About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Xiaomi က နောက်တစ်ပတ်မှာ Pinecone Processor ကိုထုတ်ဖော်မည်

ပြီးခဲ့တဲ့အပတ်က Xiaomi အနေနဲ့ ၄င်းရဲ့ ကိုယ်ပိုင် processor ထုတ်လုပ်မယ် ဆိုတဲ့ သတင်းထွက်ဖော်ခဲ့ပြီး အခုအချိန်မှာတော့ Pinecone အမည်နဲ့ ယင်း processor ကို နောက်တစ်ပတ် ဖေဖော်ဝါရီ (၂၈) ရက်နေ့မှာ ထုတ်ဖော်တော့မှာဖြစ်တယ် ဆိုတဲ့ တိကျသေချာတဲ့ သတင်းတစ်ရပ် ထပ်မံ ပေါ်ထွက်လာပါတယ်။
လက်ရှိ နည်းပညာလောကထဲက စမတ်ဖုန်းထုတ်လုပ်အောင်မြင်နေတဲ့ ကုမ္ပဏီတွေထဲမှာ Apple, Samsung နဲ့ Huawei တို့သာ ကိုယ်ပိုင် processor ကို ထုတ်လုပ်အသုံးပြုလျက်ရှိပြီး အခုဆိုရင်တော့ (၄)ခုမြောက် ကုမ္ပဏီ အဖြစ် Xiaomi ပါ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။
အကြံတူရင် နောက်လူဦးတယ် ဆိုတဲ့ စကားအတိုင်း Xiaomi ရဲ့ Pinecone processor ဟာ Samsung Exynos နဲ့ Huawei Kirin တို့ထက်သာလွန်မှာလား၊ (ဒါမှမဟုတ်) Qualcomm Snapdragon processor ကိုတောင် ယှဉ်နိုင်တဲ့အထိ စွမ်းဆောင်ရည်မြင့်မား မှာလားဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
တရုတ်စမတ်ဖုန်း ကုမ္ပဏီတွေထဲမှာတော့ Huawei ပြီးရင် Xiaomi ဟာ ဒုတိယမြောက် ကိုယ်ပိုင် processor ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်လာခဲ့ပြီး Hugo Barra ရဲ့ လမ်းညွှန်မှုမရှိတော့ဘဲ ဖန်တီးထားတဲ့ Xiaomi ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
ယခင်အဆက်

Share
Banner

ကိုမိုး

Post A Comment:

0 comments: