ဒီနေ့ လို Valentine's Day နေ့ မှာ Facebook သုံးတဲ့လူတွေ သတိထားမိမယ့် စတစ်ကာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ ခရမ်းရောင်ငှက်ကလေးတစ်ကောင်ရဲ့ လှုပ်ရှားမှုကို ပြတဲ့ စတစ်ကာလေးဖြစ်ပြီး ဒီစတစ်ကာကို ကျွန်တော်တို့ အာရှဘက်က Facebook သုံးသူတွေ အတော်သုံးကြပါတယ်။ ဒီစတစ်ကာလေးကို Trash Dove လို့ ခေါ်ပြီး အမေရိကန်ကာတွန်းပညာရှင် ဆစ်ဝီလာက ရေးဆွဲခဲ့တာပါ။
ဒီငှက်ရုပ်ကလေးကို ပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာလထဲမှာ ဖလော်ရီဒါအခြေစိုက် Illustrator ဖြစ်တဲ့ ဝီလာက ရေးဆွဲခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလထဲမှာ Facebook စတစ်ကာအဖြစ် ဖန်တီးလိုက်တာပါ။ Trash Dove ငှက်ရုပ်ကလေးကို emojis အသွင်အမျိုးမျိုးနဲ့ သုံးနေကြပေမယ့် လူသုံးအများဆုံး emoji ကတော့ ခေါင်းငုံ့ လိုက် မော့လိုက်လုပ်ပြနေတဲ့ ပုံစံနဲ့ emojis လေးပဲ ဖြစ်ပါတယ်။ ခရမ်းရောင်ငှက်စတစ်ကာလေး နာမည်ကြီးရခြင်းဟာ ထိုင်းမှ နာမည်ကြီး Facebook page တစ်ခုဖြစ်တဲ့ สัตว์โลกอมตีน မှာ ကာတွန်းကြောင်ရုပ်ကလေးနဲ့ တွဲကတာကို ဖော်ပြရင်းနဲ့ လူကြိုက်များလာတာပါ။ အဲဒီ ဖေဖော်ဝါရီ အစောပိုင်း ပထမတစ်ပတ်အတွင်းမှာပဲ ကြည့်ရှုသူ ၄ သန်း ရှိခဲ့ပြီး ဒီအရုပ်လေးကို သုံးစွဲသူ များပြားလာခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီစတစ်ကာလေး နာမည်ကြီးလာပြီးနောက် ဒီအရုပ်လေးကို ရေးဆွဲခဲ့တဲ့ ဝီလာဟာ သူမရဲ့ Facebook page ပေါ်မှာ ကျေးဇူးတင်ကြောင်း ဗွီဒီယိုတစ်ခု တင်ခဲ့ပါတယ်။
သို့ သော်လည်း လူတိုင်းကတော့ ဒီစတစ်ကာလေးရဲ့ ပရိတ်သတ်မဟုတ်ကြပါဘူး။ အင်တာနက်ပေါ်မှာ ခရမ်းရောင်ငှက်ကလေးရဲ့ တဆတ်ဆတ်ခေါင်းငြိမ့် ခေါင်းမတ် လုပ်နေတာကို ကန့် ကွက်ကြကြောင်း လက်မှတ် ၂၀၀၀ ကျော်နဲ့ ပိတ်ပင်တားမြစ်ဖို့ ကြိုးစား ခဲ့ပါတယ်။ တကယ်တော့ ဒီငှက်ကလေးဟာ ဘာအဓိပ္ပါယ်ဆောင်နေပါသလဲ။
တကယ်တော့ ကာယကံရှင်ကလွဲပြီး ဘယ်သူမှ အတိအကျ မသိပါဘူး။ တစ်ချို့ တွေကတော့ ဆတ်စလူးစိန်နေအောင် ခါနေတယ်လို့ ဆိုတယ်လို့ အဓိပ္ပါယ်ဖွင့်ကြပါတယ်။ တစ်ချို့ ကတော့ ဒါဟာ လူမြင်မကောင်းအောင် လုပ်ပြနေတဲ့ လူတွေကို ပြန်ပြီး ပြောင်ပြနေတယ်လို့ ဆိုပါတယ်။ အားလုံးဟာ အနုပညာတစ်ရပ်ကို ကိုယ့်အမြင်နဲ့ ကိုယ် ခံစားကြသလို မျိုး အဓိပ္ပါယ်ဖွင့်ဆိုနေကြခြင်းဖြစ်ပါတယ်။ ဒီနှစ်ထဲ အင်တာနက်မှာ နာမည်ကြီးလှတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ ဇန်နဝါရီ ၇ ရက်ထဲမှာ နာမည်ကျော် တူရကီစားဖိုမှူး နာစရက် ဂေါ့စဲလ် ရဲ့ အသားပြားပေါ် ဆားဖြူးတဲ့ဟန် ကို တင်ထားတဲ့ Twitter ဗွီဒီယိုဟာ ၄၈ နာရီအတွင်း ကြည့်ရှုသူ ၂.၄ သန်းကျော် နဲ့ မှတ်ချက်ပြုသူ ၈၇၀၀ ရှိခဲ့ပြီး ဒီဗွီဒီယိုမှာ so this is #saltbae ဆိုပြီး မက်ဆေ့တင်ခဲ့ပါတယ်။ ဒီတစ်ခုမှာ သူ့ ကိုယ်ပိုင် အဓိပ္ပါယ်ရှိပေမယ့် ဘယ်သူမှ အတိအကျ မသိကြပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီခရမ်းရောင်ငှက်ကလေးကတော့ တစ်ကမ္ဘာလုံးက Facebook စာမျက်နှာတွေမှာ နာမည်ကျော်နေပြီ ဖြစ်ပါတယ်။
Source: BBC
Credit: duwun.com.mm
Post A Comment:
0 comments: