About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ရန်ကုန်မြို့တော် အသည်းနှလုံးမှာ အထပ်မြင့် အဆောက်အအုံတည်ဆောက်ခွင့် ထိန်းချုပ်စေချင်


(၁)
၁၄-၅-၂၀၁၆ ထုတ် ကြေးမုံသတင်းစာမှာ ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်နဲ့ပတ်သက်လို့ သတင်းတပုဒ်နဲ့ ကော်မတီရဲ့ကြေညာချက်ကို ဖတ်ရပါ တယ်။ ဆိုလိုရင်းမှာ . . .
(က) ၉ ထပ်မှ ၁၂ ထပ်ခွဲထိ အအောက်အအုံများကို စည်ပင်ကော်မတီမှလည်းကောင်း၊ ၁၃ ထပ်နှင့်အထက် အဆောက်အအုံများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်းကောင်း စိစစ်ပြီး 'မူ'အားဖြင့် ခွင့်ပြုခဲ့ပါတယ်။
(ခ) ယင်းသို့ 'မူ'အားဖြင့် ခွင့်ပြုပြီး ၉ ထပ်မှ ၁၂ ထပ်ခွဲထိ အဆောက်အအုံများကို စည်ပင်စံချိန်စံညွှန်း စစ်ဆေးရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ (HIC) မှ လည်းကောင်း၊ ၁၃ ထပ်နဲ့အထက် အဆောက်အအုံများကို ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့မှလည်းကောင်း design များ စိစစ်ဆေးရပါတယ်။ စိစစ်ထောက်ခံပြီးမှ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဆောက်လုပ်ခွင့်ပြုမိန့်အပြီးသတ် ထုတ်ပေးပါတယ်။
(ဂ) အခု ထူးခြားမှုမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့ပြီး အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ် ခွင့်ကို အသေးစိတ် စိစစ်ခြင်းဖြစ်ပါတယ်။
(ဃ) ဆောက်လုပ်ခွင့်အပြီးမသတ်ရသေးသော အထပ်မြင့်အဆောက်အအုံများကို ခေတ္တရပ်ဆိုင်းထားရန်နဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး ကိုက်ညီမှုရှိပါက ဆောက်လုပ်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

(၂)
အထပ်မြင့် အဆောက်အအုံတွေရဲ့ အသုံးပြုပုံမှာ ဟိုတယ်လည်း ဖြစ်နိုင်ပါတယ်။ Office Tower လို့ခေါ်တဲ့ ရုံးအဆောက်အအုံလည်း ဖြစ်နိုင်ပါတယ်။ လူနေထိုင်တဲ့ apartment/flat, ကွန်ဒိုမိနီယမ် Condominium လည်း ဖြစ်နိုင်ပါတယ်။ နောက် ရောနှောအသုံးပြုတဲ့ (mixed use) အဆောက်အအုံလည်း ဖြစ်နိုင်တယ်။ မြေညီထပ်နဲ့ မြေအောက်ထပ်တွေမှာ ကားရပ်ရန်နေရာ၊ လက်လီဆိုင်၊ စားသောက်ဆိုင်နဲ့ ဈေးဝယ်စင်တာတွေ ပါဝင်နိုင်ပါတယ်။
အထပ်မြင့်အဆောက်အအုံယဉ်ကျေးမှု၊ ရန်ကုန်မြို့ပြကို ရောက်လာတာ သိပ်မကြာသေးပါဘူး။ ၁၉၈၈ ခုနှစ် အလွန်မှပါ။ သိမ်ကြီးဈေး ဒီရုံဟာ ရန်ကုန်မြို့ပြအထပ်မြင့်အဆောက်အအုံတို့ရဲ့သမိုင်းအစပါ။ အထပ်မြင့် အဆောက်အအုံကို high rise ၊ tall building ၊ skyscraper အမျိုးမျိုး ခေါ်ပါတယ်။ ၁၃ ထပ်ရဲ့ အထက်မြင့် သော အဆောက်အအုံကို ပြောပါတယ်။ လေးထပ်မှ ၁၂ ထပ်ကြားကို mid rise လို့ ပြောပါတယ်။ တထပ်မှ သုံးထပ်ကို low rise လို့ ဆိုပါတယ်။ နိုင်ငံတကာ 'စံ'ပါ။

(၃)
ရန်ကုန်ကို ခဏလေးပဲ အလည်လာလာ၊ အကြာကြီးပဲနေနေ ရွှေတိဂုံဘုရားကို အရင်ဖူးချင်ဖူးမှာပါ။ ကန်တော်ကြီး ကရ၀ိက်ဘက် အရင်လည်ချင်လည်မှာပါ။ ဗိုလ်ချုပ်ဈေးကို မလည်ဖူးရင် ဆူးလေဘုရား မဖူးဘူးရင် မဟာဗန္ဓုလပန်းခြံတ၀ိုက်မရောက်ဖူးရင် ပြည်စုံမယ် မထင်ပါဘူး။ ဆူးလေဘုရား၊ ဗိုလ်ချုပ်ဈေး၊ ဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမတို့က ရန်ကုန်မြို့လယ်ကောင်ရဲ့ အထင်ကရ သင်္ကေတပါ။
ဒီတ၀ိုက်အပါအ၀င် ရန်ကုန်မြို့လယ် ၆ မြို့နယ် ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်တို့ကို downtown လို့ ပြောပါတယ်။ C.B.D (Central Business District) စီးပွားရေး အချက်အချာဧရိယာလို့လည်း ပြောပါတယ်။ Civic Centre ဆိုလည်း မမှားပါဘူး။ ရန်ကုန်ရဲ့ 'အသည်းနှလုံး'ပါ။
'အသည်းနှလုံး'ရဲ့ ဗဟိုချက်မက ဆူးလေဘုရားပါ။ ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တည်ထားကိုးကွယ် တယ်လို့ ဆိုပါတယ်။ ကိုလိုနီခေတ်ဦးအထိ ရေပတ်လည်ဝိုင်းရံနေတဲ့ ကုန်းမြေမှာတည်ရှိတယ်လို့ ဆိုပါတယ်။ ရှေးကတော့ ဒီဝန်းကျင်မှာ ဘုရားဥာဏ်တော်က အမြင့်ဆုံး ဖြစ်ပါလိမ့်မယ်။ ရင်ပြင်မှ စိန်ဖူးတော်ထိပ်အထိ ပေ ၁၅၀ ခန့် မြင့်တယ်လို့ ဆိုပါတယ်။ ကိုလိုနီခေတ်မှာ မြို့တော်ခန်းမအဆောက်အအုံဟာ အမြင့်ဆုံး Tower လို့ တခေတ်တခါက ပြောရမယ်ထင်ပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ဆူးလေဘုရားလမ်း (ဗိုလ်ချုပ်လမ်းထိပ်)မှာ Sakura Tower နဲ့ Trader's Hotel (၂၀-၂၅ ထပ်) ပေါ်ထွက်လာပါတယ်။ ဆူးလေဘုရားလမ်းပေါ်မှာပဲ တည်ဆောက်ဆဲတွေ ရှန်ဂရီလာဟိုတယ် (၂၀-၂၅ ထပ်)နဲ့ Centre Point Tower (၂၀-၂၅ ထပ်)ပါ။
ယခု တည်ဆောက်ဆဲအထပ်မြင့် (၂၀-၂၅ ထပ်) နှစ်လုံးက ဗိုလ်ချုပ်လမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာပါ။ နောက် တည်ဆောက်ရန် အထပ်မြင့် (၂၀-၂၅ ထပ်) နှစ်လုံး (၆ ဧကခန့်အတွင်း)ကျန်သေးတယ်လို့ သိရပါ တယ်။
နောက်- တည်ဆောက်လတ္တံ့။ အထပ်မြင့်များကတော့ ဗိုလ်ချုပ်လမ်း (ဗိုလ်ချုပ်ဈေးအရှေ့ဘက်) Parkson ကုန်တိုက်နဲ့ Grand Mi Ya Hta Hotel ၀င်းပါ။ ၁၀ ဧကခန့် ရှိပါလိမ့်မယ်။ အထပ် (၂၀-၂၅ ထပ်) ၄ လုံးခန့် ပါဝင်မယ့် Complex ဖြစ်တယ်လို့ ကြားသိရပါတယ်။ Peninsular Hotel နဲ့ The Peninsular Yangon စီမံကိန်း ဖြစ်ပါတယ်။

(၄)
ရန်ကုန်ကို ၁၈၅၃ ခုနှစ်မှာ ဘင်္ဂလားအင်ဂျင်နီယာ မိုက်ဖရေစာက ဒီဇိုင်းရေးဆွဲတယ်။ အလောင်းဘုရားတည်ခဲ့တဲ့ 'ရန်ကုန်'ကို အခြေခံထားတယ်။ မြို့ကွက်အကျယ် ဧက ၅၀၀၊ လူဦးရေ ၃၆၀၀၀ အတွက် လျာထားတယ်လို့ ဆိုတယ်။ နယ်နိမိတ်မှာ အရှေ့ဘက် သိမ်ဖြူလမ်း၊ အနောက်ဘက် လမ်းမတော်လမ်း၊ မြောက်ဘက် ဗိုလ်ချုပ်လမ်း၊ တောင်ဘက်ကမ်းနားလမ်း
Share
Banner

ကိုမိုး

Post A Comment:

0 comments: