Web page တွေ Blog page တွေကို Zawgyi font ကိုသုံးပြီး မြန်မာလိုစာရိုက်ဖို့အတွက် အရင်ဆုံး စမ်းသတ်တဲ့အနေနဲ့ Microsoft Word ထဲတွင် မြန်မာစာ နှင့် အင်္ဂလိပ်စာ ရောပြီးရိုက်ကြည့်ရအောင်…
သင့်ကွန်ပျူတာထဲရှိ Microsoft Word Software ကိုဖွင့်၍ ဖိုင်အသစ်(new) တစ်ခုယူလိုက်ပါ၊ ပြီးရင်…
(၁) မျှားခေါင်းကို နှိပ်လိုက်ပါက ပုံပါမြင်ရတဲ့အတိုင်း စာလုံး ပုံစံမျိုးစုံတွေ့ရပါမယ်၊
(၂) မြန်မာစာရိုက်မှာဖြစ်တဲ့အတွက် Zawgyi-One font ကို ရွေးပါ၊
(၃) ကတော့ စာလုံးအရွယ်အစား အကြီး၊အသေးပါ၊ အဆင်ပြေတဲ့အရွယ်အစားရွေးလိုက်ပါ။ ပြီးရင်…
ပုံ(၁၆)တွင်မြင်ရသလို သင့်ကွန်ပျူတာ task bar ပေါ်ရှိ လိမ်မော်ရောင်စက်ဝိုင်းထဲက keyboard icon ပေါ်တွင် တစ်ချက်နှိပ်(left click ပါ၊ right click မဟုတ်)ပါ၊ ပုံတွင်မြင်ရသည့်အတိုင်း US keyboard တွင် အမှန်ခြစ်(tick) ဖြစ်နေရပါမယ်၊ မဖြစ်သေးရင် နှိပ်၍ရွေးလိုက်ပါ။ တခါတရံ စာရိုက်လိုက်တဲ့အခါ လေးထောင့်အတုံးတွေ ပေါ်နေရင် ဒီနေရာလာပြီး US တွင် tick ဖြစ်၊ မဖြစ် ဆိုတာ ပြန်စစ်ဆေးပါ။ ကဲ… မြန်မာအက္ခရာတွေနဲ့ စာရိုက်လို့ရပါပြီ။
(ပုံထဲမှာက မြန်မာ keyboard version နှစ်ခုကို install လုပ်ထား၍ နှစ်မျိုးပေါ်နေတာပါ၊ တစ်မျိုးဆိုလုံလောက်ပါတယ်။)
မြန်မာစာထဲမှာ အင်္ဂလိပ်စာလုံး ကြားညှပ်ရိုက်ချင်တယ်ဆိုရင် ctrl+shift (ctrl ကိုနှိပ်ထားစဉ် shift ကိုနှိပ်၊ သို့မဟုတ် shift ကိုနှိပ်ထားစဉ် ctrl ကိုနှိပ်) ဖြင့် အပြန်အလှန် ပြောင်း၍ရိုက်လို့ရပါတယ်။
ဥပမာ-မြန်မာစကားလုံးရိုက်ပြီးရင် ctrl+shift နှိပ်လိုက်ပါက နောက်ရိုက်မည့်စာများသည် အင်္ဂလိပ်လိုပေါ်လာမည်၊ အင်္ဂလိပ်စာလုံးများရိုက်ပြီး၍ မြန်မာလိုပြန်ရိုက်ချင်တယ်ဆိုရင် ctrl+shift ကိုပြန်နှိပ်၊ မြန်မာလိုပြန်ပေါ်လာပါလိမ့်မယ်။ ဒီလိုနည်း ctrl+shift နဲ့ ဘာသာစကားလုံးတွေကို ကူးပြောင်းရိုက်လို့ရပါတယ်။
“Website/Blog တွေရဲ့ page တွေ post တွေကိုလည်း ဒီလိုနည်းလမ်းအတိုင်းဘဲ ရိုက်နိုင်ပါတယ်။ Post/Page တွေရဲ့ writing panel ရဲ့ default font ကတော့ English font တစ်ခုခုဖြစ်နေပါလိမ့်မယ်။ Microsoft Word လိုပါဘဲ… ctrl+shift ကိုသုံးပြီး Zawgyi Font နဲ့ English font ကိုအဆင်ပြေသလို ပြောင်းလဲသုံးနိုင်ပါတယ်။”
မြန်မာအက္ခရာတွေဟာ ကွန်ပျူတာရဲ့ဘယ် keys တွေပေါ်မှာရှိလဲဆိုတာ သိဖို့အတွက် keyboard layout ပုံကိုရှိထားရင် ပိုကောင်းပါတယ်။
Zawgyi Keyboard Layout လက်ကွက်ကို http://www.alpha.com.mm/alphazawgyi2008/layout.html ကိုသွားပြီး download ပြီးရယူနိုင်ပါတယ်။
အခုမှ မြန်မာစာကို စရိုက်မယ့်သူတွေကတော့ မြန်မာကီးဘုတ်လက်ကွက်ကို အစမှာ မှတ်မိအုံးမှာမဟုတ်သေးဘူး၊ ဒီလိုဘဲရိုက်ရင်းနဲ့ အလေ့အကျင့်ဖြစ်ပြီး စာလုံးတော်တော်များများရဲ့နေရာကို မှတ်မိသွားမှာပါ။
http://www.alpha.com.mm/zawgyi/zawgyi.html မှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။
Alpha နဲ့ Zawgyi တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် အလွန်ဂုဏ်ယူမိပါတယ်၊ ကျေးဇူးလည်းအထူးတင်ပါတယ်။ မြန်မာ web developer တွေနဲ့ မြန်မာအင်တာနက်အသုံးပြုသူတွေအတွက် ပိုပြီးအဆင်ပြေစေမယ့် တီထွင်မှုတွေ ထပ်ပြီးဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
ကျေးဇူးတင်ပါတယ်။
Advertisements
Zawgyi Keyboard Layout Setup Tutorial
Zawgyi Keyboard ကို install လုပ်ဖို့အတွက် ပုံ(၈)မှာ ပြထားတဲ့အတိုင်း…
(၁၈) ဖိုင်သိမ်းထားတဲ့ နေရာကို ရောက်အောင်သွားပြီး
(၁၉) Zawgyi_Keyborad_L.zip ပေါ်တွင် right click ဖြင့်
(၂၀) Extract to Zawgyi_Keyborad_L\ ကိုနှိပ်ပါက(data များကို ချုံ့(zip)ထား၍ ပြန်ဖြည်ရသည့်အခြေအနေပါ) ပုံ(၉)တွင် မြင်ရသကဲ့သို့ Zawgyi_Keyborad_L အမည်ဖြင့် folder အသစ်တခု ပေါ်လာပါလိမ့်မယ်။ Keyboard Layout ကို download လုပ်ခြင်းပြီးပြီဖြစ်၍ install လုပ်ရန် ဆက်ရပါမည်။
ပုံ(၉)တွင်မြင်ရသည့်အတိုင်း
(၂၁) Zawgyi_Keyboard_L အမည်ဖြင့် အ၀ါရောင် folder ပေါ်တွင် double click နှိပ်၍
(၂၂) location နေရာအထိအရောက်သွားလိုက်ပါက ပုံ(၁၀)တွင် မြင်ရသည့်အတိုင်း အတွင်းရှိ ဖိုင် files/folders များကို မြင်ရပါမယ်။
(၂၃) setup ပေါ်တွင် double click နှိပ်လိုက်ပါက ပုံ(၁၁)အတိုင်း installer window တစ်ခုပေါ်လာပြီး install လုပ်ရန်ပြင်ဆင်ပါလိမ့်မယ်၊ ဘာကိုမှမနှိပ်ဘဲ ခဏစောင့်ပါ၊ သူ့အလိုလိုပျောက်သွားပြီး ပုံ(၁၂) setup wizard window အသစ်တခုပေါ်လာပါမယ်။
(၂၄) Repair the keyboard layout ကို ရွေးပြီး
(၂၅) Finish ကိုနှိပ်ပါ၊ installation အောင်မြင်စွာ ပြီးသွားပြီဖြစ်ကြောင်းသိစေဖို့အတွက် ပုံ(၁၃) ကဲ့သို့ window တစ်ခု ပေါ်ရင်…
(၂၆) Close ကိုနှိပ်၍ installation ကို အပြီးသတ်လိုက်ပါ။ အဲဒါဆိုရင် ပုံ(၁၄)မှာမြင်ရတဲ့အတိုင်း သင့်ကွန်ပျူတာရဲ့အောက်နားမှာရှိတဲ့ task bar ပေါ်မှာ လိမ်မော်ရောင် စက်ဝိုင်းထဲက keyboard ပုံစံ icon တစ်ခုပေါ်လာ ပါလိမ့်မယ်။
ကဲ… ခုဆိုရင် zawgyi keyboard ကိုပါ install လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် မြန်မာစာကို စိတ်ကြိုက်ရိုက်လိုက ရိုက်နိုင်ပါပြီ။ ဘယ်လိုရိုက်မလဲဆိုတာကို Writing With Zawgyi Font ကိုဆက်သွားကြည့်ရအောင်…
Zawgyi Keyboard Layout Download
Zawgyi Keyboard ကို Download လုပ်ဖို့အတွက် download zawgyi keyboard layout ကိုနှိပ်ပါက webpage တခုပေါ်လာပြီး ပုံ(၅) ကိုမြင်ရပါလိမ့်မယ်။
(၁၂) Download ကိုနှိပ်ပါ၊
ပုံ(၆) ပါအတိုင်း window တစ်ခုပေါ်လာရင်…
(၁၃) Save File ကိုနှိပ်ပါ၊ ပြီးရင်
(၁၄) OK ကို နှိပ်ပါ။
ပုံ(၇)ကဲ့သို့ window တစ်ခုထပ်ပေါ်လာမယ်၊
(၁၅) Zawgyi_Keyboard_L ဆိုတဲ့ဖိုင်(file)အမည်နဲ့
(၁၆) သင့်ကွန်ပျူတာရဲ့ (ဥပမာ) E:\Zawgyi\ အောက်တွင် သိမ်းရန်
(၁၇) Save ကိုနှိပ်လိုက်ပါက keyboard download ကိစ္စပြီးပြီ။
(Install လုပ်တဲ့အခါ ဖိုင်အမည်(၁၅)နဲ့ နေရာ(၁၆) လိုအပ်တဲ့အတွက် မှတ်မိထားဖို့တော့လိုမယ်)
ဆက်လက်ပြီးတော့ Zawgyi Keyboard layout Install ကိုသွားပါမယ်။
Zawgyi Unicode Installtion Tutorial
Zawgyi Font Install လုပ်ဖို့အတွက် ပုံ(၃)မှာပြထားတဲ့အတိုင်းရောက်အောင်…
(၉) အမှတ်စဉ်(၇)တုန်းက မှတ်ထားတဲ့ ဖိုင်နေရာဖြစ်တဲ့ E:\Zawgyi\ ထဲကိုရောက်ဖို့အတွက်
– Local Disk(E:) ကို double click ဖြင့်ဖွင့်လိုက်ပါ၊ ပွင့်ပြီဆိုရင်
– Zawgyi ဆိုတဲ့ အမည်နဲ့ အ၀ါရောင် folder ကိုရှာပြီး double click ဖြင့်ဖွင့်ပြီး
(၁၀) ZawgyiOne2008 ဖိုင်အမည်ပေါ်မှာ right click နှိပ်ပါက ပုံပါအတိုင်း မီနူး(menu)တစ်ခုပေါ်လာပါမယ်၊ ပြီးရင်…
(၁၁) Install menu ကို click လုပ်ပါက installation လုပ်သွားပါလိမ့်မည်။
အဲ…သေခြာချင်ပါက ပုံ(၄)အတိုင်း သွားကြည့်လိုက်ပါ၊ C:\Windows\Fonts\ ထဲမှာ Zawgyi-One Regular အမည်နဲ့ file icon တစ်ခု တွေ့ရပါလိမ့်မယ်။
ကဲ… ဒါဆိုရင် မြန်မာဝက်ဆိုက် တွေကို အဆင်ပြေပြေ၀င်ကြည့်လို့ရပါပြီ။
နောက်တစ်ပိုင်းဖြစ်တဲ့… Zawgyi Keyboard Download ကိုဆက်သွားကြရအောင်…
Zawgyi Myanmar Unicode Download
ပထမပိုင်းဖြစ်တဲ့ Zawgyi Font ကို download လုပ်ဖို့အတွက် download alpha zawgyi ကိုနှိပ်ပါ။ အင်တာနက်ထဲမှာ အခြားသော link တွေလဲရှိပါတယ်။
ပုံ(၁)မှာပြထားတဲ့အတိုင်း
(၁) zawgyi page ပေါ်လာရင်
(၂) ZawgyiOne2008.ttf ကိုနှိပ်ပါက ညာဘက်ရှိ
(၃) ZawgyiOne2008.ttf download window ပေါ်လာပါမယ်
(၄) Save File ကိုရွေးပါ၊ ပြီးရင်
(၅) OK ကို နှိပ်လိုက်ပါက ပုံ(၂)ကဲ့သို့ save window တစ်ခုပေါ်လာပါမယ်။
အောက်ဖော်ပြပါပုံ(၂)ပါအတိုင်းဆိုရင်-
(၆) download လုပ်မည့် font ရဲ့ဖိုင်(file)အမည်ပါ၊ အဲဒီ ဖိုင်အမည်ကို မှတ်ထားပါ။
(၇) ကတော့ အဲဒီဖိုင်ကို သွားပြီးသိမ်းထားမည့် နေရာပါ၊ ပုံပါနမူနာအတိုင်ဆိုရင် သင်၏ကွန်ပျူတာ(Computer)ထဲရှိ Local Disk(E:) အောက်တွင်ရှိသော Zawgyi ဆိုသည့် folder တွင် သွား၍သိမ်းပါလိမ့်မည်၊ ဥပမာ- E:\Zawgyi\ZawOne2008.ttf ပါ၊ အကယ်၍သင်က (E:) အောက်တွင် တိုက်ရိုက်သိမ်းပါက E:\ZawOne2008.ttf ဖြစ်ပါလိမ့်မယ်၊ အဲဒီနေရာ(location) ကိုလည်းမှတ်ထားပါ။ (ဘာကြောင့်လည်းဆိုတော့… Install လုပ်တဲ့အခါ သိမ်းထားတဲ့နေရာ ဆီကိုပြန်သွားပြီး အဲဒီဖိုင်အမည်ကို ပြန်သုံးရမှာဖြစ်လို့ မှတ်မိဖို့လိုအပ်တာပါ) ပြီးရင်…
(၈) Save ကိုနှိပ်ပါ၊ အဲဒါဆိုရင် download လုပ်တဲ့ ကိစ္စပြီးသွားပါပြီ၊ Zawgyi Unicode Installation ကိုဆက်သွားရအောင်…
Simple Tutorial To Setup Zawgyi Myanmar Unicode
Zawgyi Myanmar Unicode ဟာ Myanmar Blogger တွေ၊ Myanmar Website/Blog readers တွေအတွက် အလွန်အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအက္ခရာ/ဘာသာ [Myanmar Language] နဲ့ ရေးထားတဲ့ မြန်မာဝက်ဆိုက်/ဘလော့ဂ် [Myanmar blog] များကို ဖတ်နိုင်ဖို့်နဲ့ အင်တာနက် ပေါ်မှာ မြန်မာဘာသာဖြင့် စာစောင်၊ ဆောင်းပါး (သို့) post များကို ရေးတင်နိုင်ဖို့အတွက် မြန်မာယူနီကုတ်[Myanmar Unicode]စနစ်ဖြစ်တဲ့ Zawgyi Font နဲ့ Zawgyi Keyboard ကို download လုပ်ပြီး setup လုပ်ထားဖို့လိုအပ်ပါတယ်။ အဲဒီအတွက် ပြုလုပ်ရမယ့်အဆင့်တွေကို အပိုင်းလိုက် ပြောပြပါမယ်။ (သင်တို့ရဲ့ ကွန်ပျူတာထဲမှာ ဇော်ဂျီဖွန့် လုံးဝမရှိသေးတဲ့သူတွေအတွက်သာ setup လုပ်ဖို့လိုအပ်ပါတယ်၊ ရှိပြီးသားဆိုရင် မလိုအပ်ပါ။)
အပိုင်း(၁) – Download Zawgyi Font
အပိုင်း(၂) – Install Zawgyi Font
အပိုင်း(၃) – Download Zawgyi Keyboard
အပိုင်း(၄) – Setup Zawgyi Keyboard
အပိုင်း(၅) – Writing Web Page With Zawgyi Font
ကျေးဇူးတင်ပါတယ်။
Post A Comment:
0 comments: