About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ယာဥ္တိုက္မႈေတြ အမွန္၊ အမွား ဆုံးျဖတ္ရင္


ယာဥ္တိုက္မႈေတြ အမွန္၊ အမွား ဆုံးျဖတ္ရင္

ရန္ကုန္ၿမိဳ႕နဲ႔ တျခားၿမိဳ႕ေပၚလမ္း ေတြမွာ အျဖစ္မ်ားယာဥ္တိုက္မႈ၊ ယာဥ္မေတာ္တဆမႈေတြကို အခု ထုတ္ျပန္ထားတဲ့ ေမာ္ေတာ္ယာဥ္ ဥပေဒအရ အမွန္အမွားဆုံးျဖတ္ မယ္ဆိုရင္ ေအာက္ပါအခ်က္ေတြ အတိုင္း စစ္ေဆး ဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။

ယာဥ္တိုက္မႈတစ္ခုျဖစ္လာ ရင္ အတိုက္ခံရတာ၊ တိုက္မိတာ ေတြအေပၚမွာ မူတည္ၿပီး အမွန္၊ အမွား ဆုံးျဖတ္ၾကတာမဟုတ္ဘဲ လမ္းစည္းကမ္း၊ ယာဥ္စည္းကမ္း ခ်ိဳးေဖာက္မႈအေပၚကိုသာၾကည့္ ၿပီး အမွန္၊ အမွား သတ္မွတ္အေရးယူတာျဖစ္ပါတယ္။

‘ဂ’ေကြ႕ခ်ိဳးေကြ႕တဲ့ယာဥ္နဲ႔ ေရွ႕ေနာက္တည့္တည့္ေမာင္းႏွင္ လာတဲ့ ယာဥ္တိုက္မိတဲ့အခါ ယာဥ္ေၾကာမရွင္းဘဲ ‘ဂ’ေကြ႕ခ်ိဳးေကြ႕ တဲ့ယာဥ္က တာ၀န္ရွိမွာ ျဖစ္ပါ တယ္။ အဲဒါေၾကာင့္ ‘ဂ’ေကြ႕ျဖတ္ေကြ႕တဲ့ယာဥ္က အမွား ျဖစ္ပါ တယ္။ လမ္းေဘးမွာ ပါကင္ထိုးထားရာက (သို႔မဟုတ္) ၿခံဝင္းအတြင္းက ထြက္လာတဲ့ယာဥ္ (သို႔မဟုတ္) လမ္းသြယ္အတြင္းက ထြက္လာတဲ့ယာဥ္က လမ္းမႀကီး ေပၚ ေမာင္းႏွင္လာတဲ့ယာဥ္ကို ဦးစားေပးရမွာ ျဖစ္ပါတယ္။

တကယ္လို႔ ေဖာ္ျပပါယာဥ္ အမ်ိဳးအစားသုံးခုထဲက တစ္ခုခုကလမ္းမႀကီးေပၚက ေမာင္းႏွင္လာတဲ့ယာဥ္နဲ႔ ယာဥ္တိုက္မႈျဖစ္ခဲ့ရင္ေတာ့ အဲဒီယာဥ္ သုံးမ်ိဳးကသာ တာ၀န္ရွိျပီး ယင္းတို႔ အမွားလို႔သတ္မွတ္အေရးယူသြားမွာ ျဖစ္ပါတယ္။

မီးပိြဳင့္မရွိတဲ့ လမ္းဆုံလမ္းခြ ေတြမွာ တစ္ဖက္မ်က္ႏွာခ်င္းဆိုင္ယာဥ္ေၾကာက ေမာင္းႏွင္လာတဲ့ ယာဥ္ကို မၾကည့္ဘဲ ဘယ္ဘက္ခ်ိဳးေကြ႕မိရာက ယာဥ္တိုက္မႈျဖစ္ခဲ့ရင္ေတာ့ ယာဥ္ေၾကာမရွင္းဘဲခ်ိဳးေကြ႕တဲ့ယာဥ္က တာ၀န္ရွိမွာျဖစ္ၿပီး ယင္းယာဥ္အမွားလို႔ သတ္မွတ္အေရးယူမွာ ျဖစ္ပါတယ္။

 ေရွ႕က ေမာင္းႏွင္ေနတဲ့ ယာဥ္ကို ေက်ာ္တက္ရာက မ်က္ႏွာခ်င္းဆိုင္ တစ္ဖက္ယာဥ္ေၾကာ ေပၚေရာက္ရွိၿပီး ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရင္ေတာ့ ေက်ာ္တက္တဲ့ယာဥ္ရဲ႕ အမွားလို႔ သတ္မွတ္အ ေရးယူမွာ ျဖစ္ပါတယ္။

 ေရွ႕က ေမာင္းႏွင္ေနတဲ့ယာဥ္ကို ကပ္ၿပီးေက်ာ္တက္ရာ က ယာဥ္တိုက္မႈျဖစ္ခဲ့ရင္လည္း ေက်ာ္တက္တဲ့ယာဥ္ကိုသာ အမွားလို႔သတ္မွတ္ၿပီး အေရးယူခံရမွာ ျဖစ္ပါတယ္။

 ေရွ႕က  ေမာင္းႏွင္ေနတဲ့ ယာဥ္ကို ေနာက္ကယာဥ္ကတိုက္ မိပါက ေနာက္ကတိုက္မိတဲ့ယာဥ္ကိုသာ အမွားလို႔သတ္မွတ္အေရး ယူမွာ ျဖစ္ပါတယ္။

လမ္းမနဲ႔ လမ္းသြယ္ဆုံတဲ့  လမ္းဆုံေတြမွာ လမ္းသြယ္က ေမာင္းတဲ့ယာဥ္က လမ္းမေပၚကယာဥ္ကို ဦးစားေပးရမွာ ျဖစ္ပါ တယ္။ တကယ္လို႔ အဲဒီလိုလမ္းဆုံေတြမွာ ယာဥ္တိုက္မႈျဖစ္ခဲ့ရင္ ေတာ့ လမ္းသြယ္ကထြက္လာတဲ့  ယာဥ္က အမွားလို႔သတ္မွတ္ၿပီး အေရးယူခံရမွာ ျဖစ္ပါတယ္။

ေဖာ္ျပပါ အခ်က္အလက္ မ်ားကို ၂၀၁၅ ေမာ္ေတာ္ယာဥ္ နည္းဥပေဒနဲ႔ ယခုက်င့္သုံးေနတဲ့  ယာဥ္ထိန္းရဲတပ္ဖြဲ႔လက္စြဲမ်ားပါ အခ်က္အလက္မ်ားကို ေကာက္ ႏုတ္ေဖာ္ျပေပးထားပါတယ္။

—ေအာင္ၿဖိဳးမြန္
#Car_Crash #Yangon_Traffic_Police #YTP

Unicode

ယာဉ်တိုက်မှုတွေ အမှန်၊ အမှား ဆုံးဖြတ်ရင်

ရန်ကုန်မြို့နဲ့ တခြားမြို့ပေါ်လမ်း တွေမှာ အဖြစ်များယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုတွေကို အခု ထုတ်ပြန်ထားတဲ့ မော်တော်ယာဉ် ဥပဒေအရ အမှန်အမှားဆုံးဖြတ် မယ်ဆိုရင် အောက်ပါအချက်တွေ အတိုင်း စစ်ဆေး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုတစ်ခုဖြစ်လာ ရင် အတိုက်ခံရတာ၊ တိုက်မိတာ တွေအပေါ်မှာ မူတည်ပြီး အမှန်၊ အမှား ဆုံးဖြတ်ကြတာမဟုတ်ဘဲ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ချိုးဖောက်မှုအပေါ်ကိုသာကြည့် ပြီး အမှန်၊ အမှား သတ်မှတ်အရေးယူတာဖြစ်ပါတယ်။

‘ဂ’ကွေ့ချိုးကွေ့တဲ့ယာဉ်နဲ့ ရှေ့နောက်တည့်တည့်မောင်းနှင် လာတဲ့ ယာဉ်တိုက်မိတဲ့အခါ ယာဉ်ကြောမရှင်းဘဲ ‘ဂ’ကွေ့ချိုးကွေ့ တဲ့ယာဉ်က တာဝန်ရှိမှာ ဖြစ်ပါ တယ်။ အဲဒါကြောင့် ‘ဂ’ကွေ့ဖြတ်ကွေ့တဲ့ယာဉ်က အမှား ဖြစ်ပါ တယ်။ လမ်းဘေးမှာ ပါကင်ထိုးထားရာက (သို့မဟုတ်) ခြံဝင်းအတွင်းက ထွက်လာတဲ့ယာဉ် (သို့မဟုတ်) လမ်းသွယ်အတွင်းက ထွက်လာတဲ့ယာဉ်က လမ်းမကြီး ပေါ် မောင်းနှင်လာတဲ့ယာဉ်ကို ဦးစားပေးရမှာ ဖြစ်ပါတယ်။

တကယ်လို့ ဖော်ပြပါယာဉ် အမျိုးအစားသုံးခုထဲက တစ်ခုခုကလမ်းမကြီးပေါ်က မောင်းနှင်လာတဲ့ယာဉ်နဲ့ ယာဉ်တိုက်မှုဖြစ်ခဲ့ရင်တော့ အဲဒီယာဉ် သုံးမျိုးကသာ တာဝန်ရှိပြီး ယင်းတို့ အမှားလို့သတ်မှတ်အရေးယူသွားမှာ ဖြစ်ပါတယ်။

မီးပွိုင့်မရှိတဲ့ လမ်းဆုံလမ်းခွ တွေမှာ တစ်ဖက်မျက်နှာချင်းဆိုင်ယာဉ်ကြောက မောင်းနှင်လာတဲ့ ယာဉ်ကို မကြည့်ဘဲ ဘယ်ဘက်ချိုးကွေ့မိရာက ယာဉ်တိုက်မှုဖြစ်ခဲ့ရင်တော့ ယာဉ်ကြောမရှင်းဘဲချိုးကွေ့တဲ့ယာဉ်က တာဝန်ရှိမှာဖြစ်ပြီး ယင်းယာဉ်အမှားလို့ သတ်မှတ်အရေးယူမှာ ဖြစ်ပါတယ်။

 ရှေ့က မောင်းနှင်နေတဲ့ ယာဉ်ကို ကျော်တက်ရာက မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြော ပေါ်ရောက်ရှိပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရင်တော့ ကျော်တက်တဲ့ယာဉ်ရဲ့ အမှားလို့ သတ်မှတ်အ ရေးယူမှာ ဖြစ်ပါတယ်။

 ရှေ့က မောင်းနှင်နေတဲ့ယာဉ်ကို ကပ်ပြီးကျော်တက်ရာ က ယာဉ်တိုက်မှုဖြစ်ခဲ့ရင်လည်း ကျော်တက်တဲ့ယာဉ်ကိုသာ အမှားလို့သတ်မှတ်ပြီး အရေးယူခံရမှာ ဖြစ်ပါတယ်။

 ရှေ့က  မောင်းနှင်နေတဲ့ ယာဉ်ကို နောက်ကယာဉ်ကတိုက် မိပါက နောက်ကတိုက်မိတဲ့ယာဉ်ကိုသာ အမှားလို့သတ်မှတ်အရေး ယူမှာ ဖြစ်ပါတယ်။

လမ်းမနဲ့ လမ်းသွယ်ဆုံတဲ့  လမ်းဆုံတွေမှာ လမ်းသွယ်က မောင်းတဲ့ယာဉ်က လမ်းမပေါ်ကယာဉ်ကို ဦးစ
Share
Banner

ကိုမိုး

Post A Comment:

0 comments: