
ဘေးကင်းသည့်အင်တာနက် အသုံးပြုမှုနဲ့ ပတ်သက်ပြီး
ပညာပေးဟောပြောပွဲကို Telenor က ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ဘဝသစ်ကိုယ်ပိုင်
အထက်တန်းကျောင်းမှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျောင်းသား၊ ကျောင်းသူ ၂၅၀
ကျော် တက်ရောက်ခဲ့တဲ့ ဒီဟောပြောပွဲမှာတော့ အင်တာနက်ကို အကျိုးရှိစွာ
အသုံးချတဲ့နည်းလမ်းတွေ၊ အင်တာနက်ပေါ်က အနိုင်ကျင့် ဗိုလ်ကျနေမှုတွေ၊ အင်တာနက်ပေါ်က
လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုတွေ၊ အမုန်းစကားတွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့
ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
www.komoe.org
Post A Comment:
0 comments: