" နိုင်ငံခြားခရီးမထွက်ခင် ဘာတွေပြင်ဆင်ရမလဲ "
နိုင်ငံတကာသို့ အားလပ်ရက် ခရီးစဉ်အဖြစ်သွားရောက်မယ်ဆိုပါက ပျော်ရွင်မှု ၊ လန်ဆန်းအပန်းပြေမှု၊ ဗဟုသုတ စတဲ့ အကျိုးကျေးဇူးတွေကို အပြည့်အ၀ရဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ထိုအကျိုးကျေးဇူးတွေကိုရရှိဖို့ ခရီမထွက်ခင် သင်ယူဆောင်သွားမယ့် ငွေကြေးများကို စနစ်တကျ ကြိုတင်စီမံထားဖို့ က အရေးပါဆုံးဖြစ်ပါတယ်။ လူကြီးမင်း၏ နိုင်ငံခြားခရီးစဉ်ကို အခက်အခဲမရှိ ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့အတွက် အောက်ပါအချက်များကိုထည့်သွင်းစဉ်းစားသင့်ကြောင်း CB Bank မှအကြံပြုမျှဝေလိုက်ပါတယ်ခင်ဗျာ။
၁. ပေးစရာရှိသော Bill များကိုကြိုတင်ပေးဆောင်ထားရပါမယ်။ ပေးဆောင်ရန်အချိန်မကျသေးပါက နောက်ကျကြေးများကို သက်သာစေရန်အတွက်သင်ချိတ်ဆက်ထားသော ဘဏ်၏ Mobile banking (သို့ ) Internet Banking မှ တစ်ဆင့် ပေးဆောင်လို့ ရမယ့် Bill များကိုကြိုတင်စစ်ဆေးထားရပါမယ်။ (ဥပမာ။ မီတာဘီလ်၊ တီဗီလိုင်းများ)
၂. သင့်သွားရောက်မည့် နိုင်ငံရှိ ငွေပေးငွေယူ နှင့် ငွေကြေးကူပြောင်း အခကြေးငွေများနှင့် ပတ်သက်ပြီးမေးမြန်းစုံစမ်းသင့်ပါတယ်။ မသေချာပါက ခရီးမထွက်ခင် နိုင်ငံခြားငွေကို ကြိုတင်လဲလှည်ထားသင့်ပါတယ်။ သွားရောက်မည့်နိုင်ငံ၏ ငွေသားကိုကြိုတင်လဲလှည်
ထားခြင်းဖြင့် ဈေးဝယ်ထွက်ပါက Exchange Rate အတွက်ပိုက်ဆံပေးရခြင်းများကို ရှောင်ရှားနိုင်မှာပါ။
၎. ATM မှ နေ့စဉ်ငွေထုတ်ယူနိုင်မှု ပမာဏကိုလည်းကြိုတင်စုံစမ်းမေးမြန်းသင့်ပါတယ်။ နိုင်ငံတစ်ကာရှိ တစ်ချို့ ATM များသည် PIN number (၄)လုံးဖြစ်သည့်အလျောက် သင့်ရဲ့  PIN number ကို သုံညနှင့် စတင်၍သတ်မှတ်မထားရန် အရေးကြီးပါတယ်။ နိုင်ငံခြားမသွားခင် PIN number များပြောင်းလဲလိုပါက သင်ချိတ်ဆက်ထားဘဏ်၏ နီးစပ်ရာ ATM များမှာကြိုတင်ပြောင်းလဲနိုင်ပါတယ်။
၅.နိုင်ငံခြားရှိ ATM များတွင် ငွေသားထုတ်ယူမည်ဆိုပါက ကောက်ခံမည့်အခကြေးငွေများကို ကြိုတင်စုစမ်းထားပါက အမှားအယွင်း နည်းနိုင်ပါတယ်။
၆.Credit Card များဖြင့်ပေးချေပါက ပြည်ပတွင်အသုံးပြု ခကိုပေးဆောင်ရမှာဖြစ်ပါတယ်။ ထို့ ကြောင့် ဈေးနှုန်းအနည်းငယ်သာကျသင့်သည့်အခြေအနေများ ( ဥပမာ။ အဆာပြေမုန့် စားခြင်း၊ လက်ဆောင်ပစ္စည်းငယ်များဝယ်ယူခြင်းများ) အတွက် ငွေသားကိုသာအသုံးပြုပြီး တန်ဖိုးကြီး ပစ္စည်းများ၊၀န်ဆောင်မှုများကို ၀ယ်ယူရန် Credit Card ကိုအသုံးပြုပါ။ Credit card ကိုသယ်ဆောင်သွားခြင်းဖြင့် ငွေကြေးအမြောက်အမြားသယ်ဆောင်သွားရန် မလိုပါ။
၇.သင့်၏ Credit Card (သို့ ) ပိုက်ဆံအိတ် ပျောက်ဆုံးရာတွင် သက်ဆိုင်ရာဌာန နှင့် ဘဏ်ကိုလွယ်ကူစွာပြန်လည်အကြောင်းကြားရန်အတွက် Passport နှင့်အရေးကြီးစာရွက်စာတန်းများကို မိတ္တူတစ်စုံကူးပြီး သိမ်းထားသင့်ပါတယ်။
သင်ချိတ်ဆက်ထားသော ဘဏ်၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များလည်းကို ဦးစွာရယူထားသင့်ပါတယ်။
CB Bank ( Co-operative Bank Ltd. )
Post A Comment:
0 comments: