အာကာသထဲကို လွှတ်တင်ဖို့စီစဉ်ထားတဲ့ Facebook ရဲ့ ပထမဆုံး ဂြိုဟ်တုကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက SpaceX ဒုံးပျံနဲ့အတူ ပေါက်ကွဲရာမှာ ပါဝင်သွားခဲ့တာကြောင့် Mark Zuckerberg ကအလွန်စိတ်ပျက်နေတယ်လို့ သိရပါတယ်။
“ကျွန်တော်အာဖရိက ရောက်နေချိန်မှာ ကြားသိလိုက်ရတဲ့ ကမ္ဘာ့လူထုရဲ့ ဆက်သွယ်ရေးအတွက် အများကြီး ထောက်ပံ့ကူညီပေးနိုင်မယ့် ကျွန်တော်တို့ရဲ့ဂြိုဟ်တုပါဝင်သွားတဲ့ SpaceX ဒုံးပျံရဲ့ လွှတ်တင်မှုကျရှုံးပြီးပေါက်ကွဲတဲ့သတင်းကြောင့် ကျွန်တော်အရမ်းပဲ စိတ်ပျက်မိပါတယ်” လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့တာပါ။
Facebook ရဲ့ဂြိုဟ်တုဖြစ်တဲ့ AMOS-6 ကို ဒေါ်လာ သန်း၂၀၀ ကျော်အသုံးပြုပြီး ပြုလုပ်ထားတာဖြစ်ပြီး အင်တာနက်ဖွံ့ဖြိုးဆဲဒေသတွေဖြစ်တဲ့ အာဖရိကက ဆာဟာရလိုနေရာမျိုးကို ဆက်သွယ်ဖို့အတွက် ရည်ရွယ်ပြီး လွှတ်တင်တာဖြစ်ပတယ်။ ဂြိုဟ်တုဟာ Falcon 9 ကိုစီးနင်းပြီး ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။
“Aquila နည်းပညာလို လူတွေကိုကောင်းမွန်စွာဆက်သွယ်နိုင်ဖို့အတွက် နည်းပညာတွေ ဖွံ့ဖြိုးလာခဲ့တာကတော့ ကံကောင်းတယ်လို့ဆိုရမှာပါ” လို့ ဇတ်ကာဘတ်ကဆိုခဲ့ပါတယ်။ ဇတ်ကာဘတ်ဟာ ပြီးခဲ့တဲ့ ၁၁လလောက်တုန်းက Facebook ရဲ့ အင်တာနက်အစီအစဉ်အတွက် ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ဖို့ စီစဉ်ထားကြောင်း Facebook မှာ Post တင်ခဲ့ဖူးပါတယ်။
Ref: Tech Insider
Post A Comment:
0 comments: