About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Users တွေ သတိမထားမိတဲ့ VLC Media Player ရဲ့ လုပ်ဆောင်ချက် (၅) ချက်

 

VLC ဆိုတာက မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ လူသုံးအများဆုံး Media Player တစ်ခုဖြစ်တဲ့အပြင် Open Source Corss-Platform သုံးနိုင်တဲ့ Player တစ်ခုလဲဖြစ်ပါတယ်။ Media Format အားလုံးနီးပါးကိုအထောက်အပံ့ပေးထားပြီး အချို့ Media Player တွေလို codec တွေထပ်ပြီး Installလုပ်ဖို့မလိုပါဘူး။။ အရမ်းအသုံးဝင်ပေမယ့် ကျွန်တော်တို့တော်တော်များများ သတိမထားမိတဲ့VLC Player ရဲ့လုပ်ဆောင်ချက် (၅)ခု ရှိပါတယ်။
(1) ကိုယ့်ရဲ့ Desktop ကို Record လုပ်လို့ရပါတယ်။

ဆိုလိုတာကအခြား Screen Capture App သီးသန့်မလိုပါဘူး။ VLC Media နဲ့တင် အလွယ်တကူScreen Capture လုပ်လို့ရပါတယ်။ Media>Convert/Save ကိုဝင်လိုက်ပါ။ ပြီးရ် Capture Device tab ကိုရွေးပါ။ Capture mode ရဲ့ Drop-Down Menu မှာ Desktop ကိုရွေးလိုက်ပါ။  ပြီးရင် FrameRate ကိုရွေးရပါမယ်။ 15 ဆိုတာက အနေတော်ပါပဲ။ ပြီးရင် Convert/Save ကိုရွေးပါ။ ကိုယ်လိုချင်တဲ့File Format နဲ့ သိမ်းချင်တဲ့ File Destination ကိုရွေးပြီးသွားရင် Start ကိုနှိပ်ပါ။ VLC က Backgroud ကနေ တိတ်တဆိတ် Record လုပ်ပေးပါမယ်။ ရပ်ချင်ပြီဆိုရင် App ထဲကိုပြန်ဝင်ပြီးStop ကိုနှိပ်ပါ။
(2) Video Files တွေကို Convert လုပ်လို့ရပါတယ်။

Format Factory တို့လို Video Files တွေကို Convert လုပ်ဖို့ သီးသန့် Softwares မလိုပါဘူး။Media> Convert/Save ကိုဝင်ပါ။ Add button ကိုနှိပ်ပြီးတော့ ကိုယ်ပြောင်းချင်တဲ့ဖိုင်ကို selectလုပ်ပါ။ ညာဖက်အောက်ဆုံးမှာရှိတဲ့ Drop-down Box ကနေ Convert ကိုရွေးပါ။ နောက်ထပ် Screen တစ်ခုကျလာရင်တော့ ကိုယ်ပြောင်းချင်တဲ့ File Type နဲ့ သိမ်းချင်တဲ့ File Destination ကိုရွေးပါ။ ပြီးရင်တော့ Start နှိပ်လို့ရပါပြီ။
(3) YouTube Videos တွေကို Download ဆွဲလို့ရပါတယ်။

Click နှိပ်ပြီးတော့ တိုက်ရိုက် Download ဆွဲနိုင်တာမျိုးမဟုတ်ပါဘူး။ အဆင့်နှစ်ဆင့်၊ သုံးဆင့်တော့လုပ်ရပါမယ်။ ဒါပေမယ့် ဒီနည်းကိုကျွန်တော်သိပ်သဘောမတွေ့လှပါဘူး။ Media > Open Network Stream ကိုဝင်လိုက်ပါ။ ကိုယ်ဒေါင်းချင်တဲ့ YouTube URLကို Box ထဲမှာ Paste လုပ်ပါ။ စက္ကန့်အနည်းငယ်ကြာတဲ့အခါကျရင် Video ပွင့်လာပါမယ်။ ပြီးတော့မှTools > Codec Information ကိုနှိပ်လိုက်ရင် Box တစ်ခုကျလာပါလိမ့်မယ်။ အောက်ဆုံးနားမှာရှိတဲ့ Location Box ထဲက Text တွေအားလုံးကို Copy လုပ်လိုက်ပါ။ ပြီးရင် အဲ့ဒီ Text တွေကို Browser ထဲမှာ ဖွင့်ပြီးရင် Save Video As လုပ်ပြီးသိမ်းလို့ရပါပြီ။
(4) DVD ခွေတွေကို Rip လုပ်လို့ရပါတယ်။

DVD ခွေတစ်ခွေကို Rip လုပ်ပြီးသိမ်းဖို့အတွက် အခြား Software တွေ မလိုတော့ပါဘူး။ Media > Convert/Save ကိုဝင်လိုက်ပါ။ ပြီးရင် Disk tap ကို Click နှိပ်ပါ။ ပြီးရင် Convert ကိုနှိပ်ပါ။ ကိုယ်လိုချင်တဲ့ File Format ကိုရွေးပြီးရင်တော့ Start ကိုနှိပ်လို့ရပါပြီ။
(5) Podcasts တွေကို Subscribe လုပ်လို့ရပါတယ်။

VLC က Featured အပြည့်ပါတဲ့ Podcast Manager ကောင်းတစ်ခုပါ။ View > Playlist ကိုဝင်လိုက်ပါ။ Podcast လို့ပေါ်လာတဲ့အထိ Scroll Down လုပ်လိုက်ပါ။ (Internet Connection ရှိရပါမယ်)Podcast အပေါ်မှာ Click ထောက်လိုက်ရင် + ပုံလေးပေါ်လာပါမယ်။ ကိုယ် Subscribe လုပ်ချင်တဲ့ URL ကိုထည့်ပြီးရင် Play လုပ်ကြည့်လို့ရပါပြီ။

မင်းသုခ (အခရာ)

Credit - www.akhayar.com

  DOWNLOAD


  Password: www.ayekyaw.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: