About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

" ကျွန်တော်က စာမတတ်လို့ အလိမ်ခံရတာတွေ အများကြီးဗျာ။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ကံတရားနဲ့ ဘာသာရေးကို ကိုးကွယ်သူပါ"


(အမှိုက်ကောက်သမားဘ၀မှ မန္တလေးမြို့သူဌေးစာရင်းဝင် ကုမ္ပဏီပိုင်ရှင်ဖြစ်လာသူနှင့် တွေ့ဆုံခြင်း)

မန္တလေးမြို့ ထွန်တုံးကျူးကျော်ရပ်ကွက် အတွင်းနေထိုင်ကာ အတန်းပညာကျောင်းကို တက် ရောက်ခဲ့ခြင်း လုံးဝမရှိသူ၊ စာလုံးဝမရေးတတ် မဖတ် တတ်သူ လမ်းဘေးအမှိုက်ပုံတွင် ပလတ်စတစ်ကောက် ကာ ယနေ့မန္တလေးမြို့ မျက်နှာဖုံးတဦးဖြစ်လာသူ ကမ္ဘာမြေအောင်ကုမ္ပဏီပိုင်ရှင် ဦးထွန်းနိုင်နှင့်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မင်္ဂလာပါ။ ဦးထွန်းနိုင်ရဲ့ ဘ၀နောက်ကြောင်းနဲ့ ယနေ့ကုမ္ပဏီပိုင်ရှင်တယောက်ဖြစ်လာပုံနှင့် ပတ်သက်ပြီး ပြောပြပေးပါလား။
ကျွန်တော်က လမ်းဘေးအမှိုက်ပုံများမှ ပလတ် စတစ်လိုက်ကောက်ပြီး ပိုက်ဆံများစုကာ ယနေ့ ကုမ္ပဏီပိုင်ရှင်တဦးအဖြစ်ဘ၀ကို ရပ်တည်နေတာလို့ပြောရင် ဘယ်သူမှလက်ခံမယ်မထင်ဘူး။

 မန္တလေးမြို့ ၁၇ လမ်း ဦးကျားကြီးဝင်းအတွင်း မီးလောင်ခဲ့စဉ်က ကျွန်တော်တို့ မိသားစုနေစရာမရှိသည်အထိ ဘ၀ပျက်ခဲ့ပြီး မြို့သစ်ထွန်တုံးရပ်ကွက် ကျူးမြေအတွင်း အိမ်ဆောက်နေခဲ့ရပါတယ်။ အဲဒီအချိန်က ကျွန်တော့်အသက်က ခုနစ်နှစ်လောက်ရှိပြီး သူများတွေ ကျောင်းနေတော့ နေချင်ပါတယ်။ ဒါပေမဲ့ မနေခဲ့ရဘူး။ မိသားစု က ၁၁ ယောက်ရှိတယ်။ မွေးချင်း ၉ ယောက်အနက် ကျွန်တော်က အလယ်လူပါ။ မိဘကလည်း ဆင်းရဲတော့ အဲဒီအရွယ်မှာပဲ လမ်းဘေးအမှိုက်ပုံတွေက ပလတ်စတစ်လိုက်ကောက်တယ်။ ဒိုင်ကိုသွင်းတယ်။ ၁၃ နှစ်သားလောက်ထိ ပလတ်စတစ်ကောက်ခဲ့တယ်။

အဲဒီနောက် ဘာတွေဆက်ဖြစ်ခဲ့သလဲ၊ မှတ်မိ သလောက်လေး ပြောပေးပါလား။
ကျွန်တော် ဘ၀မမေ့တတ်ပါဘူး။ အဲဒီ နောက် ကျွန်တော်ဈေးချိုအမှိုက်ပုံရောက်သွားတယ်။ ဂျပ်စက္ကူ၊ သံတိုသံစ ဘူးအခွံများ အားလုံးကောက်တယ်။ နောက်ပိုက်ဆံလေးနည်းနည်းစုမိတော့ လိုက်ကောက်တဲ့သူ တွေအချင်းချင်းထံက ပြန်ကောက်ယူပြီး ဒိုင်ခွဲအနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အဖေ ဆုံးသွားပါတယ်။

 အဖေဆုံးတော့ ထွန်တုံးရပ်က လူကြီးက အဖေတောင်မြေမချရသေးဘူး။ ကျွန်တော်တို့ မိသားစုကို လက်ရှိနေထိုင်တဲ့နေရာက ချက်ချင်းဖယ် ရှားခိုင်းတယ်။ ဖယ်ရှားပေးပါ့မယ်။ အဖေ့ အသုဘ လေးအပြီးထိ စောင့်ပေးပါလို့ တောင်းပန်ပြီး အဖေ့ နာရေးအတွက် ချက်ပြုတ်ဖို့ အဖေစိုက်ထားတဲ့ သစ်ပင် တွေခုတ်ခဲ့တဲ့အတွက် အဖေ့နာရေးမချခင် ကျွန်တော့် ကို လက်ထိပ် နောက်ပြန်ခတ်ကာ တညလုံးဖမ်းထား တယ်။ ထိပ်တုံးခတ်ထားတယ်။

အဖေ့နာရေးချတော့ တညလုံးထိပ်တုံးခတ်ခံထားရသဖြင့် ကျွန်တော် လမ်း တောင်မလျှောက်နိုင်ခဲ့ပါဘူး။ ကျွန်တော့်ကို ကားပေါ် ပွေ့တင်ခဲ့ရတယ်။ အဲဒီနောက် မိသားစုလိုက် အဖေ့ ရက်လည်တောင် မလုပ်ခဲ့ရဘူး။ အိမ်ငှားနေခဲ့ရတယ်။ ကျွန်တော့်အသက်(၁၈)နှစ်လောက်ထိ ဒုက္ခမျိုးစုံခံခဲ့ရ ပါတယ်။

အဲဒီနောက် ဦးထွန်းနိုင်ဘယ်အရွယ်မှာ အိမ်ထောင်ကျခဲ့တယ်ဆိုတာလေး ပြောပြပါလား။
နေစရာအိမ်မရှိတဲ့ဘ၀ကို စိတ်နာသွားတယ်။ ပညာမတတ်တဲ့ဘ၀ဆိုတော့ တခြားအလုပ်တွေလည်း ၀င်လုပ်ဖို့က ကျွန်တော့်အနေနဲ့မဖြစ်နိုင်ဘူး။

 အဲဒီအချိန်မှာ ကျွန်တော့်အဘိုးက ကျွန်တော့်ကို အားပေးစကား ပြောတယ်။ ငါ့မြေး၊ မင်းကခြေသန်လက်သန်ကြီးကွာ၊ အဘိုးတို့ငယ်စဉ်က အဘိုးတို့ နေတဲ့နေရာမှာ ရေထမ်း ရောင်းတဲ့ ကုလားလေးတယောက်ရှိတယ်။ ကုလားလေးက သူ့ရဲ့ခါးမှာ ရေထမ်းခရတဲ့ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုတယ်။ သူ့ရဲ့ ခါးကြားမှာ အိတ်လုပ်ပြီး ငွေစုရတယ်။ သူများကျွေးတာစားတယ်။ နောက် သူစု ထားတဲ့ငွေတွေများလာတော့ ငါးဒိုင်ရောင်းတဲ့သူထံကနေ ၀ယ်ပြီးတော့ ငါးရောင်းတယ်။ နောက်တော့ သူအပိုင် ငါးကန်တွေဖြစ်သွားတာကို အဘိုးက ပြောပြ ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ရသမျှပိုက်ဆံကို စုခဲ့ပါ တယ်။

အဲဒီလို ကြိုးစားခဲ့တဲ့ ဦးထွန်းနိုင်ရဲ့ အခက်အခဲ တွေကို ပြောပြပေးပါလား။
အခက်အခဲကတော့ အများကြီးပါ။ အဘိုးပြောခဲ့သည့်အတိုင်း ကျွန်တော်ကြိုးစားလုပ်ကိုင်ခဲ့တယ်။ မြေမရှိသည့်ဘ၀၊ နေစရာမရှိသည့် ဘ၀ရဲ့ ဒုက္ခတွေကို အသည်းထဲမှာ စွဲနေတယ်။ ရသမျှ ပိုက်ဆံစုတယ်။ ဘာမှမစားဘူး။ ဘုန်းကြီးကျောင်းတွေက လှန်းထားတဲ့ ထမင်းခြောက်ကိုတောင်းတယ်။ ပြီးတော့ အဲဒီအတိုင်း စားတယ်။ အိမ်ကိုထမင်းစားခဲ့ပြီးပြီပြောတယ်။ အိမ်လည်း ပိုက်ဆံမအပ်ဘူး။ ငွေနှစ်သောင်းလောက် လက် ထဲစုမိတယ်။

အဲဒီမှာလေးသောင်းတန် မြေကွက်တကွက်ဝယ်တယ်။ တ၀က်ချေပြီး အပေါင်သဘောနဲ့ မြေရှင်ထံထားတယ်။ နောက်အလုပ်ဆက်ကြိုးစားတယ်။ ပထမစက်ဘီးငှားစီးတယ်။ အဲဒီစက်ဘီးနဲ့ ပုံနှိပ် စက်တွေက စက္ကူဖြတ်စတွေဝယ်တယ်။ သတင်းစာ အဟောင်းဝယ်တယ်။ အဲဒီမှ စက်ဘီးလေးကိုယ်ပိုင်ဖြစ် လာတယ်။ ကျယ်ပြန့်လာတယ်။ လားရှိုးအထိ တက်ဝယ်တယ်။

ကံကောင်းလာတော့ ကျွန်တော်ဝယ်ထား တဲ့နေရာက မြေဈေးတွေ ထိုးတက်လာတယ်။ သိန်း ၅၀ လောက်ထိရလာတယ်။ အဲဒီမြေကို ရောင်းချပြီး ကျန်ဈေးပေါတဲ့ ၅ သိန်းတန် ၁၀ သိန်းတန်တွေ ၀ယ်ထားတယ်။ စက္ကူဖြတ်စ၊ ဘားဖြူ၊ ဘားပြာတွေနဲ့ သတင်းစာဟောင်းဝယ်အားကောင်းလာတော့ သတင်းစာတိုက်၊ ပုံနှိပ်တိုက်တွေက ကျွန်တော်နဲ့ မိတ်ဆွေတွေ ဖြစ်လာတယ်။ ၁၀ နှစ်ကျော်အ
Share
Banner

ကိုမိုး

Post A Comment:

0 comments: