About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ဖေ့စ်ဘွတ်မှာ Search History တွေ ရှင်းလင်းနည်း

ဖေ့စ်ဘွတ်မှာ search history တွေ ဖျက်ပစ် သို့မဟုတ် ရှင်းလင်း ပေးမယ့် အသေးစိတ်လမ်းညွှန်ချက်လေးတွေ ဖြစ်ပါတယ်။ Search history ရှင်းလင်းဖို့ အောက်မှာပေးထားတဲ့ ရိုးရှင်းနည်းလမ်းအတိုင်း လုပ်သွားရုံပါပဲ။
ကွန်ပျူတာကနေတဆင့် ရှင်းလင်းနည်း
အဆင့် -  ၁
ပထမဦးဆုံး ဖေ့စ်ဘွတ် search bar မှာ click တစ်ချက် နှိပ်ပါ။ မကြာသေးမီက ရှာဖွေခဲ့သမျှအားလုံး search တွေ ပေါ်လာပါလိမ့်မယ်။ ညာဘက်ထောင့်မှာ Edit button တစ်ခုတွေ့ပါမယ်။ အဲဒီ Edit button ကို နှိပ်ပါ။
အဆင့် - ၂
မိမိရဲ့ search history မှန်သမျှ မြင်တွေ့နိုင်တဲ့ Search History ပေ့ခ်ျ တွေ့နိုင်ပါတယ်။ ယင်း search history တွေအားလုံး ရှင်းလင်း (သို့) ဖျက်ပစ်ဖို့အတွက် ညာဘက်အပေါ်ထောင့်စွန်းက Clear Searches button လေး နှိပ်ပါ။
အဆင့် - ၃
Clear Searches button နှိပ်ပြီး ဖေ့စ်ဘွတ် search history အားလုံး Facebook profile ကနေ လုံးဝရှင်းလင်း သွားပါလိမ့်မယ်။
Android  App ကနေ ရှင်းလင်းနည်း
အဆင့် - ၁
Android စက်ပေါ်က ဖေ့စ်ဘွတ် app မှာ search bar ကို tab လုပ်ပါ။ မကြားသေးမီက search တွေ ဖော်ပြပေးတာ မြင်တွေ့နိုင်ပါတယ်။ ညာဘက်ခြမ်းက Edit ကို ရွေးပါ။
အဆင့် - ၂
နောက် ဖေ့စ်ဘွတ် Search History အားလုံးမြင်တွေ့ပါမယ်။ ရှာခဲ့သမျှ search တွေ ဖျက်ပစ်ဖို့အတွက် Activity Log ထဲက Clear Searches ပေါ်ကို နှိပ်ပေးရပါမယ်။
အဆင့် - ၃
နောက်ဆုံး Confirm button နှိပ်ပါ။ သင့် ဖေ့စ်ဘွတ် Search history အားလုံး FB profile ကနေ ပျောက်သွားပါလိမ့်မယ်။ 
Admin: trend.com.mm

ကိုမိုး(နည်းပညာ)

Share
Banner

ကိုမိုး

Post A Comment:

0 comments: