About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

နောက်တစ်ပတ်အစောပိုင်းမှာ Galaxy Note7 ဖုန်းတွေကို အမေရိကန်တွင် Samsung စတင်လဲလှယ်ပေးမည်။


မနေ့က ထုတ်ပြန်ခဲ့တဲ့ တစ်ကမ္ဘာလုံးက Galaxy Note 7 တွေကို ပြန်လည်သိမ်းယူမယ့် အစီအစဉ်အတွက် အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ Note 7 ဖုန်းတွေကို ဘယ်လိုလဲလှယ်ပေးမယ်ဆိုတဲ့ ကြေငြာချက်တစ်ရပ်ကို Samsung က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ ဒီလဲလှယ်ရေးပရိုဂရမ်အရ Samsung ဟာ အသုံးပြုသူတွေကို လာမယ့်အပတ်မှာ ဖုန်းအသစ်တွေနဲ့ လဲလှယ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Note 7 အသုံးပြုသူတွေအနေနဲ့ Samsung ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ ပြောကြားချက်အရ လဲလှယ်တဲ့ ပရိုဂရမ်ဟာ အမျိုးအစားနှစ်မျိုးနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။
၁) လက်ရှိ Galaxy Note7 ကို Galaxy Note7 အသစ်တစ်လုံးနဲ့ အစားထိုးလဲလှယ်ပေးခြင်း (လာမည့်အပတ်အမှီ)
၂) လက်ရှိ Galaxy Note7 အတွက် Galaxy S7 ဒါမှမဟုတ် Galaxy S7 edge နဲ့ အစားထိုးလဲလှယ်ပေးပြီး ပစ္စည်းအမျိုးအစားကွာဟချက်အတွက် Note7 ရဲ့ဘယ်လို Accessories ပစ္စည်းမျိုးတွေကိုမဆို လက်ဆောင်အနေနဲ့ ရယူနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။
samsung-galaxy-note-7-1
အသုံးပြုသူတွေအနေနဲ့ လဲလှယ်ဖို့အတွက် ဖုန်းခေါ်ဆိုမှု Mail ပို့ပေးမှုတွေနဲ့ ဆက်သွယ် အကြောင်းကြားနိုင်တာ ဖြစ်ပါတယ်။ ထပ်ပေါင်းအနေနဲ့ ထိခိုက်နစ်နာသွားတဲ့ အသုံးပြုသူတွေအနေနဲ့ ဖုန်းတွေအတွက် ၂၅ဒေါ်လာ ထပ်မံရရှိမှာဖြစ်ပြီး ၂၅ဒေါ်လာတန် ဖုန်းဘေလ်ဒါမှမဟုတ် ၂၅ဒေါ်လာတန် လက်ဆောင်ကဒ်တွေကို ရရှိမှာဖြစ်ပါတယ်။
Smasung အနေနဲ့ Galaxy Note7 ဖုန်းတွေကို ဘက်ထရီပိုင်းချွတ်ယွင်းမှုကြောင့် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Galaxy Note7 ဖုန်းတွေပြန်လည် သိမ်းယူဖို့ စီစဉ်နေတာဖြစ်ပြီး ထုတ်လုပ်မှုကိုလည်း လတ်တလောမှာ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
Ref: The Verge
Share
Banner

ကိုမိုး

Post A Comment:

0 comments: