Apple ကတော့ မိုဘိုင်းဖုန်းတွေရဲ့ ပြဿနာတစ်ခုဖြစ်တဲ့ အားကုန်ခါနီးမှာ Charging ကြိုးရှာရတဲ့ ဒုက္ခကို နောက်ထပ်ထွက်ရှိလာမယ့် iPhone မှာ ဖြေရှင်းလာဖို့ ရှိပါတယ်။ Apple Watch အတိုင်း သံလိုက်ကြိုးအနေနဲ့ အားသွင်းနိုင်တဲ့ နည်းစနစ်ကို အသုံးပြုမှာဖြစ်ပြီးတော့ စမတ်ဖုန်းတွေရဲ့ ရှုပ်ပွနေတဲ့ အားသွင်းကြိုးတွေကို အဆုံးသတ်လိုက်နိုင်တော့မှာလည်းဖြစ်ပါတယ်။
နောက်ထပ်ထွက်ရှိလာမယ့် iPhone ကတော့ စွမ်းအင်အရင်းအမြစ်ကနေ ဘယ်လောက်ဝေးဝေး အားသွင်းနိုင်မှာဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ဖြစ်တဲ့အတွက်ကြောင့် ဖုန်းအတွင်းပိုင်းအပူချိန်ဟာ သာမန်အားသွင်းကြိုးတွေထက် ပိုမို မြင့်တက်နိုင်မယ့် အားနည်းချက်တစ်ခုတော့ ရှိနေပါသေးတယ်။ အဲဒီအချက်ကို Apple အနေနဲ့ ပြန်လည်ဆန်းသစ် ဒီဇိုင်းထုတ်ဖို့လည်းရှိနေပါသေးတယ်။
iPhone 8 ဟာ ဒေါ်လာ ၁၀၀၀နဲ့ အထက်တန်ဖိုးရှိမယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။
Ref:seventeen
trend.com.mm
Post A Comment:
0 comments: