်ရောက်ပြသမှာ မဟုတ်ဘူး လို့ ဆမ်ဆောင်းကုမ္ပဏီရဲ့ ကြော်ငြာချက်တစ်ခုပါပဲ။ အဲဒီ ကြော်ငြာချက်ဟာ ဆမ်ဆောင်း ရဲ့ ဗားရှင်းအသစ် မှာ စိတ်ဝင်စားဖွယ်ရာတွေများ ရှိနေလို့လား ၊ ဒါမှမဟုတ် ဆမ်ဆောင်း ထုတ်ကုန် ၂ မျိုးစလုံးကို လျှိုထားချင်လို့လား ဆိုတဲ့ သတင်းသုံးသပ်ချက်တွေ ထပ်မံထွက်ပေါ်လာပါတယ်။
အခု လကုန်မှာ ထုတ်ဖော်ပြသဖို့ နှောင့်နှေးနေသေးပေမယ့် မတ်လကုန်မှာ အဆင်သင့် ဖြစ်နေမယ့် ဆမ်ဆောင်း S8 ဟာ S8 နဲ့ S8Plus ၂ မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပြီး Android 7.0 Nougat ကို ထည့်သွင်းထားဖွယ်ရာ ရှိနေပါတယ်။ 6GB RAM နဲ့ Qualcomm Snapdragon 835 ပရိုဆက်ဆာ အသစ် ကို သုံးစွဲဖို့ရှိနေပြီး 4K display ကို လည်း ရရှိမယ် လို့ သတင်းတွေက ဆိုပါတယ်။
ကို လည်း ရရှိမယ် လို့ သတင်းတွေက ဆိုပါတယ်။
စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Feature လုပ်ဆောင်ချက်အသစ် အနေနဲ့ ကိုယ်ရေးလက်ထောက် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ အားသာချက် ၊ အားနည်းချက်တွေ ကို ချိန်ညှိထိန်းသိမ်းဖို့ အချိန်အနည်းငယ် ရရှိသွားတဲ့ ကုမ္ပဏီ ဟာ သူ့ရဲ့ အခုတစ်ခေါက် ထုတ်ကုန် ကို အကောင်းဆုံး နဲ့ အလန်းဆုံးဖြစ်အောင် ပြင်ဆင်သွားဖွယ်ရာ ရှိနေတယ် လို့ သတင်းတွေ က ဖော်ပြထားပါတယ်။

ဆမ်ဆောင်း Galaxy S8 ရဲ့ ထူးခြားချက် (၈) ချက်

၇ လက်မ အရွယ် ရှိတဲ့ Tablet အသေးစား အရွယ် ခေါက်ချိုးဖုန်းတစ်ခု ကို သိတ်မကြာခင်မှာ လွှင့်ထုတ်မယ် လို့ ဆမ်ဆောင်းက ကြော်ငြာပြီးခဲ့တဲ့နောက်မှာ Galaxy Series သတင်းတွေဟာ အနည်းငယ် ဆွံ့အသွားသလို တောင် ရှိနေပါတယ်။ ဒါပေမယ့် ဈေးကွက်မှာ လူကြိုက်များလှပြီး ရောင်းအား ကောင်းတဲ့ Galaxy Series တွေဟာ ပရိသတ် ထုထည် အပြည့်ရှိပါတယ်။ ခေါက်ချိုး ပုံသဏ္ဍာန် လေးကို ကြိုက်မယ်။ တက်ဘလက် ရဲ့ အနှစ်သာရကိုလည်း ခံစားမယ် ဆိုတဲ့ လူတွေကတော့ Foldable Phone ကို မျှော်လင့်နေမှာ ဖြစ်ပေမယ့် ပုံမှန်အတိုင်း Samsung Galaxy Series ကို အကြိုက်တွေ့တဲ့လူတွေအတွက်ကတော့ ထွက်လာမည့် S8 ကို မျှော်လင့်ရင်ခုန်နေမှာ အသေအချာပါပဲ။
စောင့်ဆိုင်းရကျိုးနပ်စေမယ် လို့ ဆမ်ဆောင်းကုမ္ပဏီ က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာတော့ ခန့်မှန်း Specs တွေနဲ့ Video ဖိုင် တွေ၊ Leaked Photos တွေ ဟာ အွန်လိုင်းအပေါ် ပလူပျံအောင်ကို ရောက်ရှိလို့လာပါတယ်။
အမှန်ပါပဲ။အခု သတင်း တွေဟာ ခန့်မှန်း Rumors တွေကို အခြေခံပြီး ရေးသားတာ ဖြစ်ပေမယ့် ယုံကြည်ရတဲ့ နည်းပညာ သတင်း၊ စာမျက်နှာတွေက ဖြစ်တဲ့အတွက် စိတ်ချအားကိုးလို့ ရနိုင်သလို ထွက်ရှိလာတဲ့ သတင်းတွေအရ စိတ်ဝင်စားဖို့ ကောင်းလွန်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ Specs တွေကို ပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။
4k
  •  (1) 4K
အားလုံးကတော့ 4K ကို တောင်းဆိုနေကြပါပြီ။ အထူးသဖြင့် Super Amoled မျက်နှာပြင် (3840 x 2160) ဆိုတာကိုလည်း အမှန်တကယ် ဖြစ်လာစေချင်ကြပါပြီ။  အထူးသဖြင့် တော့ VR တွေက မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာပြီး ဈေးကွက်ကို မြန်မြန်ဆန်ဆန် ထိုးဖောက်လာခဲ့တဲ့အတွက် VR နဲ့ ချိတ်ဆက်မယ့် စိတ်ကြိုက်ဖုန်းတစ်လုံးကို အားလုံးက မျှော်လင့်လို့ နေတာပဲ ဖြစ်ပါတယ်။
သူရဲ့ လုပ်နေကြအတိုင်း ပုံမှန် နဲ့ အဆင်မြင့် ၂ မျိုး လွှင့်ထုတ်မယ် ဆိုရင် Regular မှာတော့ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပေမယ့် Edge မှာတော့ Quad HD 4K res ဖြစ်လာဖို့ များနေပါတယ်။
တစ်ခု ကို တွေးလိုက်ရင် နောက်တစ်ခု ဟာ ခန့်မှန်းနိုင်သွားတဲ့အတွက် S8 ဟာ Curved Edge လည်း ဖြစ်လာနိုင်ပါတယ်။ Note 7 လိုမျီုး HDR ready ဖြစ်လာပါလိမ့်မယ်။
no-home-button
  • (2) No Home button
Home Button တွေကို သက္ကရာဇ်ဟောင်းမှာပဲ ထားရစ်ခဲ့ပြီ ထင်ပါတယ်။ Fingerprint sensor ကို Home button အနေနဲ့ ထားရှိ အသုံးပြုမှာ ဖြစ်တဲ့အတွက် Home button ကို အလုံးစုံဖျောက်ပစ်လိုက်ဖို့ ရှီနေပါတယ်။
ဆမ်ဆောင်း ရဲ့ တီဗွီကြော်ငြာတစ်ခု မှာ Home Button မပါဝင်တဲ့ ဖုန်းတစ်ခု ကို ကြော်ငြာခဲ့တာ တွေ့ခဲ့ရပြီး အဲဒီ ကြော်ငြာကတော့ ဖုန်းအမျိုးအစားကို ကြော်ငြာတာမဟုတ်ဘဲ ဆမ်ဆောင်း ကုမ္ပဏီကိုသာ ကြော်ငြာခဲ့တဲ့အတွက် သို့လော သို့လော ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အိတ်ကပ်ထဲ ထည့်ပြီး ယူဆောင်သွားလို့ရလောက်အောင် ကို ပေါ့ပါးတဲ အလေးချိန်၊ လက်နဲ့ ကိုင်ပြီး သုံးလို့ရလောက်အောင် ပြုလုပ်ပေးထားမှာ ဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ iPhone 7 နဲ့ လာတော့မည့် iPone 8 ( သို့ … iPhone 7 plus) တွေရဲ့ အကြားမှာ ရှီနေမယ့် ဆမ်ဆောင်း S8 ဟာ အပြောင်းအလဲ တစ်ခုကို သေချာပေါက် လုပ်ဆောင်ပေးရတော့မှာ ဖြစ်ပါတယ်။
ဈေးကွက်ရဲ့ တောင်းဆိုမှု ကို ကုမ္ပဏီ က ဖြည့်ဆည်းပေးခဲ့တဲ့ နေရာမှာ ကင်မရာပိုင်း ၊ ဘက်ထရီပိုင်းတွေမှာ မျှော်လင့်ထားသလို ရရှိခဲ့ပြီး ဖြစ်ပေမယ့် iPhone ကို အလုံးစုံပြိုင်ဆိုင်နိုင်မယ့် ထုတ်ကုန် အဖြစ် ပရိသတ်တွေ မျှော်မှန်းထားသလောက် မဖြည့်ဆည်းနိုင်သေးဘဲ ဖြစ်နေသေးပါတယ်။
အခု S8 ကတော့ Apple ကုမ္ပဏီ ကိုယ်တိုင် က အသိအမှတ်ပြုလာဖွယ်ရာ ရှိနေပါတယ်။
headphone-jack
  • (3) Bye Bye Headphone Jack
Head Phone Jack တွေကို နှုတ်ဆက်လိုက်ဖို့ က S8 အနေနဲ့ အချိန်စောလွန်း နေဦးမှာပါ။ အခု အချက်အလက်အတွက် Rumors သတင်း ပေးပို့မှု ကို ၅၀-၅၀ လို့ပဲ တွက်ဆထားပြီး တကယ်လို့ iPhone နဲ့ ယှဉ်ပြိုင်ရမှာ ပျင်းလာပြီ ဆိုရင်တော့ Headphone Jack မပါဝင်ဘဲ ဖြစ်နေပါမယ်။ ရေရှည်တိုက်ပွဲတစ်ခု ဖြစ်ချင်သေးတယ် ဆိုရင်တော့ HeadPhone Jack တွေကို ဖြုတ်ပစ်လိုက်ပါတော့မယ်။
Apple ဟာ HeadPhone Jack ကို ဖြုတ်ပစ်လိုက်ပြီ လို့ ကြော်ငြာပြီးနောက်ပိုင်းမှာ ဖုန်းအမျိုးအစား တော်တော်များများ က Head Phone Jack ကို ဖြုတ်ပစ်လိုက်ကြပေမယ့် ဆမ်ဆောင်းကတော့ သူရဲ့ ကိုယ်ပိုင်နည်းလမ်း တစ်ခု သီးသန့် ရှိနေပါတယ်။
အဲဒါကို သူတို့ ထုတ်ဖော်မပြောကြားသေးပါဘူး။ HeadPhone Jack ကို ဖြုတ်ပစ်ခဲ့တဲ့ ကိစ္စ ဟာ ထိပ်တိုက် ယှဉ်နေတဲ့ လမ်းကြောင်းတစ်ခု မှာ ကိုယ့်အမှတ်တံဆိပ် ရဲ့ အောင်မြင်မှုအတွက် ကိုယ့်ရဲ့ သီးသန့ှ်ု အရည်အချင်းပဲဆိုရင် ဆမ်ဆောင်းကလည်း ကိုယ်ပိုင် အရည်အချင်း ကလေးတစ်ခု သိသိသာသာ ဖော်ပြလာနိုင်ဖွယ်ရာ ရှိနေပါပြီ။
အဲဒါကတော့ AI ပါပဲ။
more-performance
  • (4) Bixby AI
Google Pixel ဟာ Cortana ဆိုတဲ့ AI ပါဝင်ပါတယ်။ iPhone မှာလည်း Siri ဆိုတဲ့ AI ပါဝင်ပါတယ်။ Facebook မှာလည်း AI အပိုင် စတင်နေတာကို လူတွေ သိကြပေမယ့် Samsung ရဲ့ Bixby AI ကိုတော့ လူသိနည်းလှပါတယ်။
Bixby လို့ ခေါ်တဲ့ ကိုယ်ရေးလက်ထောက် ပါ။ ခန့်မှန်းသတင်း တွေ အရ ကုမ္ပဏီတွေဟာ သူ့ထက်ငါ ဈေးကွက်ကို ဦးဆောင်နိုင်စေဖို့ နည်းပညာအသစ်တွေ ဖန်တီးတဲ့နေရာမှာ ဖွက်ထားတဲ့ အောက်ဖဲတွေကို တစ်ခုချင်း ထုတ်သုံးလာရပါပြီ။
Bixby ကို Viv ဆိုတဲ့ ကုမ္ပဏီက တာဝန်ယူထုတ်လုပ်ပါတယ်။ ယခင် ကုမ္ပဏီတွေ နဲ့ ပြိုင်ဘက်တွေ က လုပ်ခဲ့တဲ့ အသံလက်ထောက် အဆင့်တင် မဟုတ်ဘဲ Samsung ဟာ S-Voice ထက် ပိုမို အဆင့်မြင့်မားတဲ့ သူ့ရဲ့ကိုယ်ပိုင် voice-activated AI system တစ်ခုကို ဖန်တီးနေခဲ့တယ် လို့ Viv ရဲ့ သတင်းတွေ က ဆိုပါတယ်။ Cortana တို့ Siri တို့နဲ့ မတူတဲ့အချက်က သူ့မှာ “အမျိုးသား” တစ်ယောက်ရဲ့ အသံ ရှိမှာဖြစ်ပြီး “Bixby” လို့ အမည်ရပါတယ် ။

.
အဆိုပါ ဆမ်ဆောင်းရဲ့ ကိုယ်ပိုင် AI assistant ကို လာမယ့် Galaxy S8 မှာ စတင် မြင်တွေ့ရဖို့ မျှော်လင့်ရပြီး (သတင်းသစ်တစ်ခု အရ) Galaxy “Note 8” မှာတော့ အင်မတန် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်လာမယ် လို့ သိရပါတယ် ။
water-proof
  • (5) Water Proof
အခု ၂၀၁၇ ခုနှစ်ထဲမှာ ဆမ်ဆောင်းဟာ သူထုတ်လုပ်မယ့် ဖုန်းတွေကို ရေစိမ်ခံ ၊ သဲဒဏ်၊ ဖုန်ဒဏ်တွေ ခံနိုင်ရည် ရှိစေဖို့ ကြိုးစားအားထုတ်လာပါတယ်။ နမူနာ ပြောရရင် S7 နဲ့ S7 Edge တို့တုန်း က ရေအောက် ၅ ပေ အထိ နစ်မြုပ်စေပြီး မိနစ် ၃၀ အထိ စမ်းသပ်ပြခဲ့ပတါယ်။ အဲဒီအတွက် S8 ဟာလည်း ရေစိမ်ခံ၊ ဖုန်ဒဏ် သဲဒဏ်ခံ ဖုန်းတစ်လုံး ဖြစ်လာဖို့ များနေပါတယ်။ အထူးသဖြင့် နာမည်ကျော် စီးရီးမှာ အခုလို အရည်အသွေးကို ထည့်သွင်းထားတာ ဟာ အောက်တိုဘာအတွင်းမှာ ထွက်ရှိလာနိုင်တဲ့ အိုင်ဖုန်း ကို ယှဉ်ပြိုင်ပြီးသား လည်း ဖြစ်စေနိုင်ပါတယ်။
သိတ်တော့လည်း မထူးဆန်းလှသလိုပါပဲ။ ပြီးခဲ့တဲ့ နှစ်က မိတ်ဆက်ထုတ်လုပ်ခဲ့တဲ့ Samsung Galaxy S7 နဲ့ S7 edge တွေမှာလည်း ရေစိုတာ နဲ့ ဖုန်ဝင်တာကို ကာကွယ်ပေးထားပြီး အကြမ်းခံနိုင်တာကို တွေ့ခဲ့ရပါတယ်။
ဒီလိုတွေ ရှိခဲ့တာ ကို လေ့လာရပါမယ်။
  • Samsung Galaxy S7 – IP68
  • Samsung Galaxy S6 – N/A
  • Samsung Galaxy S5 – IP67
  • Samsung Galaxy S4 Active – IP67
  • Samsung Galaxy S4 – N/A
  • Samsung Galaxy S3 – N/A
camera-2
  • (6) Dual Camera
Galaxy S7 နဲ့ S7 Edge တွေမှာ Camera ပိုင်းအနေနဲ့လည်းအပြောင်းအလဲတွေတော်တော်လုပ်ထားတာကိုတွေ့ရပါတယ်။ အရင်ဖုန်းတွေလို Camera အိမ်ကရှေ့ထွက်နေတာမျိုးမဟုတ်တော့ပဲ ဖုန်းကိုယ်ထည် နဲ့ တသားတည်း ဖြစ်လာပါတယ်။
အရည်အသွေးပိုင်းအနေနဲ့က Samsung Galaxy S7 နဲ့ S7 Edge မှာ ရှေ့ 5Megapixel နဲ့ အနောက် 12MP တပ်ဆင်ခဲ့ပါတယ်။ 12 Megapixel ဆိုပေမယ့် ပိုမိုများပြားတဲ့ Pixel ပမာဏကို သုံးစွဲပေးထားလို့ ဓာတ်ပုံရိုက်တဲ့နေရာမှာ အလင်းရောင်အားနည်းနေချိန်မှာ ရုပ်ထွက်ကောင်းမွန်တဲ့ ဓါတ်ပုံတွေရိုက်ကူးနိုင်ဖို့ အကောင်းဆုံး အဆင်ပြေစေခဲ့ပါတယ်။
အားလုံးက မျှော်လင့်နေတာ က Dual Camera ပါပဲ။
ဈေးကွက်ဝေစုကို ပါဆင့်နိတ် အနည်းငယ်လောက်ပဲ ရထားတဲ့ ကုမ္ပဏီတွေတောင်မှ အကောင်းဆုံး Dual Camera တွေကို ထုတ်ပေးနိုင်ခဲ့ရင် တကမ္ဘာလုံးမှာ Top 10 စာရင်းဝင် Samsung ကုမ္ပဏီအနေနဲ့ Dual ကို ထုတ်ပေးဖို့ စောင့်စားနေတာ Fans တွေတင် မကလောက်ပါဘူး။
အဲဒီမှာ က အချက်အလက်တစ်ခု ထွက်လာတာက ဒီလိုပါ။ တကယ်လို့ Dual Camera ပါရှိလာမယ် ဆိုရင် သူ့ကို အထောက်အပံ့ပေးဖို့အတွက် Qualcomm ရဲ့ Snapdragon 835 chip များ သုံးစွဲသွားမလား ဆိုတဲ့ အချက်ပါပဲ။
ဒါဆိုရင်တော့ အကောင်းဆုံး နဲ့ နောက်ဆုံးပေါ် ပရိုဆက်ဆာ ကို သုံးစွဲခွင့်ရမှာ သေချာသွားပါပြီ။
smart-glow-1
  • (7) More Performance
  • Galaxy S7 – 5.1-inch
  • Galaxy s7 Edge – 5.5-inch
  • Galaxy S6 – 5.1-inch
  • Galaxy S6 Edge – 5.1-inch
  • Galaxy S5 – 5.1-inch
ပြီးခဲ့တဲ့ Galaxy Series တွေဟာ ၅ လက်မ ၀န်းကျင်မှာပဲ ရှိခဲ့သလို Samsung ရဲ့ မဟာဗျူဟာတွေထဲမှာ ပါဝင်တဲ့ Galaxy S စီးရီးတွေကို နည်းပညာပိုင်းကလွဲပြီး သိသာတဲ့ ပြောင်းလဲမှုတွေ သိတ်မပြုလုပ်ခဲ့ပါဘူး။
ဒါကြောင့် အခု လာမယ့် Galaxy S8 ဟာလည်း ခန့်မှန်းသူများ ရေးနေကြသလို 5.7 လက်မ ဆိုတာ ဟာ ဖြစ်နိုင်ခြေ အရမ်းများနေပါတယ်။ တချို့ကတော့ Xiaomi Mi Mix ရဲ့ မျက်နှာပြင် လက်မ အတိုင်း ဖြစ်လာနိုင်ဖွယ်ရာ ရှိနေတယ် လို့ ဆိုပါတယ်။
အဲဒီအပြင် ဆမ်ဆောင်းဟာ မျက်နှာပြင် ပိုင်းမှာလည်း  သူတို့ရဲ့ အောင်မြင်ခဲ့တဲ့ “glass sandwich” design နဲ့ပဲ S8 ကို ရုံပြည့်ရုံလျှံ အောင်ပွဲခံသွားနိုင်ဖွယ်ရာ ရှိနေပါတယ်။
အရင် Galaxy S7 နဲ့ S7 edge တို့မှာ microSD Slot ကိုလည်း ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။ Samsung Galaxy S7 နှင့် S7 Edge ၂ မျိုးလုံးမှာ Internal Storage အနေနဲ့ကတော့ 32 GB ပါဝင်မှာဖြစ်ပါတယ်။ ခန့်မှန်း သတင်း အရ Galaxy S8 နဲ့ S8 Edge ဟာ 64GB နဲ့ စတင်ထွက်ရှိလာဖွယ်ရာ သတင်း ကြားရပါတယ်။ Samsung Galaxy S7 နဲ့ S7 edge ၂ မျိုးလုံးမှာ RAM 4GB တပ်ဆင်ထားပါတယ်။ Processor အနေနဲ့ US မှာဆိုရင် Octa-core Snapdragon Processor တပ်ဆင်ထားပါတယ်။
Samsmung Galaxy s8 နဲ့ s8 Edge RAM 6GB နဲ့ Processor 835 လို့ နာမည်ကြီးနေပါတယ်။
Battery အနေနဲ့ Samsung Galaxy S7 မှာ 3,000 mAh Battery နဲ့ S7 edge မှာ 3,600 mAh Battery တို့ကိုတပ်ဆင်အသုံးပြုထားပါတယ်။ သုံးနေတဲ့ အချိန်မှာ ဖုန်းပူလာတာကို လျော့ကျစေဖို့ Cooling System အသစ်ကို အသုံးပြုထားတယ်လို့လည်းသိရပါတယ်။
  • Galaxy S7 – 3,000mAh
  • Galaxy S7 Edge – 3,600mAh
  • Galaxy S6 – 2,550mAh
  • Galaxy S6 Edge – 2,600mAh
အဲဒီလို တွေ သုံးစွဲခဲ့တဲ့ အတွက် Galaxy s8 နဲ့ s8 Edge ကို 4000 mAh မျှော်လင့်လျက်ရှိပါတယ်။
synaptics
  • (8) Release Date
အင်္ဂလန် နဲ့ အမေရိကန် မှာ ဖြန့်ချိခဲ့တဲ့ Galaxy စီးရီးတွေ ရဲ့ ရက်စွဲနဲ့ Date တွေပါ။ အဲဒီအတွက် Galaxy S8 ဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှာ ကျင်းပ ပြုလုပ်မယ့် Mobile World Congress ပွဲစဉ်အပြီးမှာပဲ သုံးစွဲသူ လက်ထဲကို ရောက်လာဖို့ ရှိနေပါတယ်။
လွှင့်ထုတ်ခဲ့ပြီး ရောင်းချခဲ့တဲ့ ရက်စွဲတွေကို ကြည့်ခြင်းအားဖြင့် အခု ဖော်ဖော်ဝါရီ လကုန် နဲ့ မတ်လ ဆန်းစ အချိန်တွေမှာ စိတ်လှုပ်ရှားဖို့ အရမ်းကောင်းတဲ့ Galaxy S8 ကို ရရှိခံစားရဖို့ များနေပါတယ်။ ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်းမှာလည်း Unpacked Event တစ်ခု ရှိနေတာမို့ release date ဟာ ဧပြီလအတွင်းလည်း ဖြစ်သွားနိုင်ပါတယ်။
  • Extra
ဈေးနှုန်းတွေ အကြောင်းကို ပြောရရင် နိုင်ငံတကာ က ဈေးနှုန်း တွေက ဒီလိုတွေရှိပါတယ်။
  • Galaxy S7 – £569
  • Galaxy S6 – £599
  • Galaxy S7 Edge – £639
  • Galaxy S6 Edge – £695
မြန်မာငွေ နှုန်းထားနဲ့ တွက်ချက်ကြည့်ရမယ် ဆိုရင် ရန်ကုန်၊ မြေနီကုန်းမှာ ရှိတဲ့ အရောင်းဆိုင် WinMobileWorld ရဲ့ ( ဇန်နဂါရီ ၁၄ ရက်နေ့ ၊ ၂၀၁၇ ခုနှစ် ) ရက်နေ့ ဈေးနှုန်း အရ .. ၁ နှစ် အာမခံ ဆမ်ဆောင်း Company Set Galaxy S7 EDGE ဟာ ဈေးနှုန်း ကျပ် – ၉၃၅၀၀၀ ရှိပါတယ်။ အဲဒီအတွက် ဒေါ်လာပေါက်ဈေး၊ လတ်တလော ငွေဈေးနှုန်း နဲ့ လဲလှယ်ငွေဈေး၊ ဒါတွေအားလုံးကို ထည့်သွင်း တွက်ချက်ကြည့်မယ် ဆိုရင် Galaxy S8 Edge ဟာ  မြန်မာငွေ ၁၀ သိန်း ၀န်းကျင် အထိ ရှိသွားနိုင်ဖွယ်ရာ ရှိနေပါတယ်။
  • ထွက်ပေါ်လာခဲ့တဲ့ S8 ရဲ့ နမူနာ ဗွီဒီယိုကို ဖော်ပြလိုက်ပါတယ်။




Admin>>> Digitaltime

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: