About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ဟောင်းနွမ်းပြီး အသုံးမဝင်တော့တဲ့ App တွေကို App Store ပေါ်က ဖယ်ရှားတော့မယ် Apple


လူကြိုက်များပြီး အသုံးဝင်တဲ့ App တွေကို အလွယ်တကူ ရှာဖွေ ရယူနိုင်အောင် ဖန်တီးပြုလုပ်ထားတဲ့ App Store ကို ပြောင်းလဲမှု အနည်းငယ်ပြုလုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ် ။ App Store ပေါ်မှာ လက်ရှိ Guideline တွေနဲ့ မကိုက်ညီတော့တဲ့ ၊ Update မထွက်တာ ကြာပြီဖြစ်တဲ့ ၊ အသုံးမ၀င်တော့ တဲ့ ၊ User တွေ စိတ်ဝင်စားမှုမရှိတော့တဲ့ App အဟောင်းတွေ အတော်များများရှိနေပါတယ် ။ အဆိုပါ App တွေကို လာမယ့် စက်တင်ဘာလ (၇) ရက်နေ့မှ စတင်ပြီး ဖယ်ရှားရှင်းလင်းတော့မှာဖြစ်တယ်ကြောင်း App တီထွင်တဲ့ Developer တွေကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ် ။
“ Quality ကောင်းဖို့က ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးပါတယ် ။ ခင်ဗျားတို့ အနေနဲ့ App တွေကို ဖန်တီးဖို့ ခင်ဗျားတို့ရှိသမျှ တီထွင်ဆန်းသစ်နိုင်စွမ်းတွေနဲ့ အကောင်းဆုံးကြိုးစားထားရတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ် ။ ဒါပေမယ့် အခု App Store ပေါ်မှာ ဟောင်းပြီးတော့ အသုံးမဝင်တော့ တဲ့ App တွေအများကြီးရှိနေပါတယ် ။ ဒါတွေကို ကျွန်တော်တို့ ဖယ်ရှားရှင်းလင်းပါတော့မယ် ” ဆိုပြီး ပြောကြားလိုက်တာဖြစ်ပါတယ် ။ Developers တွေအနေနဲ့ ၄င်းတို့ရဲ့  App တွေကို ပြန်လည် အသုံးဝင်လာအောင် အချိန်မီ ပြင်ဆင်ပြောင်းလဲနိုင် မယ်ဆိုရင်တော့ ဖယ်ရှားခံရခြင်းကနေ ကင်းလွတ်ခွင့်ရမှာဖြစ်တယ်လို့သိရပါတယ်။
ဒါတင်မက သေးပါဘူး ။ App အနေနဲ့ App Store အသုံးပြုသူတွေ ပိုမိုအဆင်ပြေစေဖို့ နောက်ထပ် ပြောင်းလဲ မှုတစ်ခု လုပ်ဖို့ စီစဉ်နေပါသေးတယ် ။ အဲဒါကတော့ App တွေရဲ့  နာမည်ကို စာလုံးရေ ကန့်သတ်တော့မှာ ဖြစ်ပါတယ် ။ အချို့ သော Developer တွေက ၄င်းတို့ ရဲ့  App တွေကို ရှည်လျားတဲ့ နာမည်တွေ ပေးတတ် ပါတယ် ။ လက်ရှိလည်း App Store ပေါ်မှာရှိနေပါတယ် ။ အဲ့ဒီ အတွက် အခုလို ကန့်သတ်ဖို့ စီစဉ်နေတာ ဖြစ်တယ် လို့သိရပါတယ် ။
Android User တွေလိုမျိုး App တွေ လိုချင်လာခဲ့အခါမျိုးမှာ User အချင်းချင်း Share ပြီးသုံးလို့ မရတဲ့ အတွက် App တွေကို အလွယ်တူ ရှာဖွေရယူနိုင်တဲ့ App Store ဟာ App User တွေ အတွက် အသုံးအဝင်ဆုံး အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ် ။ အဲ့ဒီအတွက် Apple အနေနဲ့ App Store အပေါ်အဓိက ထားပြီး ပြင်ဆင်ပြောင်းလဲ မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်တယ်လို့သိရပါတယ် ။
Ref : macworld
Share
Banner

ကိုမိုး

Post A Comment:

0 comments: