About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

မန်မာ့လူနေမှုဘ၀ပြောင်းလဲမှုပုံစံအား သရုပ်ဖော်ပြသထားသည့် ကာတွန်းပြပွဲ





မြန်မာ့လူနေမှုဘ၀ပြောင်းလဲမှုပုံစံအာ
း သရုပ်ဖော်ပြသထားသည့် ကာတွန်းပြပွဲကို တောင်ကြီးမြို့ ၊သစ်တောရပ်ကွက်ရှိ စူဠာမုနိလောကချမ်းသာဘုရားရင်ပြင်ပေါ်တွင် စက်တင်ဘာ ၁၂ ရက်မှ စတင်ပြီး သုံးရက်တိုင် ခင်းကျင်းပြသလျှက် ရှိသည်။
တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် ကောဝ်ရွေ လူငယ်အဖွဲ့နှင့် ထိုင်ဝမ် လူငယ်တို့ ပူးပေါင်းစီစဉ် ခင်းကျင်းပြသပေးနေခြင်းဖြစ်သည်
ဟု မြန်မာ့လူနေမှုဘ၀ပြောင်းလဲမှုပုံစံ ကာတွန်းပြပွဲ တာဝန်ခံ ခွန်ခေတ်စံ ကပြောသည်။
" လက်ရှိ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုဖြစ်နေတဲ့အပေါ်မှာ လက်ရှိလူနေမှုဘ၀တွေရဲ့အခြေနေကို စကားလုံးနဲ့ဖော်ပြလို့ မလုံလောက်တဲ့အနေထားဖြစ်နေတဲ့အတွက်ကြောင့် ကာတွန်းနဲ့ခေါင်းစဉ်ပေးပြီးတော့ပြသပေးတာပါ " ဟု ခွန်ခေတ်စံ ကပြောသည်။
ပြသထားသည့် ကာတွန်းများသည် မြန်မာ့လူနေမှုဘ၀ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၊ပညာရေး ၊ ကျေးလက်ဒေသ မြေယာကိစ္စနှင့် အကျင့်ပျက်ခြစားမှုတို့ကို ဖော်ညွှန်းရေးဆွဲထားခြင်းဖြစ်သည် ။
အဆိုပါ ကာတွန်းပြပွဲတွင် တောင်ကြီးဒေသခံ ကာတွန်းဆရာများဖြစ်သည့် ဝေယံ(တောင်ကြီး) ၊ ခွန်ထွန်းကြည် တို့နှင့်အတူ ထိုင်ဝမ်ကျောင်းသူနှစ်ဦးဖြစ်
သည့် ဟော်ယုကြင်နှင့် အိုးရင်လင် တို့၏ ကာတွန်း လက်ရာ (၆၀) ကျော် ချိတ်ဆွဲပြသထားသည်။
ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း
Share
Banner

ကိုမိုး

Post A Comment:

0 comments: